အစ္စရေးနိုင်ငံကို ကမ္ဘာပေါ်က ပျောက်သွားအောင်လုပ်ဖို့ အသင့်ဖြစ်နေပြီလို့ အီရန်သတိပေး

တီဟီရန်၊ ဇန်န၀ါရီ-၂၂ မျိုးဆက် (VOM) အီရန်အနေဖြင့် အစ္စရေးကို ထိပ်တိုက်ရင်ဆိုင်ပြီး ကမ္ဘာပေါ်က ပျောက်ကွယ်သွားအောင်လုပ်ဖို့ အသင့်ဖြစ်နေကြောင်း အီရန်လေတပ် အကြီးအကဲက သတိပေးပြောဆိုလိုက်ပါတယ်။ ဆီးရီးယားရှိ အီရန်ပစ်မှတ်တွေကို အစ္စရေးက လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပြီးနောက် အီရန်က ယခုလို ပြင်းပြင်းထန်ထန် သတိပေးလိုက်တာဖြစ်ပါတယ်။ အီရန်လေတပ်က လူငယ်လေသူရဲတွေဟာ ဇီယွန်ဝါဒီ အစ္စရေးအစိုးရကို ထိပ်တိုက်ရင်ဆိုင်ပြီး ကမ္ဘာပေါ်ကနေပျောက်ကွယ်သွားအောင်လုပ်ဖို့ လုံးဝအဆင်သင့်ဖြစ်နေပြီး စိတ်မရှည်နိုင်ကြတော့ဘူးလို့ အီရန်လေတပ်ရဲ့ တပ်မှူး ဗိုလ်ချုပ် အဇစ်နာဆီဇာဒါက ဇန်န၀ါရီ ၂၁ ရက်က ပြောပါတယ်။ အီရန်ရဲ့ အဆင့်မြင့် စစ်ရေးကြိုတင်ပြင်ဆင်ထားတာဟာ အီရန်ကို တိုက်ခိုက်လာမယ့် ရန်သူတွေကို ဟန့်တားထားနိုင်တယ်လို့လည်း ၎င်းက အလေးပေးပြောဆိုပါတယ်။ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကတော့ ဆီးရီးယားမှာ ဇန်န၀ါရီ ၂၁ ရက် လေကြောင်းတိုက်ခိုက်မှုတွေကို ကာကွယ်ပြောဆိုပြီး အစ္စရေးနိုင်ငံကို ဖျက်ဆီးလိုသူတွေကို လက်စားချေတာဖြစ်တယ်လို့ ပြောပါတယ်။ မိမိတို့အနေနဲ့…

Read More

အာဖဂန်စစ်အခြေစိုက်စခန်းကို တာလီဘန်တွေတိုက်ခိုက်တာကြောင့် လူ ၁၂၆ ဦးထက်မနည်းသေဆုံး

ကဘူး၊ ဇန်န၀ါရီ-၂၂-၂၀၁၉ မျိုးဆက် (VOM) အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးရဲ့ အနောက်ဘက်ရှိ မိုင်ဒန်ဝါဒက်ပြည်နယ်ရှိ စစ်အခြေစိုက်စခန်းကို ဇန်န၀ါရီ ၂၁ မှာ တာလီဘန်တွေတိုက်ခိုက်က တိုက်ခိုက်တာကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၁၀၀ ကျော်သေဆုံးခဲ့တယ်လို့ စစ်ဘက် ထိပ်တန်းတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ စစ်သင်တန်းကျောင်းထဲမှာ ပေါက်ကွဲမှုဖြစ်တာကြောင့် လူပေါင်း ၁၂၆ ဦးသေဆုံးခဲ့ပြီး သေဆုံးသူတွေထဲမှာ အရာရှိ ရှစ်ဦးပါဝင်တယ်လို့ ၎င်းက ပြောပါတယ်။ အာဖဂန်နစ္စတန်နိုင်ငံ တစ်ဝက်လောက်ကို သိမ်းပိုက်ထိမ်းချုပ်ထားတဲ့ တာလီဘန်တွေဟာ မကြာသေးမီလများအတွင်းက လူသေဆုံးစေတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့ရာ ယခုတိုက်ခိုက်မှုဟာလည်း ၎င်းတို့လက်ချက်ဖြစ်တယ်လို့ ပြောပါတယ်။ တာလီဘန်တွေဟာ ဖောက်ခွဲရေးပစ္စည်းတွေအပြည်တင်ဆောင်ထားတဲ့ ကားတစ်စီးကို စစ်ဆေးရေးဂိတ်ကတစ်ဆင့် ဖြစ်ကျော်မောင်းနှင်ပြီး သင်တန်းကျောင်းထဲအရောက်မှာ ဖောက်ခွဲခဲ့တာဖြစ်ပါတယ်။ ဒီလိုဖောက်ခွဲပြီးနောက်မှာတော့ သေနတ်သမားနှစ်ဦးဟာ အဆောက်အဦထဲက အာဖဂန်စစ်သားတွေကို ပစ်ခတ်ခဲ့ကြပါတယ်။ ပေါက်ကွဲမှုက ပြင်းထန်တဲ့အတွက် အဆောက်အဦတစ်ခုလုံးပြိုကျသွားပါတယ်။ ဒါဏ်ရာရရှိသူ အများအပြား ကိုတော့ ကဘူးက…

