ဗျူဟာပြောင်းသင့်တဲ့ အန်အယ်လ်ဒီ

နိုဝင်ဘာ ၄၊ ၂၀၁၈ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲဟာ  နိုဝင်ဘာ ၃ရက်နေ့က အောင်မြင်အေးချမ်းစွာနဲ့ ပြီးဆုံးသွားခဲ့ပါတယ်။ အောင်မြင်တယ်ဆိုတာကလည်း  မဲဆန္ဒရှင်ဘယ်လောက်လာမှ အောင်မြင်တယ်ဆိုတဲ့ သတ်မှတ်ချက် မရှိလို့သာ အောင်မြင်တယ်လို့ ပြောရတာပါ။ ဥပမာ လွှတ်တော်တို့ အစည်းအဝေးတို့မှာ စည်းဝေးတက်ရောက်ခွင့်ရှိသူ ၅၀ ရာနုန်းကျော်မှ အထမြောက်တယ်ဆိုတာမျိုးသာ သတ်မှတ်ထားရင် ဒီရွေးကောက်ပွဲ အထမမြောက်ဘူးဆိုတာ ဖြစ်လာမှာပါ။ တကယ်တမ်းလက်ရှိအခြအနေမှာ မဲရုံတွေကိုမဲလာပေးဖို့ မဲဆန္ဒရှင်တွေက စိတ်မပါဘူးဆိုတာ တွေ့ရပါတယ်။ တချို့မဲရုံတွေမှာဆို မဲပေးခွင့်ရှိသူရဲ့ ၁၀ရာနုန်းတောင် မပြည့်တာ တွေတွေ့ရပါတယ်။ မဲလာမပေးသူများတဲ့အတွက် အမာခံပါတီဝင်ရှိတဲ့ ပါတီတွေကသာ အနိုင်ရတယ်ဆိုတာတွေ့ရမှာပါ။ ခုရွေးကောက်ပွဲ ၁၃ နေရာကျင်းပတာမှာ အန်အယ်လ်ဒီဟာ ရန်ကုန်တိုင်း တာမွေ၊ မန္တလေးတိုင်း မြင်းခြံ၊ မန္တလေးတိုင်း သပိတ်ကျင်း၊ မန္တလေးတိုင်း ရှမ်းတိုင်းရင်းသားရေးရာ၊ ပဲခူးတိုင်းအုတ်တွင်း ၊ မကွေးတိုင်း မင်းဘူး နဲ့ ချင်းပြည်နယ် ကန်ပက်လက်မှာဘဲ…

Read More

၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲ နောက်ဆုံးအခြေအနေ

ရွေးကောက်ပွဲကော်မရှင်တွေက အချက်လက်မပြည့်စုံသေးလို့ မကြေညာသေးပေမယ့် Voice Of Myanmar က စုံစမ်းထားတဲ့ အောက်ခြေပါတီတွေရဲ့ ကနဦးသတင်းပေးပို့ချက် နောက်ဆုံး အခြေအနေအရတော့  ပြည်သူ့လွှတ်တော် အတွက် လစ်လပ်နေရာတွေဖြစ်တဲ့ ချင်းပြည်နယ် ကန်ပက်လက်မှာ လက်ရှိအခြေအနေရ အန်အယ်ဒီပါတီက မသွေမကွာ ဦးဆောင်နေသလို ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီက ကပ်လိုက်နေပါတယ်။ ဆက်သွယ်ရေးမကောင်းတဲ့ရွာတွေက မဲလက်မှတ်တွေ ကျန်နေပါသေးတယ်။ မန္တလေးတိုင်းမြင်းခြံအခြေအနေကတော့ အန်အယ်လ်ဒီ အောက်ခြေပါတီဝင်တွေရဲ့ ပေးပို့ချက်တွေအရ အန်အယ်လ်ဒီက အပြတ်အသတ်အသာရသွားပါတယ်။ ရန်ကုန်တိုင်း တာမွေမှာလည်း ထိုနည်း၎င်းပါဘဲ အန်အယ်လ်ဒီအနိုင်ရဖို့ရှိပါတယ်။ ရှမ်းပြည်နယ် လဲချားမှာတော့ ကျားခေါင်းပါတီက အသာစီးရပြီး အောင်ပွဲခံနေတာတွေကို မြင်တွေ့ရပါတယ်။   ကချင်ပြည်နယ် အမျိုးသားလွှတ်တော်အမှတ် ၂ နေရာ မြစ်ကြီးနား မဲဆန္ဒနယ်မှာတော့   ပြည်ခိုင်ဖြိုးပါတီက အန်အယ်လ်ဒီနဲ့ ကချင်ဒီမိုကရက်တစ်ပါတီ ( KDP) တွေရဲ့ မဲရလာဒ်ထက် ၅ထောင်အသာစီးရနေပါတယ်။   တိုင်းဒေသကြီးနဲ့…

