ကင်ညာရှိ ဟိုတယ်တစ်ခုကို စစ်သွေးကြွတွေတိုက်ခိုက်တာကြောင့် လူ ၁၄ ဦးထက်မနည်းသေဆုံး

နိုင်ရိုဘီ၊ ဇန်နဝါရီ-၁၆-၂၀၁၉

မျိုးဆက် (VOM)

ကင်ညာနိုင်ငံရဲ့ မြို့တော် နိုင်ရိုဘီရှိ ဇိမ်ခံဟိုတယ် တစ်ခုမှာ စစ်သွေးကြွတွေ တိုက်ခိုက်ခဲ့တာကြောင့် လူ၁၄ ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ကင်ညာနိုင်ငံ ဝက်စ်လန်းခရိုင်အတွင်းရှိ ခြံဝန်းတစ်ခုအတွင်းမှာ သေနတ်ပစ်သံတွေနဲ့ ပေါက်ကွဲသံတွေ ကြားရပြီး ယင်းခြံဝန်းအတွင်း DusitD2 ဟိုတယ်မှာ တည်းခိုတဲ့ အခန်းတွေအပြင် ရုံးခန်းများလည်း ရှိတယ်လို့ ဆိုပါတယ်။ ယင်းတိုက်ခိုက်မှုကို ဆိုမာလီအခြေစိုက် အယ်လ်ရှာဘတ်စစ်သွေးကြွ အုပ်စုတွေရဲ့ လက်ချက် ဖြစ်ကြောင်း ၎င်းတို့က၀န်ခံပြောဆိုပါတယ်။

ဇန်နဝါရီ၁၅ရက်ညနေမှာ အဆောက်အဦးများအားလုံးကို ရှာဖွေထားပြီးဖြစ်တယ်လို့ ကင်ညာအစိုးရက ပြောဆိုပြီး အရပ်သား ၇၀၀ ကျော်ကိုလည်းဘေးလွတ်ရာကို ရွှေ့ပြောင်းပေးထားတယ်လို့ ဆိုပါတယ်။ အဆိုပါ အကြမ်းဖက်တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့တဲ့ လူ ၁၅ ဦးထဲမှာ အမေရိကန်နိုင်ငံသားတစ်ဦးနဲ့ ဗြိတိန်နိုင်ငံသားတစ်ဦးလည်း ပါဝင်တယ်လို့ တာဝန်ရှိသူတွေနဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီဌာနက ပြောပါတယ်။

Ref : Reuter/ BBC Photo: Reuter

#voiceofmyanmar#ကင်ညာ#စစ်သွေးကြွတွေတိုက်ခိုက်

Related posts

Leave a Comment

VOM News

FREE
VIEW