Read More

လေးခွေမြောက် တစ်ကိုယ်တော်သီချင်းခွေအတွက် ပြင်ဆင်နေတဲ့နီနီခင်ဇော်

ရန်ကုန် ဇန်န၀ါရီ ၂၂-၂၀၁၉ သင်းသဒ္ဒါ (VOM) ပရိသတ်ကို အကပိုင်းရော အဆိုပိုင်းမှာ အကောင်းဆုံးတင်ဆင်ဖျော်ဖြေတက်တဲ့ အဆိုတော် နီနီခင် ဇော်ကတော့ လေးခွေမြောက် တစ်ကိုယ်တော်သီချင်းခွေအတွက် ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။ “နီနီရဲ့ အမ်တီဗီ ရိုက်ကူးနေတာ တစ်ပုဒ်ပဲ ကျန်ပါတော့တယ်။ လေးခွေမြောက် တစ်ကိုယ်တော် သီချင်း ခွေ အတွက် ပြင်ဆင်နေပါတယ်။ ၅ လပိုင်းမှာ ပရိသတ်လက်ထဲကို ချပေးမှာပါ။ခေါင်းကတော့ ပေးထားတာ ရှိပါ တယ်။ နည်းနည်းလေး ဝေးနေသေးလို့ မပြောသေးတာပါ” လို့ဆိုပါတယ်။ သူမကတော့ The Voice Myanmar Season 2 မှာတော့ ရန်ရန်ချမ်း ၊ R ဇာနည် ၊ ကျားပေါက် တို့နဲ့အတူ Coache တစ်ဦးအဖြစ်ပါသွားမယ်လို့ သိရပါတယ်။ ဒါအပြင် အလှကုန် Product ဖြစ်တဲ့ ပစ်တိုင်း…

Read More

တရုတ်နိုင်ငံကို ပွဲစားတွေကတဆင့် တရားမဝင် သွားရောက်အလုပ်လုပ်နေသူ အယောက် ၆၀ မြန်မာနိုင်ငံပြန်ရောက်လာ

