အသက်မပြည့်သေးတဲ့ ဆိုင်ဝန်ထမ်းကို ဆိုင်ရှင်ဆိုသူက အလိုမတူဘဲ အဓမ္မပြုကျင့်

အောက်တိုဘာ ၂၆၊ ၂၀၁၈   ဗျဂ္ဃ စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်၊ မောင်းကုန်းကျေးရွာ လဖက်ရည်ဆိုင်မှာ အလုပ်သမားအဖြစ် ဝင်ရောက်လုပ်ကိုင်နေတဲ့ အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ်ကို အိမ်ထောင်ရှိ ဆိုင်ရှင် အမျိုးသားဖြစ်သူက အလိုမတူဘဲ သားမယားပြုကျင့်ခဲ့လို့ အောက်တိုဘာ ၂၅ ရက်နေ့က ထီးချိုင့်မြို့မရဲစခန်းကို ဖခင်ဖြစ်သူက တိုင်တန်းခဲ့ပါတယ်။ “တရားခံကတော့ ထွက်ပြေးနေတယ်။ ဖမ်းဆီးရမိခြင်းမရှိသေးဘူး။ သူ့မိဘတွေတော့ အကြောင်းကြားထားတယ်။ ပြန်အပ်ပေးဖို့။ တရားခံဖမ်းဆီးရမိရေး သက်ဆိုင်ရာ ရဲတပ်ဖွဲ့တွေနဲ့ ချိတ်ဆက်ဆောင်ရွက်နေပါတယ်။”လို့ စခန်းမှုး ဒုရဲမှုး ဘချစ်က ပြောပါတယ်။ အလိုမတူဘဲ အဓမ္မပြုကျင့်သူက မောင်းကုန်းကျေးရွာနေ အောင်မြန်မာ လဖက်ရည်ဆိုင်ရှင် အုပ်စိုးမင်း (၂၉ နှစ်/အိမ်ထောင်ရှိသူ)လို့ သိရပြီး လတ်တလောမှာ ထွက်ပြေးတိမ်းရှောင်နေတာပါ။ ရဲတပ်ဖွဲ့မှတ်တမ်းတွေအရ အခင်းဖြစ်တဲ့ အောက်တိုဘာ ၂၁ ရက်နေ့ မနက် ၃ နာရီအချိန်က…

Read More

ဖားကန့်မှာ ကျောက်မိုင်းခွဲရာက ကုမ္မဏီ ဝန်ထမ်းတဦးသေဆုံး

 ဖားကန့် အောက်တိုဘာ -၂၅ – ၂၀၁၈ ဇော်မိုးထက်   ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု ငိုးပင်းမှော်မှာ နိုင်ငံတော်နဲ့အကျိုးတူလုပ်နေတဲ့ ရတနာလင်း ကုမ္မဏီရဲ့ လုပ်ကွက် အမှတ် ( ငိုးပင်း-၁၀) မှာ အားပြင်းကျောက်မိုင်းခွဲတုန်း ဝန်ထမ်းတဦး မောက်တုံး ပိမိကာ သေဆုံးသွားခဲ့ပါတယ်။ ဒီလုပ်ကွက်ကိုတော့ လက်ရှိမှာ နေမင်းကမ္ဘာကုမ္ပဏီက လုပ်ကိုင်နေတာလို့သိရပါတယ်။ သေဆုံးသူဟာ နေမင်းကမ္ဘာကုမ္ပဏီရဲ့ လုပ်ကွက်ကြီးကြပ်ဖြစ်သူ ဦးသိန်းဌေး(ခ) ဦးသိန်းဟန်အသက် (၃၉) နှစ် မြစ်သားမြို့ဇာတိဖြစ်တယ်လို့ ကုမ္ပဏီဝန်ထမ်းတဦးက ခုလိုပြောပါတယ်။ “ဖြစ်စဉ်အမှန်က လုပ်ကွက်တိုင်းနေတာပါ။ ကမ်းပါးမှာဆေးမှုတ်ဖို့အလုပ်မှာအပေါ်ကနေမိုင်းခွဲချလိုက်တာပါ ။ ခရာလည်းမတုပ် စက်နဲ့လည်းမပေါက်ဘဲဒီတိုင်းခွဲချလိုက်တာပါ ။ တိုင်းတာရေးကနှစ်ယောက်က အပြေးမြန်လို့လွှတ်သွားတာပါ ။ သူကလုပ်ကွက်စောင့်တဲ့ကြီးကြပ်ပါ မိုင်းခွဲတယ်ဆိုတာအားလုံးကိုအကြောင်းကြားပြီးမှခွဲကြရတာပါ အခုတော့ပေါ့ဆမှုကြောင့်လူ့အသက်တချောင်းမသေသင့်ပဲသေသွားပြီ ” လို့ အမည်မဖော်လိုတဲ့ မျက်မြင်တွေ့ရှိသူ ကုမ္မဏီဝန်ထမ်းတဦးက ပြောပါတယ် ။ ဦးသိန်းဟန်ဟာ အခင်းဖြစ်နေရာမှာ သေဆုံးတာမဟုတ်ပဲ…

