စစ်ကိုင်းက ဇေယျာသီရီရုပ်ရှင်ရုံကို ဝယ်ယူထားတဲ့ ကုမ္ပဏီကို တရားစွဲမည်

စစ်ကိုင်း အောက်တိုဘာ ၂၁ ၊ ၂၀၁၈

တာရာ

စစ်ကိုင်းမြို့မှာရှိတဲ့  ဇေယျာသီရီရုပ်ရှင်ရုံကို ဝယ်ယူထားတဲ့ ကုမ္ပဏီအား စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က တရားစွဲဆိုသွားရန် စီစဉ်နေကြောင်း စစ်ကိုင်းတိုင်းဒေသ ကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းက ပြောပါတယ်။

ဇေယျာသီရိရုပ်ရှင်ရုံကို   မြန်မာနိုင်ငံ ပုဂ္ဂလိကပိုင်ပြုလုပ်ရေး ကော်မတီရဲ့ ခွင့်ပြုချက်ဖြင့် ၂၀၁၁ ခုနှစ်က ပုဂ္ဂလိက ကုမ္ပဏီတစ်ခုမှ ဝယ် ယူခဲ့ပြီး ၊ဝယ်ယူခဲ့စဉ်က စာချုပ်ပါစည်းကမ်းချက်များအရ ကုမ္ပဏီအနေနဲ့ ရုပ် ရှင်ရုံလုပ်ငန်းကို ဆက်လက်လုပ်ဆောင်ရမည်ဟု  ပါသော်လည်း ရုပ်ရှင်ရုံလုပ်ငန်းကို ဆက်လက်လုပ်ဆောင်ခဲ့ခြင်း မရှိခဲ့ပါဘူး။

ဒါကြောင့် ဇေယျာသီရိရုပ်ရှင်ရုံကို ပြန်လည်ဖွင့်လှစ်ပြသရေးအတွက် စစ်ကိုင်းမဲဆန္နနယ် အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စုမြတ်ထက်က ၂၀၁၇ ခုနှစ် မတ်လအတွင်းက စစ်ကိုင်းတိုင်း လွှတ်တော်ကို တင်သွင်းခဲ့ရာ ကန့်ကွက်မဲ့သူမရှိဘဲ အတည်ပြုနိုင်ခဲ့ပေမယ့်   ဒီနေ့အချိန်ထိ ဖွင့်လှစ်ပြသပေးခဲ့ခြင်း မရှိသေးပါဘူး။

ဇေယျာသီရီရုပ်ရှင်ရုံကို ပြန်လည် ဖွင့်လှစ်ပြသရန် ညွှန်ကြားထားမှုမှာ သတ်မှတ်ကာလထက်ကျော်လွန်နေတဲ့ အတွက် စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့က စာချုပ်ပါအတိုင်း လုပ်ဆောင်သွားရန် လက်ရှိမှာ တိုင်းဥပဒေချုပ်ထံ အကြံဥာဏ်တောင်းထားပြီး တိုင်းဥပဒေချုပ်ထံက အကြံဥာဏ်ရလာခဲ့ရင် တရားစွဲဆိုသွားမယ်ဖြစ်ကြောင်း သိရပါတယ်။

ရုပ်ရှင်ရုံကိုဝယ်ထားတဲ့ ကုမ္ပဏီဘက်ကတော့ ရုပ်ရှင်လုပ်ငန်းအတွက် ပြင်ဆင်တာမျိုးမရှိဘဲ လက်ရှိအနေအထားမှာ ဂိုထောင်အဖြစ်အသုံးပြုနေတာကို တွေ့ရပါတယ်။

စစ်ကိုင်းမှာ ခုဆိုရင်ရုပ်ရှင်ရုံတခုမှမရှိတဲ့အတွက် ဒေသခံတွေကလည်း မြို့အင်္ဂါရပ်နဲ့အညီ မူလကရှိခဲ့တဲ့ ရုပ်ရှင်ရုံကို ရုပ်ရှင်ရုံအဖြစ်ပဲ ပြန်မြင်ချင်နေကြတယ်လို့ ပြောကြပါတယ်။

 

 

Related posts

Leave a Comment

VOM News

FREE
VIEW