မူဆယ် ဇန်နဝါရီ ၂၂-၂၀၁၉ ဗျဂ္ဃ(VOM) ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းက လူခေါ်ပွဲစားတွေကနေတဆင့် တရုတ်နိုင်ငံမှာ အလုပ်လုပ်ဖို့ နယ်စပ်ဖြတ်ကျော်ဗီဇာနဲ့ သွားရောက်ခဲ့တဲ့ အလုပ်သမားတွေ လူခေါ်ပွဲစားတွေပြောသလို မဟုတ်ဘဲ အခက်အခဲတွေကြုံရတာကြောင့် နီးစပ်ရာ အဖွဲ့အစည်းတွေကတဆင့် အစိုးရထံအကူအညီတောင်းခံတာတွေ ရှိခဲ့ပြီး ဇန်နဝါရီလ ၂၂ ရက်နေ့မှာတော့ တရုတ်နိုင်ငံ နေရာ ၂ နေရာမှာ ရောက်ရှိနေတဲ့ အလုပ်သမား ၆၀ ဦး မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ နယ်နမိတ်ချင်း ထိစပ်နေတဲ့ ယူနန်ပြည်နယ်ထဲမှာ ၄၅ ဦး၊ တရုတ်နိုင်ငံ ပင်လယ်ဝါဒေသ ရှမ်းဒေါင်ပြည်နယ်က ၁၅ ဦးတို့က အကူအညီတောင်းပြီး ၁၀ ရက်ခန့်အကြာမှာ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာတာဖြစ်ပါတယ်။ ၄၅ ဦးအဖွဲ့က ကနီ၊ မင်းကင်း၊ ကလေးမြို့နယ်တွေကဖြစ်ပြီး အမျိုးသမီး ၇ ဦးပါဝင်ကာ ၁၅ ဦးအဖွဲ့ကတော့…

Read More

၂၀၀၈​ခြေဥ ပယ်​ဖျက်​​ရေး စတစ်​ကာ ကမ်​ပိန်း မန္တလေးမှာ ပြုလုပ်

မန္တ​လေး၊ ဇန်​နဝါရီ ၂၂-၂၀၁၉ ဟိန်းကို(VOM) မန္တ​လေးမြို့မှာ မ​နေ့ညပိုင်းက `၂၀၀၈​ခြေဥအလုပ်​မဖြစ်​အမြန်​ဆုံးဖယ်​ရှားပစ်​´ဆိုတဲ့ စာတန်းနဲ့ စတစ်​ကာ​တွေကို ၇၃လမ်း နဲ့ ၃၅လမ်း​ဒေါင့်​ မီးပွိုင့်​က​နေ စပြီး လမ်းလယ်​မီးတိုင်​​တွေမှာကပ်​ကာ ကမ်​ပိန်းပြုလုပ်​ခဲ့ပါတယ်​။ ” နိုင်​ငံ​တော်​အတိုင်​ပင်​ခံပုဂ္ဂိုလ်​ နဲ့ သမ္မတ ကိုယ်​တိုင်​က ​ခြေဥကို ပြင်​ဖို့လုပ်​​နေတဲ့အချိန်​ ကျွန်​​တော်​တို့က ပြည်​သူတစ်​​ယောက်​အ​နေနဲ့ ဒီ​ခြေဥ ကို ပြင်​​စေချင်​လို့ ဒီအ​နေအထားကို ပြည်​သူ​တွေအားလုံးသိ​စေချင်​လို့ ခုလို ကမ်​ပိန်းလုပ်​ဖြစ်​တာပါ” လို့ စတစ်​ကာ ကမ်​ပိန်းပြုလုပ်​တဲ့ ကိုသဲနှစ်​​အောင်​ က ​ပြောပါတယ်​။ ခုလို စတစ်​ကာကမ်​ပိန်းပြုလုပ်​ထားတာကို မ​နေ့ညက သက်​ဆိုင်​ရာ အုပ်​ချုပ်​​ရေးအဖွဲ့ နဲ့ ရဲတပ်​ဖွဲ့ဝင်​​တွေက ကပ်​ထားတဲ့ စတစ်​ကာ​တွေကို လိုက်​လံခွာပြီး သိမ်းဆည်းမှုပြုလုပ်​ခဲ့ပါတယ်​။ ” အာဏာပိုင်​အဖွဲ့အစည်း​တွေက လာ​ရောက်​​မေးမြန်းစုံစမ်းမှု​တွေ​တော့ မရှိဘူး ကျွန်​​တော်​တို့က ပြည်​သူတစ်​​ယောက်​အ​နေနဲ့ ပြည်​သူ​တွေရဲ့ ဆန္ဒအတိုင်း ပြည်​သူ​တွေရဲ့လွတ်​လပ်​ခွင့့် အ​ခြေခံဥပ​ဒေထဲမှာ ပါတဲ့အတိုင်း…

