လက်ပံတောင်း ကြေးနီစီမံကိန်းက အက်ဆစ်ငွေ့ကြောင့် ပျက်စီးသွားတဲ့ သီးနှံတွေအတွက် လျော်ကြေးရရေးဆန္ဒပြ

လက်ပံတောင်း၊ဒီဇင်ဘာ-၅-၂၀၁၈

ဗျဂ္ဃ (VOM)

စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကနေ အောက်တိုဘာလ ၃၀ ရက်နေ့က စီမံကိန်းဧရိယာအတွင်း အက်ဆစ်ဖျန်းခဲ့တာကြောင့် စီမံကိန်းအနီးက နှမ်း၊ ပဲစင်းငုံ၊ ပြောင်း၊ ပဲတီစိမ်း စတဲ့ သီးနှံစိုက်ခင်းတွေအပြင် ကွမ်းခြံတွေပါ ပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်ခဲ့တာကို လျော်ကြေးငွေရရေးအတွက် ဒီဇင်ဘာလ ၅ ရက်နေ့က မြန်မာ ဝမ်ပေါင် ကုမ္ပဏီရှေ့မှာ ဒေသခံ၁၅၀ခန့်က ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြပွဲမှာ ဒေသခံတွေက စုံစမ်းစစ်ဆေးရေးအစီရင်ခံစာ မလိုက်နာတဲ့စီမံကိန်း ချက်ချင်းရပ်၊ နယ်ချဲ့တရုတ်ဝမ်ပေါင်နှင့် ဦးပိုင် အလိုမရှိ၊လူသတ် မြေသိမ်း ကြေးနီစီမံကိန်း ဖျက်သိမ်းရေး၊ ပတ်ဝန်းကျင်ထိခိုက်စေတဲ့စီမံကိန်း အရေးယူပေးရေး၊ သီးနှံလျော်ကြေး၊ နစ်နာကြေး အမြန်ဆုံးရရှိရေး စတဲ့ ကြွေးကြော်သံတွေကို ကြွေးကြော်ခဲ့ကြပါတယ်။

 

#voiceofmyanmar#လက်ပံတောင်း#ကြေးနီစီမံကိန်းကအက်ဆစ်ငွေ့ကြောင့်ပျက်စီးသွားတဲ့ သီးနှံတွေအတွက်လျော်ကြေးရရေးဆန္ဒပြ#

Related posts

Leave a Comment

VOM News

FREE
VIEW