Read More

မုံရွာမြို့ ဆုတောင်းပြည့်မြတ်စွာဘုရား ဗုဒ္ဓပူဇနိယပွဲတော်မှာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ကျော် လုံခြုံရေးချထားမည်

မုံရွာ၊ အောက်တိုဘာ ၂၅၊ ၂၀၁၈ ဗျဂ္ဃ စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရဲ့ နာမည်ကြီးပွဲတော် တခုဖြစ်တဲ့ ဆုတောင်းပြည့်မြတ်စွာဘုရားကြီး ဗုဒ္ဓပူဇနိယပွဲတော်ကို သီတင်းကျွတ်လပြည့်ကျော် ၅ ရက်နေ့ကနေ လကွယ်နေ့ထိ ၁၀ ရက်ကြာ ပြုလုပ်သွားမှာပါ။ အနယ်နယ်အရပ်ရပ်က ဘုရားဖူးလာရောက်သူတွေ၊ ဈေးဝယ်သူတွေ စိတ်အေးချမ်းသာစေဖို့အတွက် ဘုရားကြီးပွဲဈေးအပြင်ဖက်ကနေ ခိုးဆိုးလုနှိုက်၊ မူးယစ်ရမ်းကားတွေကို စိစစ်ကြပ်မတ်သွားမယ်လို့ မြို့နယ်ရဲတပ်ဖွဲ့မှုးက  ပြောပါတယ်။ “ရဲတပ်ဖွဲ့ဝင်အင်အား စုစုပေါင်း ၁၂၀ နဲ့ လုပ်ဆောင်သွားမယ်။ ရဲတပ်ဖွဲ့အပြင် မီးသတ်တပ်ဖွဲ့၊ အရပ်ဖက်အဖွဲ့အစည်းတွေ၊ အန်ဂျီအိုတွေ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီးတော့လည်း အတွင်းစည်း၊ အပြင်စည်း၊ အဝေးစည်းဆိုပြီး နေရာ ၁၃ နေရာခွဲကာ လုပ်သွားပါမယ်။ ပွဲခင်းအတွင်း ခိုးဆိုးလုနှိုက်တွေ မဖြစ်စေဖို့အတွက်လည်း အရပ်ဝတ်ရဲတွေနဲ့ စောင့်ကြည့်သွားမှာဖြစ်ပါတယ်”လို့ မုံရွာမြို့နယ်ရဲတပ်ဖွဲ့မှုး ရဲမှုး ကျော်လှိုင်က ပြောပါတယ်။ ဆုတောင်းပြည့် မြတ်စွာဘုရားကြီး ဗုဒ္ဓပူဇနိယပွဲတော်အပါအဝင် အညာဒေသ ဘုရားပွဲတော်တွေက…