Read More

ဟာသသရုပ်ဆောင် ကင်းကောင် ရုတ်တရက်ကွယ်လွန်

ရန်ကုန် ဇန်န၀ါရီ ၂၂ -၂၀၁၉ သင်းသဒ္ဒါ (VOM) လူရွှင်တော်၊ သရုပ်ဆောင် ကင်းကောင်ဟာ ဇန်နဝါရီ ၂၂ ရက် နံနက် (၆) နာရီခွဲခန့်က ပုပ္ပါးမှာ ချွဲကျပ်ပြီး ရုတ်တရက် ဆုံးပါးသွားခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာတော့  ဒါရိုက်တာ ကျော်ဇောလင်းနဲ့ သရဲလေးကောင် ဇာတ်ကားလမ်းတွဲ ကို ပုပ္ပါးမှာ ရိုက်ကူးနေတာဖြစ်ပါတယ်။ ” ဒီနေ့မနက်ဆုံးသွားတာပါ။ ပုပ္ပါးမှာ ဇာတ်လမ်းတွဲ သွားရိုက်ကူးနေတာပါ။ ဇနီးနဲ့ သားလည်း ပါသွားပါတယ်။ အရမ်းအေးလို့ ချွဲကျပ်ပြီးဆုံးသွားတာပါ ” လို့ လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်သူ ဟာသသရုပ်ဆောင် ဌက်ပျောကြော်ရဲ့အမျိုးသမီး နေဇာဘုန်းမြင့်က ပြောပါတယ်။ အနုပညာ သက်တမ်း ၃၀ ကျော်ရှိတဲ့ ဦးကင်းကောင်(ခ) မျိုးမြင့် အသက် ၅၅ နှစ် ရဲ့ ရုပ်အလောင်းကို ဒီကနေ့ ရန်ကုန်သို့ ပြန်သယ်လာမှာဖြစ်တယ်လို့ သိရပါတယ်။ “တက္ကသိုလ်…

Read More

လက်ရှိ ထီဈေးကွက်ကို ထိန်းချုပ်ပြီးမှသာ တစ်ထောင်တန်ထီ ထပ်မံထုတ်ဝေသင့်

ရန်ကုန် ဇန်နဝါရီ ၂၂-၂၀၁၉ TGH (VOM) လက်ရှိ ထီဈေးကွက်တွင် ဖြစ်ပေါ်နေသော အစိုးရသတ်မှတ်ဈေးနူန်း ၅၀၀ ကျပ်တန်ထီကို  ၇၀၀ ကျပ် ၊ ၈၀၀ ကျပ် အထိ ဈေးနှုန်းမြှင့်တင်ရောင်းချနေသည့်အခြေနေကို ထိန်းချုပ်ပြီးမှသာ တစ်ထောင်တန်ထီလက်မှတ်များအား ပြည်သူများထံသို့ ထုတ်ဝေဖြန့်ချီပေးသင့်ကြောင်း ပြည်သူများအကြား ဝေဖန်ပြောဆိုမှုအချို့ရှိနေပါတယ်။ ၁၀၀၀ ကျပ်တန် ထီလက်မှတ်များကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စတင်ရောင်းချပေးသွားမည်ဟု စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ၊ ပြည်တွင်းအခွန်များဦးစီးဌာန ၊ အောင်ဘာလေသိန်းဆုဌာနခွဲမက  တရားဝင်ကြေငြာထုတ်ပြန်ထားပါတယ်။ အဲဒီလို ထုတ်ပြန်ပြီးနောက်ပိုင်း  ပြည်သူများအကြား ပြောဆိုဝေဖန်မှုတွေရှိလာတာပါ။ “ လူတွေရဲ့သဘောက အသစ်အဆန်းဆို စမ်းချင်ကြတယ် ဆိုတော့ စရောင်းတဲ့လကတော့ ရောင်းအားကောင်းနိုင်မယ်။ခုဖြစ်နေတာက  ပြန်ရောင်းဖို့ ပင်ရင်းလက်ကားထီဆိုင်မှာတောင် တစ်စောင်ကို ၅၈၀ ပေါက်နေတယ်။ဒီတော့ ဈေးကွက်မှာဘယ်လိုလုပ်မလဲ။လက်ရှိဖြစ်နေတဲ့ ၅၀၀ တန်ထီဈေးကွက်ကိုမထိန်းချုပ်ပဲ နောက်ထပ်တစ်ထောင်တန်ထပ်ထုတ်တာကတော့ ဖောင်းပွမှုကိုပိုဖြစ်စေမယ်။”ဟု …

