ဖောင်းပြင်မြို့၌ မိန်းမဖြစ်သူက ခင်ပွန်း ကို တုတ်ဖြင့် ရိုက်သတ်မှုဖြစ်ပွား

ဖောင်းပြင် ဒီဇင်ဘာ ၃၁-၂၀၁၈
မိုင်​ချယ်​ရီ(VOM)

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ သရက်ကုန်းကျေးရွာမှာ ဒီဇင်ဘာလ ၃၀ ရက်နေ့ ညနေပိုင်း အချိန်က မူးယစ်ဆေးဝါးဝယ်ရန် ပိုက်ဆံတောင်းရာ ပိုက်ဆံမပေးတဲ့ မိန်းမ ကို ရန်ရှာလည်ပင်းညှစ်တဲ့ ခင်ပွန်း ဖြစ်သူကို မိန်းမဖြစ်သူက တုတ်နဲ့ ရိုက်သတ်တဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့တယ်လို့ ဖောင်းပြင်မြို့မရဲစခန်း ကနေ သိရပါတယ်။

ခင်ပွန်းဖြစ်သူ တောင်းတဲ့ ငွေကို မပေးတာကြောင့် ခင်ပွန်းဖြစ်သူ က မိန်းမဖြစ်သူ ကို လည်ပင်းညှစ်ပြီး လက်သီးနဲ့ ထိုးတာကြောင့် သစ်သားထင်းချောင်းနဲ့ ခင်ပွန်းဖြစ်သူကို ရိုက်လိုက်ရာကနေ ခင်ပွန်းဖြစ်သူ ရဲ့ ဦးခေါင်း နောက်စေ့ပြဲဒဏ်ရာ ၊ညာဖက် အပေါ်နှုတ်ခမ်းပေါက်ပြဲ ဒဏ်ရာ ၊ ဘယ် ညာ အပေါ်မျက်ခုံး ချိုင့်ဝင် ဒဏ်ရာ ၊နဖူးပေါက်ပြဲ ဒဏ်ရာတွေ ရရှိပြီး အရိုက်ခံရတဲ့ နေရာမှာ နေအိမ်ရဲ့ အိမ်ရှေ့(ဧည့်ခန်း) မှာ သေဆုံးခဲ့တာ ဖြစ်ပါတယ်​။

ဒီဖြစ်စဉ်နဲ့ပတ်က်ပြီး ဒေါ်မိစိန် အသက်​(၄၇)နှစ်​ ကို ဖောင်းပြင်မြို့မ ရဲစခန်း မှာ (ပ)၁၁၂/၂၀၁၈ ၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ နဲ့ အမှုဖွင့် အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။

#voiceofmyanmar#​ဖောင်းပြင်​#မိန်းမဖြစ်​သူကခင်​ပွန်းကိုရိုက်​သစ်​#

Related posts

Leave a Comment

VOM News

FREE
VIEW