Read More

မီးပုံပျံ ပျက်ကျ၍ အိမ် ၈ လုံး မီးလောင်

မန္တလေး၊ အောက်တိုဘာ ၂၄၊ ၂၀၁၈ ဟိန်းကို မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ရတနာလမ်း နဲ့ မင်္ဂလာလမ်းကြား ၊၅၃လမ်း နဲ့ ၅၄လမ်းကြားရှိ ဒေါ်နီနီအောင် ပိုင်ဆိုင်တဲ့ နေအိမ်အပေါ်ကို မီးပုံးပျံပျက်ကျရာကနေ မီးလောင်တဲ့ဖြစ်စဉ် ယနေ့ အောက်တိုဘာ(၂၄)ရက်၊ ညပိုင်းက ဖြစ်ပွားခဲ့ပါတယ်။ မီးလောင်မှုကို Level 3 အဆင့် သတ်မှတ်ခဲ့ရပြီး၊ အိမ်ခြေ(၈)လုံး မီးလောင်ပျက်စီးမှု တန်ဖိုးငွေ(၈၂)သိန်းခန့် ရှိခဲ့ပါတယ်။ အခုလို မီးလောင်မှုနဲ့ ပတ်သက်ပြီး ဖြစ်စဉ်ကို စိစစ်ဆဲဖြစ်တယ်လို့ ရဲကဆိုပါတယ်။

Read More

မန္တလေး၊ ကျောက်တော်ကြီး ဘုရားပွဲ

မန္တလေး၊ အောက်တိုဘာ ၂၄၊ ၂၀၁၈   အကြိမ်​(၁၃၀)​မြောက်​ ​ကျောက်​​တော်​ကြီးမြတ်​စွာဘုရား ဗုဒ္ဓပူဇနိယပွဲ​တော်ကို မန္တလေးတောင်ခြေ၊ ကျောက်တော်ကြီးဘုရားမှာ စည်ကားသိုက်မြိုက်စွာ ကျင်းပနေပါတယ်။ ဘုရားပွဲတော်​ မြင်ကွင်းများကို တင်ပြလိုက်ပါတယ်။   ဓာတ်ပုံ – ဟိန်းကို                  

Read More

လျှပ်စစ်ကွိုင်မီးဖိုတွင်ဟင်းအိုးတည်ရာမှ မီးလောင်ပြီး သမိုင်းပါမောက္ခ(ငြိမ်း) မီးလောင်သေဆုံး

မန္တလေး  အောက်တိုဘာ -၂၄ -၂၀၁၈ ဟိန်းကို မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် ၊ ၂၆လမ်း နဲ့ ၂၇လမ်းကြား ၊၆၂လမ်း နဲ့ ၆၃လမ်း ကြားရှိ သမိုင်းပါမောက္ခ(ငြိမ်း)ဒေါ်တင်တင်မြင့်နေထိုင်တဲ့ နေအိမ်မှာ ယနေ့ အောက်တိုဘာ(၂၄)ရက် နံနက်(၆)နာရီ(၅၅)မိနစ်အချိန်က လျှပ်စစ်ကွိုင်မီးဖိုနဲ့ ဟင်းအိုးတည်ထားပြီး အိပ်ခန်းကိုပြန်အိပ်ရာက အိပ်ပျော်သွားပြီး မီးဖိုအပူလွန်ကဲကာ မီးလောင်မှုဖြစ်လို့ ဒေါ်တင်တင်မြင့် အသက် ၆၇ နှစ်သေဆုံးခဲ့ပါတယ်။ မီး​လောင်​မှုကို မီး​လောင်​မှုအဆင့်​ Level2သက်​မှတ်​၍ မီးငြိမ်းခဲ့ပြီး မီး​လောင်​မှု​ကြောင့်​ သွပ်​မိုး၊ပျဉ်​​ထောင်​ (၁)ထပ်​​နေအိမ်​မီး​လောင်​၍ ​​တန်​ဖိုး​ငွေ (၁၁)သိန်းခန့်​ဆုံးရှုံးခဲ့တယ်လို့ သက်ဆိုင်ရာက မှတ်ချက်ပြုထားပါတယ်။ မီး​လောင်​မှုဖြစ်​ပွားခဲ့ပြီး ​သေဆုံးသွားခဲ့တဲ့ သမိုင်း​ပါ​မောက္ခ(ငြိမ်း)​ဒေါ်တင်​တင်​မြင့်​​ အသက်​(၆၇)ကို နယ်​​မြေခံ အမှတ်​(၃)ရဲစခန်းက  ( ပ-၇၀၈\၂၀၁၈) ရာဇသတ်​ကြီးဥပ​ဒေပုဒ်​မ ၃၀၄(က)နဲ့ အမှုဖွင့်​အရေးယူထားတယ်​လို့ လည်းသိရပါတယ်​။