Read More

ဇာဏ်ခီ နှင့် ခရစ္စတီနာခီတိုရဲ့ အနုပညာလှုပ်ရှားမှုနဲ့ Star Award ဆုပေးပွဲပေါ်သဘောထား

ရန်ကုန် ၊ ဇန်နဝါရီ ၂၂-၂၀၁၉ TGH (VOM) ဇဏ်ခီ ” ခုက ထာဝရနှောင်ကြိုးကား ရိုက်နေတယ်။ ပြင်ဆင်မှုတွေက မရိုက်ကူးခင်ကထဲ အများကြီးလုပ်ထားတယ်။ အဲ့ဒီအတွက် ဘာပဲပြောပြောရိုက်ကူးတဲ့အခါ အများကြီးချောမွေ့သွားတယ်ဆိုပေမယ့် မထင်မှတ်ထားတဲ့ စိန်ခေါ်မှုတွေကိုလည်း ကျော်ဖြတ်ရတယ်။ ဒါရိုက်တာကလည်း သူရဲ့ရုပ်ရှင်ကိုအရမ်း ကောင်းချင်တယ်၊ သရုပ်ဆောင်ကလည်း အရမ်းကောင်းချင်တယ်၊ အရမ်းကောင်းချင်တာတွေ စုတဲ့အခါကျ ပိုခက်သွားတာပေါ့။ ဖောရှောလုပ်လိုက်လို့ရတာရှိတယ်၊ ဒါပေမယ့်  တတ်နိုင်သမျှ ရတဲ့ဘတ်ဂျက် ရတဲ့ အချိန်အတွင်းမှာတော့ အကောင်းဆုံးရအောင်လုပ်မယ်ဆိုပြီး သံဓိဋ္ဌာန်ချထားတယ်။” စာနယ်ဇင်းသမားတွေဦးစီးပြီးပေးတဲ့ Star Award နဲ့ပတ်သက်ပြီးလည်း ဇာဏ်ခီက ခုလိုပြောပါတယ် “Award တွေပေးတာကောင်းပါတယ်။ မြန်မာနိုင်ငံမှာက အကယ်ဒမီတစ်ခုလောက်ပဲရှိတယ်။ နိုင်ငံခြားမှာဆိုရင်တော့ Award တွေအများကြီရှိတယ်။ Award တွေရှိတာ အနုပညာရှင်တွေအတွက် Motivationဖြစ်တယ် ခွန်အားဖြစ်စေတယ်။ Award ပေးတဲ့နေရာမှာ အရေးကြီးတာက ရွေးချယ်တဲ့အဖွဲ့အစည်းက ဘယ်လမ်းကြောင်းကိုမှန်တယ်လို့ပြောမှာလဲ၊ ဆုပေးတယ်ဆိုတာ…

