ဇာဏ်ခီ နှင့် ခရစ္စတီနာခီတိုရဲ့ အနုပညာလှုပ်ရှားမှုနဲ့ Star Award ဆုပေးပွဲပေါ်သဘောထား

ရန်ကုန် ၊ ဇန်နဝါရီ ၂၂-၂၀၁၉

TGH (VOM)

ဇဏ်ခီ

” ခုက ထာဝရနှောင်ကြိုးကား ရိုက်နေတယ်။ ပြင်ဆင်မှုတွေက မရိုက်ကူးခင်ကထဲ အများကြီးလုပ်ထားတယ်။ အဲ့ဒီအတွက် ဘာပဲပြောပြောရိုက်ကူးတဲ့အခါ အများကြီးချောမွေ့သွားတယ်ဆိုပေမယ့် မထင်မှတ်ထားတဲ့ စိန်ခေါ်မှုတွေကိုလည်း ကျော်ဖြတ်ရတယ်။ ဒါရိုက်တာကလည်း သူရဲ့ရုပ်ရှင်ကိုအရမ်း ကောင်းချင်တယ်၊ သရုပ်ဆောင်ကလည်း အရမ်းကောင်းချင်တယ်၊ အရမ်းကောင်းချင်တာတွေ စုတဲ့အခါကျ ပိုခက်သွားတာပေါ့။ ဖောရှောလုပ်လိုက်လို့ရတာရှိတယ်၊ ဒါပေမယ့်  တတ်နိုင်သမျှ ရတဲ့ဘတ်ဂျက် ရတဲ့ အချိန်အတွင်းမှာတော့ အကောင်းဆုံးရအောင်လုပ်မယ်ဆိုပြီး သံဓိဋ္ဌာန်ချထားတယ်။”

စာနယ်ဇင်းသမားတွေဦးစီးပြီးပေးတဲ့ Star Award နဲ့ပတ်သက်ပြီးလည်း ဇာဏ်ခီက ခုလိုပြောပါတယ်

“Award တွေပေးတာကောင်းပါတယ်။ မြန်မာနိုင်ငံမှာက အကယ်ဒမီတစ်ခုလောက်ပဲရှိတယ်။ နိုင်ငံခြားမှာဆိုရင်တော့ Award တွေအများကြီရှိတယ်။ Award တွေရှိတာ အနုပညာရှင်တွေအတွက် Motivationဖြစ်တယ် ခွန်အားဖြစ်စေတယ်။ Award ပေးတဲ့နေရာမှာ အရေးကြီးတာက ရွေးချယ်တဲ့အဖွဲ့အစည်းက ဘယ်လမ်းကြောင်းကိုမှန်တယ်လို့ပြောမှာလဲ၊ ဆုပေးတယ်ဆိုတာ တကယ်တော့ ပုဂ္ဂလိကသိပ်မဆန်ဘူး”

ခရစ္စတီနာခီ

“ထာဝရနှောင်ကြိုး ရိုက်နေတာ တစ်လပြည့်ပါပြီ၊ ခုဆို ရိုက်ကူးရေးက လေးပုံတစ်ပုံလောက်ပြီးသွားပြီ။ ရုပ်ရှင်က ထင်ထားတာထက် နည်းနည်းလေးပိုခက်တော့ အားလုံးလည်းအစွမ်းကုန်ကြိုးစားနေကြပါတယ်။

 

#voiceofmyanmar#ဇဏ်ခီ#ခရစ္စတီနာခီ

 

Related posts

Leave a Comment

VOM News

FREE
VIEW