Read More

ပထမဆုံးအကြိမ် လီဆူလူငယ်ညီလာခံမှာ လူငယ်နဲ့ မူးယစ်ဆေးကိစ္စဆွေးနွေး

မိုးကုတ် နိုဝင်ဘာ ၂  ၊ ၂၀၁၈ ဟိန်းကို(VOM) မန္တ​လေးတိုင်း​ မိုးကုတ်​မြို့မှာရှိတဲ့ လီဆူတိုင်းရင်းသားလူငယ်​​တွေမှာ မူးယစ်​​ဆေးဝါး သုံးစွဲမှု​တွေများ​နေတာရယ်​၊ အလုပ်​ကိုင်​အခွင့်​အလမ်း နဲ့ စီးပွား​ရေး လုပ်​ကိုင်​မှု​တွေ ​နောက်​ကျ​နေတာရယ်​၊ အစိုးရ၀န်​ထမ်း လုပ်​ကိုင်​လာသူ နည်းပါးလာမှု​တွေ​ကို ယ​နေ့ ​နိုဝင်​ဘာ(၂)ရက်​​နေ့ မိုးကုတ်​မြို့မှာ ပြုလုပ်​တဲ့ ပထမအကြိမ်​ လီဆူလူငယ်​ညီလာခံ မှာ ​ထည့်​သွင်း​ဆွေး​နွေးခဲ့တယ်​လို့ မြန်​မာနိုင်​ငံလုံးဆိုင်​ရာ လူငယ်​ညီလာခံဖြစ်​​မြောက်​​ရေး ​ကော်​မတီဝင်​ ဦးချွမ်​ရဲ​အောင်​ က ​​ပြောပါတယ်​။ အဲဒီ ညီလာခံက ထွက်​ရှိမယ့် ရလာဒ်တွေကို ဒီဇင်​ဘာလအတွင်း ကချင်​ပြည်​နယ်​ မြစ်​ကြီးနားမြို့မှာ ကျင်းပပြုလုပ်မယ့်​ နိုင်​ငံလုံးဆိုင်​ရာ တိုင်းရင်းသားညီလာခံကို တင်​ပြသွားမှာဖြစ်​တယ်​လို့ သိရပါတယ်​။