Read More

ဝေဖန်တာတွေအပေါ် စိတ်ထိခိုက်မခံဘူးဆိုတဲ့ ရွှေအိမ်စည်

ရန်ကုန် ဇန်နဝါရီ ၂၁-၂၀၁၉ သင်းသဒ္ဒါ (VOM) အလှမယ် သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ရွှေအိမ်စည်ကတော့ ဝေဖန်တာတွေအပေါ် စိတ်ထိခိုက်မခံဘူးလို့ ဆိုပါတယ်။ ”အိမ်စည်က ကိုယ့်အတွက် ကောင်းတဲ့ဝေဖန်မှုပဲ ဖြစ်ဖြစ် ဆိုးတာပဲဖြစ်ဖြစ် ဆေးဆေးပဲနေပါတယ်။ သိပ်စိတ်ထိခိုက်တာလည်း မခံပါဘူး။ကိုယ်နေတတ်သလိုပဲ နေပါတယ်။ ၂၀၁၉ ခုနှစ်မှာအိမ်စည်ပျော်ရွှင်စွာဖြတ်သန်းမယ်။ကြုံလာသမျှ ပြဿနာတွေကို ရင်ဆိုင်ဖို့အသင့်ပဲ။ ပေါ့ပါးလွတ်လပ်စွာနေသွားမှာပါ”လို့ဆိုပါတယ်။ သူမက လက်ရှိမှာတော့ Model ပိုင်းကိုပဲ အသားပေးလုပ်ဆောင်နေတယ်လို့ သိရပါတယ်။25 % ပညာပေး ရုပ်ရှင်ဇာတ်ကားနဲ့  တခြား ရုပ်ရှင်ဇာတ်ကားတွေကိုလည်း ရိုက်ကူးထားတယ်လို့ သိရပါတယ်။       ယူနှိုက်တက်ဗီးရှင်းပွဲတက် ဖက်ရှင်နဲ့ ပတ်သက်ပြီး ”အိမ်စည်က ခုနောက်ပိုင်း ရိုးရှင်းတဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်ထားတယ်လေ။ မိန်းမသားဆန်ပြီးတော့ လှလှလေးနဲ့ လှပြီးဆန်အောင် ဒီဇိုင်နာကို ချုပ်ခိုင်းထားတာပါ”လို့ဆိုပါတယ်။ အလှအပ ထိန်းသိမ်းမှုနဲ့ ပတ်သက်ပြီးတော့ မျက်လုံးအတွက်ပဲဖြစ်ဖြစ် အသား အရည်ပတ်သက်ပြီးပဲ…

Read More

မက္ကဆီကို ရေနံပိုက်လိုင်းပေါက်ကွဲမှု သေဆုံးသူ ၈၅ ဦးအထိရှိလာ

မက္ကဆီကိုစီးတီး၊ ဇန်န၀ါရီ-၂၁-၂၀၁၉ မျိုးဆက် (VOM) မက္ကဆီကိုနိုင်ငံအလယ်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ရေနံပိုက်လိုင်းပေါက်ကွဲမှုကြောင့် သေဆုံးသူအရေအတွက်ဟာ ၈၅ ဦးအထိမြင့်တက်လာကြောင်း မက္ကဆီကို ကျန်းမာရေးဝန်ကြီးက  ဇန်န၀ါရီ ၂၀ ရက်မှာပြောပါတယ်။ ဇန်န၀ါရီ ၁၈ ရက်မှာ တီလာဟူလီပန်ခရိုင် ဟီဒယ်ဂိုပြည်နယ်မှာရှိတဲ့ ရေနံပိုက်လိုင်း ပေါက်ကွဲမှုဖြစ်ပွားချိန်မှာ  လူပေါင်း ၈၀၀ လောက်ဟာ ပေါက်နေတဲ့ ပိုက်လိုင်းက ရေနံတွေကို ခပ်ယူနေကြတာကြောင့် မီးလောင်ကျွမ်းပြီး သေဆုံးခဲ့တာဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ အခင်းဖြစ်ရာနေရာမှာ မီးလောင်ကျွမ်းနေတဲ့ လူသေအလောင်းတွေကျန်ရှိနေဆဲဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဖုံးအုပ်ထားပါတယ်။ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် လူ ၇၄ ဦးကို ဆေးရုံတင်ထားရတယ်လို့ ဟီဒယ်ဂိုပြည်နယ် အုပ်ချုပ်ရေးမှူး အိုမာဖာရက်က ပြောပါတယ်။ မက္ကဆီကို သမ္မတ လိုပက်ဇ်အိုဘရာဒေါရဲ့ ရေနံသူခိုးတွေအပေါ် နှိမ်နှင်းတဲ့ မူဝါဒကြောင့် လောင်စာဆီရှားပါးမှုဖြစ်ပေါ်ပြီး ဒီလိုဖြစ်ရပ် ဖြစ်ပွားခဲ့တာလို့ ဒေသခံတွေက ဝေဖန်ပြောဆိုပါတယ်။ လူတွေက သူတို့ရဲ့ကားတွေအတွက်…

Read More
VOM News

FREE
VIEW