မုံရွာ – ၂၃-၁-၂၀၁၉ ရိုက်ကူး (ဗျဂ္ဃ VOM) တရုတ်နိုင်ငံမှာ အခက်ခဲနဲ့ရင်ဆိုင်ရတဲ့ အလုပ်သမားတွေကို သက်ဆိုင်ရာက ကယ်ထုတ်ပြီး နေရပ်ရင်းကို ပြန်ပို့တာမာ မုံရွာတဝိုက်က လူငယ် ၄၅ယောက် ပထမဆုံးအသုတ်အဖြစ် မုံရွာကို လုံခြုံစွာရောက်ရှိခဲ့ပါတယ်။ အဲလိုရောက်လာသူတွေကို ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် ဇနီး၊ လူမှုရေးဝန်ကြီး၊ နယ်လုံဝန်ကြီး၊ တိုင်းအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူတွေ မုံရွာမြို့ ရွှေစည်းခုံဘုရား သာသနာ့ဗိမာန်မှာ ဇန်နဝါရီလ ၂၃ ရက်နေ့ မနက် ၈ နာရီခန့်အချိန်က လာရောက်တွေ့ဆုံအားပေးခဲ့ပါတယ်။ ဒီညမှာပဲ တရုတ်နိုင်ငံ ပင်လယ်ကမ်းစပ်ကနေ အစိုးရအကူအညီနဲ့ ပြန်လည်ကယ်ထုတ်ခဲ့ရတဲ့ ၁၅ ယောက်အဖွဲ့ ထပ်မံရောက်ရှိလာဦးမယ်လို့သိရပါတယ်။ #voiceofmyanmar#တရုတ်နိုင်ငံကမြန်မာလုပ်သားများ
Read MoreMonth: January 2019
ပန်းမြောင်းကျေးရွာသားတစ်ဦး နေအိမ်ခြံဝင်းအတွင်း ပစ်ခတ်ခံရ
စစ်တွေ၊ ဇန်န၀ါရီ ၂၃-၂၀၁၉ ခိုင်လင်းစံ(VOM) ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာမှာ မနေ့ည ၉ နာရီ ၂၀ ခန့်က ကျေးရွာသားတစ်ဦးဟာ နေအိမ်ခြံဝင်းအတွင်း ပစ်ခတ်ခံလိုက်ရတဲ့အတွက် သေဆုံးမှုဖြစ်ပွားခဲ့ပါတယ်။ အခင်းဖြစ်ပွားခဲ့တဲ့နေရာဟာ ပန်းမြောင်းကျေးရွာ ရွာဟောင်းရွပ်ကွက်အတွင်းဖြစ်ပွားခဲ့တာဖြစ်ပြီး သေဆုံးသူ ဦးမောင်အေးသိန်း ၅၆ နှစ်မှာ နေအိမ်ခြံတံခါးကို ပိတ်ဖို့ပြင်နေတန်း လူတစ်ဦးလာရောက်ပစ်ခတ်သွားခဲ့တာဖြစ်ပါတယ်။ “မနေ့က ပစ်ခတ်ခံလိုက်ရတဲ့အတွက်ရွာဟောင်းပိုင်းက ကိုမောင်အေးသိန်းသေဆုံးသွားတာဟုတ်ပါတယ်။ ဘယ်သူတွေပစ်လဲဆိုတာတော့မသိဘူး။ နေအိမ်ခြံထဲကိုဝင်ပစ်သွားခဲ့တာလို့ သိရပါတယ်။”လို့ ပန်းမြောင်းကျေးရွာသားတစ်ဦးက ပြောပါတယ်။ သေဆုံးသူဦးမောင်အေးသိန်းမှာ အခင်းဖြစ်ပွားချိန်တွင် နေအိမ်အတွင်း ဇနီးသည်နှင့် သားတစ်ယောက်တို့ရှိနေချိန် အခုလိုပစ်ခတ်ခံလိုက်ရတာဖြစ်ပါတယ်။ ပန်းမြောင်းကျေးရွာ အုပ်ချုပ်ရေးမှူးက“ဦးမောင်အေးသိန်းက မနေ့ကည ၉ နာရီခွဲလောက်မှာ သူ့အိမ်တံခါးကိုပိတ်ဖို့အတွက် ပြင်နေတုန်းလူတစ်ယောက်ရောက်လာပြီးတော့ ကိုမောင်အေးသိန်းလားလို့မေးပြီး ပစ်သွားတာလို့ မိသားစုတွေပြောတာပေါ့။ ဘယ်ကလဲဆိုတာတော့မသိဘူး။ ထွက်ပြေးသွားတယ်။ သေနတ်နဲ့ငါးချက်ပစ်ခတ်သွားတယ်။”လို့ ပြောပါတယ်။ သေဆုံးသူဦးမောင်အေးသိန်းမှာ (၉- မမ)ကျည်အမျိုးအစားဖြင့် ပစ်ခတ်ခံလိုက်ရခြင်းဖြစ်ပြီး ညာဘက်ရင်အုံပေါ်တွင် တစ်ချက်၊…
