အင်းတော်မြို့တွင် အကိုအရင်းဖြစ်သူက ညီမ ကို အဓမ္မပြုကျင့်

အင်းတော် ဒီဇင်ဘာ ၈-၂၀၁၈

VOM

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် မှာ ဒီဇင်ဘာလ ၆ ရက်နေ့က အကို အရင်း ဖြစ်သူက အသက်(၁၂)အရွယ် ညီမ ဖြစ်သူကို မိဘတွေမရှိတဲ့ အချိန်မှာ ညီမဖြစ်သူရဲ့ နေအိမ်အိပ်ခန်းအတွင်းဝင်ရောက်ကာ အဓမ္မကျင့်မှု ဖြစ်ပွားခဲ့တယ်လို့ မော်လူးနယ်မြေ ရဲစခန်းကနေ သိရပါတယ်။

“ ဒီကိစ္စကို အသေးစိတ်စစ်ဆေးတာတွေ လုပ်နေပါတယ် “လို့ မော်လူးနယ်မြေရဲစခန်း မှ ရဲအုပ် မင်းသိန်းထွန်း က ပြောပါတယ်။

ဒီလို ဖြစ်ပွားတာ နဲ့ ပတ်သတ်ပြီး အကို ဖြစ်သူ မြင့်နိုင်ဦး ၁၈ နှစ်ကို မော်လူးနယ်မြေ ရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းကာ (ပ)၄၃/၂၀၁၈ ရာဇသတ်ကြီးဥပဒေပုဒ်မ- ၃၇၆ နဲ့ အမှုဖွင့်အရေးယူထားပါတယ်။

#voiceofmyanmar#အင်းတော်#သက်ငယ်မုဒိန်း#

Related posts

Leave a Comment

VOM News

FREE
VIEW