Read More

(၄၁) ကြိမ်မြောက် ကျောက်ဆည် ဆင်လှူပွဲတော်

ကျောက်ဆည် အောက်တိုဘာ -၂၃ -၂၀၁၈ ဓါတ်ပုံ ဟိန်းကို မန္တ​လေးတိုင်း​ ကျောက်​ဆည်​ခရိုင်​၊​ကျောက်​ဆည်​မြို့မှာ ကျင်းပပြုလုပ်​တဲ့ ရိုးရာဆင်​လှူ ပွဲ နဲ့ ဆင်​ပြိုင်​ပွဲကို ယ​နေ့ ​အောက်​တိုဘာ(၂၃)ရက်​ နံနက်​ပိုင်းက ​ရွှေသာ​လျောင်း​တောင်​​ခြေရှိ ဆင်​ပြိုင်​ပွဲ ကျင်းပရာကွင်းမှာ ပြုလုပ်​ခဲ့ပါတယ်​။ ရိုးရာ ဆင်အက​ပြိုင်​ပွဲမှာ ပြိုင်​ပွဲဝင်​ဆင်​အ​ကောင်​​ရေ (၂၀)၀င်​​ရောက်​ယှဉ်​ပြိုင်​ခဲ့ပါတယ်​။                                                

Read More

ကမ္ဘာ့အကြီးဆုံး စည်တော်ကြီးကို အင်းတော်တွင် ထွင်းနေ

အင်းတော်၊ အောက်တိုဘာ ၂၂၊ ၂၀၁၈ နိုင်ကြီး(ကသာ)   ကမ္ဘာ့အကြီးဆုံးလို့ သတ်မှတ်လို့ရနိုင်မယ့် မြန်မာ့ရိုးရာ စည်တော်ကြီးတလုံးကို စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ် လက်ပံကုန်းရွာမှာ ထွင်းထုနေပါတယ်။ ဒီစည်တော်ကြီးကို အင်းတော်ဒေသက ‘ဆရာပွဲ’ မြန်မာ့တူရိယာအမျိုးမျိုးလုပ်ငန်းက ဦးကျော်ညွန့်နဲ့ သားတပည့်တွေက ထွင်းထုနေကြတာပဲဖြစ်ပါတယ်။ ကုက္ကိုသားနဲ့ ထွင်းထုနေတဲ့ အဲ့ဒီ စည်တော်ကြီးကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့က စတင်ထွင်းထုနေတာဖြစ်ပြီး၊ ၈၀ ရာနှုန်းပြီးနေပြီ လို့လည်း သိရပါတယ်။ အရှည် ၁၀ ပေ ရှစ်လက်မ၊ လုံးပတ် ၆၃ ပေ၊ မျက်နှာဝအကျယ် ၅ပေ ၄လက်မရှိပြီး သစ်လုံး တလုံးတည်းကနေ ထွင်းထုထားတဲ့ ဒီစည်တော်ကြီးရဲ့ မျက်နှာပြင် နှစ်ဖက်ကို ကြပ်ဖို့ နွားသားရေရရှိရေး အခက်အခဲ ဖြစ်နေလို့ အပြီးသတ်ဖို့ ကြန့်ကြာနေတယ်လို့လည်း စည်ထွင်းသူတွေက ဆိုပါတယ်။ မြန်မာမှု အနုလက်ရာတွေကို…

