မန္တလေး အောက်တိုဘာ -၂၄ -၂၀၁၈
ဟိန်းကို
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် ၊ ၂၆လမ်း နဲ့ ၂၇လမ်းကြား ၊၆၂လမ်း နဲ့ ၆၃လမ်း ကြားရှိ သမိုင်းပါမောက္ခ(ငြိမ်း)ဒေါ်တင်တင်မြင့်နေထိုင်တဲ့ နေအိမ်မှာ ယနေ့ အောက်တိုဘာ(၂၄)ရက် နံနက်(၆)နာရီ(၅၅)မိနစ်အချိန်က လျှပ်စစ်ကွိုင်မီးဖိုနဲ့ ဟင်းအိုးတည်ထားပြီး အိပ်ခန်းကိုပြန်အိပ်ရာက အိပ်ပျော်သွားပြီး မီးဖိုအပူလွန်ကဲကာ မီးလောင်မှုဖြစ်လို့ ဒေါ်တင်တင်မြင့် အသက် ၆၇ နှစ်သေဆုံးခဲ့ပါတယ်။
မီးလောင်မှုကို မီးလောင်မှုအဆင့် Level2သက်မှတ်၍ မီးငြိမ်းခဲ့ပြီး မီးလောင်မှုကြောင့် သွပ်မိုး၊ပျဉ်ထောင် (၁)ထပ်နေအိမ်မီးလောင်၍ တန်ဖိုးငွေ (၁၁)သိန်းခန့်ဆုံးရှုံးခဲ့တယ်လို့ သက်ဆိုင်ရာက မှတ်ချက်ပြုထားပါတယ်။
မီးလောင်မှုဖြစ်ပွားခဲ့ပြီး သေဆုံးသွားခဲ့တဲ့ သမိုင်းပါမောက္ခ(ငြိမ်း)ဒေါ်တင်တင်မြင့် အသက်(၆၇)ကို နယ်မြေခံ အမှတ်(၃)ရဲစခန်းက ( ပ-၇၀၈\၂၀၁၈) ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄(က)နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ လည်းသိရပါတယ်။