လက်ရှိ ထီဈေးကွက်ကို ထိန်းချုပ်ပြီးမှသာ တစ်ထောင်တန်ထီ ထပ်မံထုတ်ဝေသင့်

ရန်ကုန် ဇန်နဝါရီ ၂၂-၂၀၁၉

TGH (VOM)

လက်ရှိ ထီဈေးကွက်တွင် ဖြစ်ပေါ်နေသော အစိုးရသတ်မှတ်ဈေးနူန်း ၅၀၀ ကျပ်တန်ထီကို  ၇၀၀ ကျပ် ၊ ၈၀၀ ကျပ် အထိ ဈေးနှုန်းမြှင့်တင်ရောင်းချနေသည့်အခြေနေကို ထိန်းချုပ်ပြီးမှသာ တစ်ထောင်တန်ထီလက်မှတ်များအား ပြည်သူများထံသို့ ထုတ်ဝေဖြန့်ချီပေးသင့်ကြောင်း ပြည်သူများအကြား ဝေဖန်ပြောဆိုမှုအချို့ရှိနေပါတယ်။

၁၀၀၀ ကျပ်တန် ထီလက်မှတ်များကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စတင်ရောင်းချပေးသွားမည်ဟု စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ၊ ပြည်တွင်းအခွန်များဦးစီးဌာန ၊ အောင်ဘာလေသိန်းဆုဌာနခွဲမက  တရားဝင်ကြေငြာထုတ်ပြန်ထားပါတယ်။ အဲဒီလို ထုတ်ပြန်ပြီးနောက်ပိုင်း  ပြည်သူများအကြား ပြောဆိုဝေဖန်မှုတွေရှိလာတာပါ။

“ လူတွေရဲ့သဘောက အသစ်အဆန်းဆို စမ်းချင်ကြတယ် ဆိုတော့ စရောင်းတဲ့လကတော့ ရောင်းအားကောင်းနိုင်မယ်။ခုဖြစ်နေတာက  ပြန်ရောင်းဖို့ ပင်ရင်းလက်ကားထီဆိုင်မှာတောင် တစ်စောင်ကို ၅၈၀ ပေါက်နေတယ်။ဒီတော့ ဈေးကွက်မှာဘယ်လိုလုပ်မလဲ။လက်ရှိဖြစ်နေတဲ့ ၅၀၀ တန်ထီဈေးကွက်ကိုမထိန်းချုပ်ပဲ နောက်ထပ်တစ်ထောင်တန်ထပ်ထုတ်တာကတော့ ဖောင်းပွမှုကိုပိုဖြစ်စေမယ်။”ဟု  ရန်ကုန်မြို့တွင်နေထိုင်သည့် မအေးအေး ကပြောပါတယ်။

၁၀၀၀ ကျပ်တန် ထီလက်မှတ်များရောင်းချခြင်းနှင့်အတူ လက်ရှိရောင်းချနေဆဲဖြစ်သည့် ၅၀၀ ကျပ်တန်ထီလက်မှတ်များကိုလည်း ပူးတွဲရောင်းချသွားမည်ဖြစ်ကြောင်း ၊၁၀၀၀ တန်ထီလက်မှတ်အတွက် အမြင့်ဆုံးဆုအဖြစ် ကျပ်သိန်း ၁၅၀၀၀ – သိန်းတစ်သောင်းငါးထောင် ချီးမြှင့်မည်ဖြစ်ပြီး  ၅၀၀ ထီလက်မှတ် ဆုကြေးသည်  ပုံမှန် အတိုင်းပင်ချီးမြှင့်မည်ဖြစ်ကြောင်းသိရပါတယ်။

“  ဝန်ထမ်းဆိုတော့ ပေါက်မလားဆိုတဲ့ စိတ်လေး မျှော်လင့်ချက်လေးနဲ့ လတိုင်းထိုးတယ်။ကျွန်တော်တို့ဘက်မှာ  ၅၀၀ တန်ကို ၇၀၀ ထိ ပေးရတယ်။ခုလည်း ၁၀၀၀ တန်ထွက်မယ်ဆိုတော့ ၁၂၀၀ လောက်ထိတော့မှနတယ် ” ဟု နဲ့ ပဲခူးတိုင်းဒေသကြီးတွင်းနေထိုင်သူ ကိုနေ၀င်းက ပြောပါတယ်။

ဖေဖော်ဝါရီလတွင် စတင်ထုတ်ဝေမည့် ၁၀၀၀ ကျပ်တန်ထီလက်မှတ်သည် အလျား ၁၃.၈ စင်တီမီတာ ရှိပြီး အနံ ၆.၄ စင်တီမီတာရှိကြောင်း  ကြေငြာချက်တွင်ဖော်ပြထားပါတယ်။

#VOICEOFMYANMAR#တထောင်တန်ထီ

Related posts

Leave a Comment

VOM News

FREE
VIEW