Read More

မုံရွာမြို့  ချင်းတွင်းမြစ်အတွင်း အမျိုးသားအလောင်းတွေ့ရှိ

မုံရွာ၊ အောက်တိုဘာ ၂၂၊ ၂၀၁၈ အောင်နေမျိုး၊ ဗျဂ္ဃ   ချင်းတွင်းမြစ်အတွင်း ဒီနေ့နေ့လည်ပိုင်းမှာ လူသေအလောင်းတလောင်း မုံရွာမြို့ ဇက်ကူးတို့ဆိပ်အနီးမှာ မျောနေတယ်လို့ သတင်းရတဲ့အတွက် မုံရွာခရိုင်က မီးသတ်တပ်ဖွဲ့ဝင်တွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေဟာ ရှာဖွေကယ်ဆယ်ရေး ယာဉ်တွေနဲ့ လိုက်လံဆယ်ယူခဲ့ပါတယ်။ “မီးသတ်က ဆယ်လာတာ။ ဇက် ကူးတို့ဆိပ်နားမှာ။ အသက် ၂၆ လောက်တော့ရှိမယ်။ အမျိုးသားအလောင်း။ တက်တူးတွေလည်းပါတယ်။ အဝတ်အစားတွေလည်းပါတယ်။ ကိုယ်တို့ ရာသက်ပန်လူမှုကူညီရေးအသင်းက သွားပြီး ကူညီသယ်ပေးခဲ့တယ်။ အသင်းမှာက Dead Body တင်တဲ့ကားမရှိလို့ ရုံးကြီးလူငယ်ကကားနဲ့ ဆေးရုံကြီးကို ပို့ပေးခဲ့တယ်။ ကြားတာတော့ ဟိုတလောက ပျောက်နေတဲ့သူလို့ သိရတယ်။”လို့ ရာသက်ပန်လူမှုကူညီရေးအသင်းမှ ဦးသော်တာက ပြောပါတယ်။ သေဆုံးသူက အောက်တိုဘာ ၁၃ ရက်နေ့ နေ့လည်ပိုင်းက ကျောက်ဆောင်ဆိပ်အနီး ရေဆင်းချိုးရာကနေ ပြန်ပေါ်မလာဘဲ ပျောက်ဆုံးနေတဲ့ မုံရွာတောင်ရပ်ကွက်နေ မောင်လင်းထက်အောင် (အသက်…

Read More

စစ်ကိုင်းက ဇေယျာသီရီရုပ်ရှင်ရုံကို ဝယ်ယူထားတဲ့ ကုမ္ပဏီကို တရားစွဲမည်

စစ်ကိုင်း အောက်တိုဘာ ၂၁ ၊ ၂၀၁၈ တာရာ စစ်ကိုင်းမြို့မှာရှိတဲ့  ဇေယျာသီရီရုပ်ရှင်ရုံကို ဝယ်ယူထားတဲ့ ကုမ္ပဏီအား စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က တရားစွဲဆိုသွားရန် စီစဉ်နေကြောင်း စစ်ကိုင်းတိုင်းဒေသ ကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းက ပြောပါတယ်။ ဇေယျာသီရိရုပ်ရှင်ရုံကို   မြန်မာနိုင်ငံ ပုဂ္ဂလိကပိုင်ပြုလုပ်ရေး ကော်မတီရဲ့ ခွင့်ပြုချက်ဖြင့် ၂၀၁၁ ခုနှစ်က ပုဂ္ဂလိက ကုမ္ပဏီတစ်ခုမှ ဝယ် ယူခဲ့ပြီး ၊ဝယ်ယူခဲ့စဉ်က စာချုပ်ပါစည်းကမ်းချက်များအရ ကုမ္ပဏီအနေနဲ့ ရုပ် ရှင်ရုံလုပ်ငန်းကို ဆက်လက်လုပ်ဆောင်ရမည်ဟု  ပါသော်လည်း ရုပ်ရှင်ရုံလုပ်ငန်းကို ဆက်လက်လုပ်ဆောင်ခဲ့ခြင်း မရှိခဲ့ပါဘူး။ ဒါကြောင့် ဇေယျာသီရိရုပ်ရှင်ရုံကို ပြန်လည်ဖွင့်လှစ်ပြသရေးအတွက် စစ်ကိုင်းမဲဆန္နနယ် အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စုမြတ်ထက်က ၂၀၁၇ ခုနှစ် မတ်လအတွင်းက စစ်ကိုင်းတိုင်း လွှတ်တော်ကို တင်သွင်းခဲ့ရာ ကန့်ကွက်မဲ့သူမရှိဘဲ အတည်ပြုနိုင်ခဲ့ပေမယ့်   ဒီနေ့အချိန်ထိ ဖွင့်လှစ်ပြသပေးခဲ့ခြင်း မရှိသေးပါဘူး။ ဇေယျာသီရီရုပ်ရှင်ရုံကို…

Read More
VOM News

FREE
VIEW