တိုင်းမ်မဂ္ဂဇင်းရဲ့Person of the Year 2018 ဆုမှာ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ပါဝင်

နယူးယောက်၊ ဒီဇင်ဘာ ၁၂-၂၀၁၈

မျိုးဆက် (VOM)

တိုင်းမ်မဂ္ဂဇင်းရဲ့ တစ်နှစ်တာ လူပုဂ္ဂိုလ်ဆု Person of the Year 2018 ကိုကြေညာရာမှာ The Guardians ဆိုတဲ့ ခေါင်းစဉ်နဲ့ဂုဏ်ပြုဆုအတွက် မြန်မာနိုင်ငံမှာ ထိန်းသိမ်းခံထားရတဲ့ ရိုက်တာသတင်း ထောက်နှစ်ဦးအပါအ၀င် သတင်းသမားလေးဦးနဲ့ သတင်းစာတစ်စောင်တို့ပါဝင်ခဲ့ပါတယ်။

Person of the Year 2018 ကို ဒီဇင်ဘာ ၁၁ ရက်ကကြေညာရာမှာ ကိုဝလုံး၊ ကိုကျော်စိုးဦး၊ အသတ်ခံခဲ့ရတဲ့ ဆော်ဒီသတင်းထောက် ဂျမယ်ခါရှိုဂီနဲ့ အဖမ်းခံထားရတဲ့ ဖိလစ်ပိုင် သတင်းစာဆရာ မာရီယာရက်ဆောအပြင် အမေရိကန်နိုင်ငံ မေရီလန်းပြည်နယ် အန်နာပိုလစ်မြို့အခြေစိုက် ကယ်ပီတယ်ဂေဇက် သတင်းစာတို့ ပါဝင်ပါတယ်။

ဆော်ဒီသတင်ထောက် ခါရှိုဂီမှာ ၀ါရှင်တန်ပို့စ် သတင်းစာတွင် လုပ်ကိုင်နေသူဖြစ်ပြီး တူရကီနိုင်ငံ အစ္စတန်ဘူမြို့ရှိ ဆော်ဒီကောင်စစ်ဝန်ရုံးအတွင်းအသတ်ခံခဲ့ရသူဖြစ်ပြီး ကိုဝလုံးနဲ့ ကိုကျောစိုးဦးတို့ကတော့ ရခိုင်ပြည်နယ် ဘင်္ဂါလီအရေးမှာ သတင်းရယူနေစဉ် အစိုးရလျှို့ဝှက် အက်ဥပဒေ ချိုးဖောက်မှုနဲ့ဖမ်းဆီးခံထားရတယ်ဖြစ်ပါတယ်။

ဖိလစ်ပိုင်သတင်းစာဆရာ မာရီယာရက်ဆာကတော့ ဖိလစ်ပိုင်သမ္မတ ဒူတာတေးရဲ့ အပြင်းပွားဖွယ်မူဝါဒ တွေကို ဝေဖန်ခဲ့တာကြောင့် အဖမ်းခံရသူဖြစ်ပါတယ်။ ကယ်ပီတယ်ဂေဇက်သတင်းစာမှာ ဇွန်လအတွင်းက သေနတ်သမားတစ်ဦးရဲ့ ပစ်ခတ်မှုကြောင့် သတင်းဌာနက လူငါးဦးသေဆုံးခဲ့ရတဲ့ သတင်းစာဖြစ်ပါတယ်။

တိုင်းမ်ကမဂ္ဂဇင်းသည် Person of the Year ဆုကို ၁၉၇၂ ခုနှစ်ကတည်းက စတင်ချီးမြှင့်ခဲ့ပြီး ယမန်နှစ်ကတော့  အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေကို ထုတ်ဖော်ခဲ့ကြသူများအား Person of the Year အဖြစ် ရွေးချယ်ကြေညာခဲ့ပါတယ်။

#voiceofmyanmar# ကိုဝလုံးနဲ့ကိုကျော်စိုးဦး#တိုင်းမ်မဂ္ဂဇင်းရဲ့PersonoftheYear2018ဆုမှာပါဝင်#

Ref :AP

Photo : Time

Related posts

Leave a Comment

VOM News

FREE
VIEW