Read More

အချစ်တခုနဲ့ ဘဝလမ်းတူတူလျှောက်ကြတော့မယ့် ရွှေထူးနဲ့ ရွှေမှုံရတီ

Glory (VOM) ပရိသတ်စိတ်ဝင်စားနေတဲ့ အကြောင်းအရာကတော့ မကြာမီလက်ထပ်တော့မယ်လို့ အသိပေးလိုက်တဲ့ အဆိုတော်ရွှေထူးနဲ့ ရွှေမှုံရတီတို့ နှစ်ဦးရဲ့မင်္ဂလာပွဲသတင်းပဲ ဖြစ်ပါတယ်။ ရွှေထူးနဲ့ ရွှေမှုံရတီတို့နှစ်ဦးက ချစ်သူဖြစ်ပြီး မကြာခင်မှာပဲ လက်ထပ်တော့မယ်လို့ ပရိသတ်ကို အသိပေးပြောဆိုလိုက်တဲ့အခါမှာ နှစ်ဦးစလုံးရဲ့ ပရိသတ်တွေက အံ့သြသင့်ခဲ့ရတာ ဖြစ်ပါတယ်။ မင်္ဂလာပွဲနေ့ကို လာမယ့် နိုဝင်ဘာ ၁၁ ရက်နေ့မှာ ရန်ကုန်မြို့မှာ ရှိတဲ့ အင်းယားလိတ်ဟိုတယ်မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ရွှေထူးနဲ့ ရွှေမှုံရတီတို့ဟာ ဧည့်သည်ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို အတူတူရိုက်ကူးရင် ဆုံစည်းခဲ့ကြတာဖြစ်ပါတယ်။ ဒါဟာလည်း ဒီနှစ် ဇွန်လပိုင်းလောက်ဖြစ်ပြီး သိပ်မကြာခင်မှာပဲ ချစ်သူတွေဖြစ်ပြီလို့ ပရိသတ်ကို အတိအလင်းကြေညာခဲ့ကြပါတယ်။ ရွှေထူးကတော့ လက်ရှိမှာအသက် ၂၇နှစ်ရှိပြီဖြစ်ပြီး ဂီတလောကမှာ လူငယ်ပရိသတ်များစွာရဲ့ လက်ခံအားပေးမှုကို ရရှိထားတဲ့ အဆိုတော်တဦးဖြစ်ပြီး ရွှေမှုံရတီက အသက် ၂၀ရှိပြီဖြစ်ကာ မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးတဦးလည်းဖြစ်ပါတယ်။ အဲဒီအချိန်တုန်းကလည်း ရွှေထူးနဲ့ ရွှေမှုံရတီတို့နှစ်ဦးစလုံးက…

Read More

မိုးကုတ်​မြို့မှာ ပထမဦးဆုံးအကြိမ်​ လီဆူလူငယ်​ညီလာခံကျင်းပ

မိုးကုတ် နိုဝင်ဘာ ၂ ၊ ၂၀၁၈ ဟိန်းကို(VOM) မန္တ​လေးတိုင်း​ဒေသကြီး၊ မိုးကုတ်​မြို့ အ​နောက်​ပိုင်းက သိနာ​တောင်​ လီဆူနှစ်​ချင်းခရစ်​ယာန်​ ဘုရား​ကျောင်းမှာ ယ​နေ့၊​နိုဝင်​ဘာ(၂)ရက်​​နေ့ နံနက်​(၉)နာရီကစပြီး ပထမအကြိမ်​ မန္တ​လေးတိုင်း​ဒေသကြီး လီဆူလူငယ်​ညီလာခံ ကို ကျင်း​ပ​နေပါတယ်​။ ညီလာခံကို နိုဝင်​ဘာ(၂)ရက်​​နေ့ နဲ့ နိုဝင်​ဘာ(၃)ရက်​ နှစ်​ရက်​တာကျင်းပသွားမှာ ဖြစ်​ပါတယ်​။                                                  

