ယခုနှစ်ကုန်ပိုင်းတွင် တောင်ကိုရီးယားသို့ ကင်ဂျုံအန်လာရောက်နိုင်ဖွယ်မရှိတော့

ဆိုးလ်၊ ဒီဇင်ဘာ-၁၂

မျိုးဆက် (VOM)

မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်ဟာ  ယခုနှစ်ကုန်ပိုင်းမှာ တောင်ကိုရီးယားကို လာရောက်နိုင်ဖွယ် မရှိတော့ဘူးလို့ တောင်ကိုရီးယားသမ္မတ အိမ်တော်တာဝန်ရှိသူတစ်ဦးက ယွန်ဟက်သတင်းဌာနကို ဒီဇင်ဘာ ၁၂ ရက်မှာ ပြောပါတယ်။

လုံခြုံရေးအခြေအနေစိုးရိမ်ပူပန်မှု၊ ပြည်တွင်းနိုင်ငံရေးအခြေအနေ၊ အမေရိကန်နဲ့ ထိပ်သီးဆွေးနွေးပွဲအတွက် ကြိုတင်ပြင်ဆင်နေတာတွေလိုမျိုး စိန်ခေါ်မှုအနည်းငယ်ကြောင့် ယခုနှစ်မှာ  တောင်ကိုရီးယားနိုင်ငံ မြို့တော်ဆိုးလ်သို့ ကင်ဂျုံအန် လာရောက်နိုင်ဖွယ်မရှိတော့တာဖြစ်တယ်လို့ ၎င်းကဆိုပါတယ်။

လွန်ခဲ့တဲ့  စက်တင်ဘာလက ထိပ်သီးဆွေးနွေးပွဲအတွက် မြောက်ကိုရီးယားနိုင်ငံ မြို့တော် ပြုံးယမ်းကို တောင်ကိုရီးယားသမ္မတ မွန်ဂျေးအင် သွားရောက်ခဲ့ရာမှာ ကင်ဂျုံအန်အား တောင်ကိုရီးယားကို လာရောက်ဖို့ ဖိတ်ခေါ်ခဲ့တာဖြစ်ပါတယ်။  ယခုတစ်ပတ်အတွင်းကလည်း ဆိုးလ်ကို ကင်ဂျုံအန်လာရောက်ဖို့ တောင်ကိုရီးယားက ဖိတ်ကြားမှုတစ်ရပ်ပေးပို့ခဲ့ပေမယ့် မြောက်ကိုရီးယားဘက်က အကြောင်းပြန်ခြင်း မရှိခဲ့ပါဘူး။

လာမယ့် နှစ်ဆန်းပိုင်းမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ ထိပ်သီးဆွေးနွေးပွဲအတွက် စတင်ပြင်ဆင်နေကတည်းက ယခုနှစ်ကုန်မတိုင်မီ တောင်ကိုရီးယားသို့ ကင်ဂျုံလာရောက်ဖို့ ကိစ္စမှာ လွယ်ကူနိုင်ဖွယ်မရှိတော့ဘူးလို့ အခြားတောင်ကိုရီးယားတာဝန်ရှိသူတစ်ဦးကလည်းပြောပါတယ်။

၂၀၁၉ ခုနှစ် ဇန်န၀ါရီ သို့မဟုတ် ဖေဖော်ဝါရီလမှာ  မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နဲ့ ဒုတိယအကြိမ်ထိပ်သီးဆွေးနွေးပွဲကျင်းပနိုင်ဖွယ်ရှိတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အစောပိုင်းမှာ ထုတ်ဖော်ပြောကြားထားပြီး ၎င်းတို့နှစ်ဦးအကြား ပထမအကြိမ် ထိပ်သီးဆွေးနွေးပွဲကို ဇွန်လအတွင်းက စင်ကာပူနိုင်ငံမှာ ကျင်းပခဲ့တာဖြစ်ပါတယ်။

#voiceofmyanmar#ကင်ဂျုံအန်#ယခုနှစ်ကုန်တောင်ကိုရီးယားသို့လာရောက်နိုင်ဖွယ်မရှိတော့#

Ref : UPI

Photo : Yonhap

Related posts

✕
VOM News

FREE
VIEW