ချင်းပြည်နယ်​တွင်​ ၂၀၁၈ခုနှစ်​အတွင်း ​​​​ခရီးသွားဧည့်သည် ၂သောင်းနီးပါး ဝင်ရောက်

မင်းတပ် ဇန်နဝါရီ ၃-၂၀၁၈ မိုင်​ချယ်​ရီ(VOM) ချင်းပြည်နယ်၊ မင်းတပ်ခရိုင် အတွင်းမှာရှိတဲ့ ခေါနူးစုမ်(ခေါ်) နတ်မတောင် အမျိုးသား ဥယျာဉ်နဲ့ မတူပီမြို့နယ်မှာ ရှိတဲ့ ဘုံတလာရေတံခွန်တွေကို ၂၀၁၈ ခုနှစ် အတွင်းမှာ ပြည်တွင်း ပြည်ပ ခရီးသွားဧည့်သည် ဝင်ရောက်လည်ပတ်မှု အနေနဲ့ လူဦးရေ ၂သောင်း နီးပါး ရှိတယ်လို့ မင်းတပ်ခရိုင် ဟိုတယ်နှင့် ခရီးသွားညွန်ကြားမှုဦးစီးဌာနရုံးကနေ သိရပါတယ်။ ၂၀၁၈ ခုနှစ် ဇန်နဝါရီလကနေ စတင်ပြီးတော့ ဒီဇင်ဘာလ အထိ ပြည်တွင်းခရီးသွားဧည့်သည် ဝင်ရောက်မှု အနေနဲ့ ၁၆၈၄၀ ဦး ရှိပြီးတော့ ပြည်ပခရီးသွားဧည့်သည် ဝင်ရောက်မှု အနေနဲ့ ၂၃၆၄ ဦး ရှိပါတယ်။ ဒီစာရင်းတွေ အရ ၂၀၁၈ ခုနှစ်အတွင်း ခရီးသွားဧည့်သည် ဝင်ရောက်မှုမှာ ၂၀၁၇ ခုနှစ် တစ်နှစ်တာ ခရီးသွားဧည့်သည်ဝင်ရောက်မှု နှုန်းနဲ့ နှိုင်းယှဉ်ကြည့်လိုက်ရင်…

Read More

စစ်ဘေးရှောင်တွေအတွက် အကူအညီပေးရေးအဖွဲ့တွေကို အစိုးရခွင့်ပြုချက်နဲ့ သွားလာခွင့်ပြု

ကျောက်တော်၊ ဇန်နဝါရီ ၃-၂၀၁၉ ခိုင်လင်းစံ(VOM) ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အတွင်းမှာရောက်ရှိနေတဲ့ စစ်ဘေးရှောင်တွေအတွက် အစားအစာနဲ့ အသုံးအဆောင် ပစ္စည်းတွေ ထောက်ပံ့ကူညီပေးရေးအတွက် အစိုးရရဲ့ခွင့်ပြုချက်ရရှိတဲ့ အဖွဲ့တွေကိုပဲသွားလာခွင့်ပြုနေတာ ဖြစ်ပါတယ်။ ကျောက်တော်မြို့နယ် ယိုးချောင်းဖျားဒေသမှာ တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက် နေရပ်စွန့်ခွာထွက်ပြေးလာခဲ့ကြ သူတွေဟာ နီးစပ်ရာကျေးရွာတွေမှာ လာရောက်ခိုလှုံနေကြတာဖြစ်ပြီး အဲဒီလူတွေရဲ့စားရေးသောက်ရေး၊ နေရေးထိုင်ရေး အတွက် အစားအစာနဲ့ အသုံးအဆောင်တွေကို လူမှုအဖွဲ့အစည်းတွေက ထောက်ပံ့ကူညီနေကြတာဖြစ်ပါတယ်။ “ရိက္ခာသယ်ယူပို့ဆောင်ခွင့်ကို ဖွင့်ပေးလိုက်တာလို့တော့မဟုတ်ဘူး၊ ကျွန်တော်တို့က အခြေအနေအရ အကောင်းဆုံး ဖြစ်အောင် ညှိနှိုင်းပြီးတော့ လုပ်ပေးနေပါတယ်၊ စိစစ်ပြီးတော့ သွားခွင့်ပြုနေပါတယ် ”လို့ ကျောက်တော်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသီဟဇော်က ပြောပါတယ်။ လက်ရှိမှာ အဲဒီဒေသအတွင်း တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေသေးတဲ့အတွက် ထောက်ပံ့ကူညီပေးရေးအဖွဲ့တွေနဲ့ ရိက္ခာသယ်ယူသူတွေကို ယခင်ကလိုမျိုး လွတ်လပ်စွာသွာလာခွင့်မပေးဘဲ ပိတ်ဆို့ထားတာဖြစ်ပါတယ်။ “တိုက်ပွဲတွေလည်းရှိနေသေးတော့ စစ်ဆေးတာတွေတော့ရှိပါတယ်၊ အကူအညီပေးတဲ့အဖွဲ့တွေကိုလည်း ကျွန်တော်တို့က ရခိုင်ပြည်နယ်အစိုးရကိုတင်ပြပေးတယ်၊ သွားခွင့်ပြုရင်တော့ သွားခိုင်းတာပေါ့၊ အဲဒီလိုသွားခွင့်ပေးထားတာ…

Read More
VOM News

FREE
VIEW