Read More

MPU ၏ အမှုဆောင်အရာရှိချုပ် ဦးဇော်လင်းထွဋ်နှင့် တွေ့ဆုံခြင်း

ကျော်ဆုမွန် မြန်မာနိုင်ငံတွင် အေတီအမ်ကတ်များထုတ်လုပ်နေသည့် ပုဂ္ဂလိကဘဏ်များဖွဲ့စည်းထားသည့် ငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းဖြစ်သည့် Myanmar Payment Union တွင် ယခုအခါ အဖွဲ့ဝင်ဘဏ်စုစုပေါင်း ၂၄ ခုထိရှိလာပြီဖြစ်သည်။ မြန်မာပြည်သူတို့၏ နေ့စဉ်လူနေမှုဘ၀တွင် အသုံးပြုမှုများပြားလာသည့်  credit card, debit card များနှင့်ပတ်သက်ပြီး လက်ရှိ MPU ကဆောင်ရွက်နေသည့် ၀န်ဆောင်မှုများအကြောင်းကို အမှုဆောင်အရာရှိချုပ်ဖြစ်သူ ဦးဇော်လင်းထွဋ်က ယခုလိုပြောကြားခဲ့သည်။ မေး- ခုဆိုရင် ခရက်ဒစ်ကတ်တွေထုတ်လာတာ၂နှစ်နီးပါးရှိပြီဆိုတော့ သုံးစွဲသူတွေထဲမှာလည်း တော်တော်များများသိနေကြပါပြီ။ ဒီလိုလူသိများလာပေမယ့် လူတိုင်းတော့ ခရက်ဒစ်ကတ်က မကိုင်နိုင်သေးဘူး။တခြား အေတီအမ်ကတ်တွေနဲ့ယှုဉ်ရင် ပမာဏနည်းသေးတာဘာကြောင့်လဲ။ သုံးစွဲသူတွေဘက်ကကော ဘာကြောင့် တုန့်ဆိုင်းမှုတွေဖြစ်နေတာရှိပါသလဲ။ ဖြေ- ခရက်ဒစ်ကတ်တွေကို လျှောက်တဲ့သူတွေကတော့များတယ်။ များတယ်ဆိုတာက အဓိကက အကြွေးဆိုရင် အကုန်လုံးကလိုနေကြတာ။ ဒါပေမယ့် ခရက်ဒစ်ကတ်ထုတ်ပေးတဲ့ ဘဏ်တွေက လူတိုင်းကိုမပေးရဲဘူး။ မြန်မာနိင်ငံမှာက ခရက်ဒစ် ဗျူရိုကလည်း မရှိသေးဘူးလေ။ တစ်ယောက်တည်းနဲ့ ကတ်တွေအများကြီးရှိနေရင် နောက်ပိုင်း…

Read More

ABSDF ကျောင်းသားတပ်မတော် နှစ် ၃၀ပြည့်

လိုင်ဇာ နိုဝင်ဘာ ၁ရက် ၂၀၁၈ Voice Of Myanmar   ဒီကနေ့ နိုဝင်ဘာ ၁ရက်နေ့ဟာ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး တည်ထောင်ခြင်း နှစ် ၃၀ ပြည့်တဲ့နေ့ဖြစ်ပါတယ်။ ဒါ့ကြောင့် နှစ် ၃၀ပြည့်အခမ်းအနားကို ကျောင်းသားတပ်မတော်မြောက်ပိုင်းက ဦးဆောင်ပြီး ကချင်ပြည်နယ် လိုင်ဇာ မနောကွင်းမှာ ကျင်းပပြုလုပ်နေပါတယ်။                                    

