နွားများတင်ဆောင်လာတဲ့ လိုင်စင်မဲ့ မော်တော်ယာဉ် ဖမ်းဆီးရမိ

ကျောက်ဆည် ဇန်နဝါရီ ၁၆

စောပြည့်ချမ်းသာ(VOM)

မန္တလေးတိုင်း ကျောက်ဆည်မြို့ ရန်ကုန် -မန်းလေး အမြန် လမ်းမကြီး အနီးရှိ စက်မှုလယ်ယာရုံးနားတွင် ၁၅ရက်နေ့ညနေ ၄နာရီခန့်က နွားများတင်လာတဲ့လိုင်စင်မဲ့မော်တော်ယာဉ်ဖမ်းဆီးရမိခဲ့တယ်လို့ ကျောက်ဆည်မြို့အမှတ်(၉၂)ယာဉ်ထိန်းတပ်ဖွဲ့စုမှူး ရုံးကနေသိရပါတယ်။

ကျောက်ဆည်မြို့အမှတ်(၉၂)ယာဉ်ထိန်းတပ်ဖွဲ့ကစည်းကမ်းပျက်ယာဉ်များစစ်ဆေးနေစဉ် ဦးမျိုးဝင်းအောင် (၃၉)နှစ်မောင်းနှင်လာတဲ့ FUSO အမျိုးအစား 1M/2178နံပါတ်ပြားပါ ၁၂ဘီးယာဉ်အားရပ်တန့် စစ်ဆေးရာ နွား ၂၁ ကောင်တင်ဆောင်လာပြီး ယာဉ်မှာ လိုင်စင်မဲ့ယာဉ်ဖြစ်နေတဲ့အတွက် ပြစ်မှုကျူးလွန်တဲ့ ဦးမျိုးဝင်းအောင် ကိုကျောက်ဆည်မြို့မရဲစခန်းကိုလွဲပြောင်းအပ်နှံခဲ့တယ်လို့ မှုခင်းမှတ်တမ်းအရသိရပါတယ်။

အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ကျောက်ဆည်မြို့မရဲစခန်းက (ပ)၄၅/၂၀၁၉နဲ့အမှုဖွင့်ပြီးစစ်ဆေးလျက်ရှိတယ်လို့သိရပါတယ်။

#voiceofmyanmar#ကျောက်ဆည်

Related posts

Leave a Comment

VOM News

FREE
VIEW