Read More

ဇလုံတောင် တောင်တက် ကားများ ယခင်နှစ်ထက် ကားအစီးရေ ပိုပြေးဆွဲမည်

  ဗန်းမောက် အောက်တိုဘာ ၃၁ တာရာ စစ်ကိုင်းတိုင်း  ကသာခရိုင် ဗန်းမောက်မြို့မှာရှိတဲ့ ဇလုံ တောင်တော်ပေါ်သို့ တက်ရောက်မည့် တောင်တက်ကားအစီးအရေကို  ပြီးခဲ့တဲ့ နှစ်ထက် ပိုမိုပြေးဆွဲပေးသွားမည် ဖြစ်ကြောင်း  ဇလုံတောင် တောင်တက်ကား အသင်းက သိရပါတယ်။ ပွင့်လင်းရာသီ ရောက်ရှိပြီး ဇလုံ တောင်တော်ပေါ် ကားများနဲ့ သွားရောက်ဖူးမြော်နိုင်ပြီ ဖြစ်တဲ့အတွက် ဒီနေ့ နံနက်ပိုင်းမှာတော့ ဇလုံတောင် တောင်တက်ကားအသင်းရဲ့ ဂိတ်ဖွင့်ပွဲ အခမ်းအနားကို  ကန်သာယာ ယာယီယာဉ်ရပ်နားစခန်းမှာ ပြုလုပ်ခဲ့ပြီး  ဒီနေ့က စပြီး တောင်တက်ကားတွေကို စတင်ပြေးဆွဲ ပေးနေပြီ ဖြစ်ပါတယ်။ ”အရင်ဂိတ်ဟောင်းမှာပဲ  ဒီနေ့ ဖွင့်ပွဲ လုပ်ပြီး တောင်တက်ကားတွေကို စတင်ပြေးဆွဲပေးနေပါပြီး။ကျွန်တော်ဆီမှာ စာရင်းပေးထားတာ ကားအစီးရေ ၁၂၀ လောက်တော့ရှိနေပြီး ဒီနှစ် ကားအစီးရေ ၁၅၀ ခန့် ရှိမယ် ထင်တယ်။ကားခနှုန်းထားတွေကလည်း အရင်နှစ်အတိုင်းပါပဲ “ဟု…

Read More

တိုက်ပွဲတွေ ပြင်းထန်လာလို့ စစ်ဘေးရှောင် ၁၄၀၀ ကျော် လားရှိုးမြို့ပေါ်ရောက်

လားရှိုး အောက်တိုဘာ ၃၁၊ ၂၀၁၈ လားရှိုးမြို့နယ်နဲ့ နမ္မတူမြို့နယ်အတွင်းမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေ ပြင်းထန်လာနေတာကြောင့် စစ်ဘေးရှောင်ပြည်သူတွေ ထောင်ချီပြီး လားရှိုးမြို့ပေါ်ကို ရောက်လာနေပါတယ်။ လားရှိုးမြို့နဲ့ ၁၃ မိုင်အကွာက အီနိုင်းကျေးရွာအုပ်စုအနီးတဝိုက်မှာ ဖြစ်နေတဲ့ RCSS/SSA နဲ့ SSPP/SSA တို့ ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံတွေဟာ ရွာနီးချုပ်စပ်က ဘုန်းတော်ကြီးကျောင်းနဲ့ ခရစ်ယာန် ဘုရားကျောင်းတွေမှာ ခိုလှုံနေကြရာကနေ လားရှိုးမြို့ပေါ်ကို ပြောင်းရွှေ့လာကြတာပါ။ ဒါ့အပြင် လားရှိုး-နမ္မတူ သွားရာလမ်းအနီးတဝိုက်က ဒေသတွင်းမှာ ဖြစ်နေတဲ့ RCSS/SSA၊ SSPP/SSA နဲ့TNLA တို့အကြား တိုက်ပွဲတွေဟာလည်း မပြီးသေးတာကြောင့် အဲ့ဒီဒေသက စစ်ဘေးရှောင်ပြည်သူတွေပါ လားရှိုးမြို့ပေါ်ကို ရောက်လာကြပါတယ်။ လားရှိုးမြို့ပေါ်က မန်ဆူဘုန်းတော်ကြီးကျောင်း၊ ကချင်နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းနဲ့ ရိုမန်ကက်သလစ်ဘုရားကျောင်းတွေမှာ လာရောက်ခိုလှုံ နေသူ စုစုပေါင်း ၁၄၀၀ ကျော်ရှိနေပြီလို့ စစ်ဘေးရှောင်တွေကို ကူညီနေသူတွေက ပြောပါတယ်။…

Read More
VOM News

FREE
VIEW