Read Moreအသက်၁၅နှစ် မိန်းကလေးကို သားမယားပြုကျင့်တဲ့ ရဲဒု-တပ်ကြပ်ကို ကာယကံရှင်ရဲ့ဖခင်က အမှုဖွင့်တိုင်တန်းထား
မန္တလေး၊ ဇန်နဝါရီ ၂၃-၂၀၁၉ ဟိန်းကို(VOM) မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် ၊ အမှတ်(၇) ရဲစခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဒု-တပ်ကြပ် တေဇအောင်ဟာ အသက်၁၅နှစ်အရွယ် မိန်းကလေးကို ဇန်နဝါရီလ ၂၂ ရက်နေ့ ညပိုင်းက သားမယားပြုကျင့်မှု ၂ ကြိမ်ကျူးလွန်ခဲ့တယ်ဆိုပြီး အမှုဖွင့်တိုင်ကြားခံနေရပါတယ်။ ဒီကိစ္စအတွက် အမှတ်(၇) ရဲစခန်း စခန်းမှူး ရဲအုပ်ခင်ဇော်ကို VOM က ဆက်သွယ်မေးကြည့်တော့ “အမှုဖွင့်ထားတာက ကောင်မလေးရဲ့ အဖေက အမှုဖွင့်ထားပါတယ်၊ လောလောဆယ်ကျွန်တော်တို့က ဆေးစစ်ဆေးမှုအပိုင်းလုပ်နေပါတယ်၊ နယ်ထိန်းအဖွဲ့တွေနဲ့ တရာခံဖမ်းဆီးရမိရေး ဆောင်ရွက်နေပါတယ်၊ အဲ့ဒီရဲတပ်ဖွဲ့ဝင် ကောင်လေးကလည်း အမှုဖြစ်ကတည်းက စခန်းကို ပြန်မလာတော့ပဲ ရှောင်တိမ်းနေတယ်၊ သူ့မိသားစုတွေရှိတဲ့ ရန်ကုန်ဘက်ကိုလည်း ဖမ်းဆီးရမိရေး ဆောင်ရွက်နေပါတယ် ” လို့ ဖြေပါတယ်။ ရဲဒု-တပ်ကြပ် တေဇအောင်ဟာ မဟာအောင်မြေမြို့နယ်၊ မဟာအောင်မြေအနောက်ရပ်ကွက်၊ မင်းစံရပ်၊ အကွက်အမှတ်…
Read Moreအွန်လိုင်းပေါ်က ဓါတ်ပုံတွေကြောင်ြ့မန်မာနိုင်ငံ ဆေးကောင်စီမှာ ခံဝန်ကတိထိုးရမယ့် မော်ဒယ်လ် နန်းမွေစံ
ရန်ကုန် ဇန်န၀ါရီ ၂၃-၂၀၁၉ သင်းသဒ္ဒါ (VOM) ဆရာဝန်မော်ဒယ်လ် တစ်ယောက်အဖြစ်နဲ့ လူသိများခဲ့တဲ့ နန်းမွေစံကတော့ မြန်မာနိုင်ငံ ဆေးကောင်စီမှာ ခံဝန်ကတိလက်မှတ်ထိုးရမယ်လို့ ဆိုပါတယ်။ “ပြီးခဲ့အပတ်လောက်က ကျွန်မကို မြန်မာနိုင်ငံဆေးကောင်စီက စကားပြောချင်တယ်ဆိုပြီးတော့ စာ ရောက်လာပါတယ်။ ကျွန်မကလည်း မေးလိုက်တယ် ဆမသိမ်းမို့လားပေါ့။ ကျွန်မ ဆမ ရပြီးသားပါ။ ဆရာဝန် မှတ်ပုံ တင်ပေါ့။ သိမ်းဖို့ အစီအစဉ်တော့ မဟုတ်ပါဘူး။ ခံဝန်ကတိလက်မှတ်တော့ ထိုးရမယ်တဲ့။ မြန်မာယဉ်ကျေးမှုနဲ့ ဆန့်ကျင်တဲ့ ပြောဆိုပြုမူတာတွေ မလုပ်ဖူးလို့ခံဝင် ကတိလက်မှတ်ထိုးခဲ့ရပါသေးတယ်။ ဘယ်သူမှ ဆရာဝန် အလုပ်နဲ့ အနုပညာအလုပ်တွဲဖက် လုပ်ကိုင်တာ ဘယ်သူမှမရှိပါဘူး။ သူများတွေဆိုရင် ဆမ မရခဲ့ကြတာ တွေရှိခဲ့တယ်။ ကျွန်မကတော့ ဆမရခဲ့သေးတယ်။ မသိမ်းသေးဘူးလို့တော့ ပြောတာပါပဲ”လို့ ဆိုပါတယ်။ သူမကတော့ လောလောဆယ် Photo မော်ဒယ်လ်အလုပ်တွေကို ၀ါသနာပါတယ်ဆိုရင်…
Read Moreမျက်နှာပြောင်တော့ မတိုက်သင့်
ကာတွန်း ရွှေဗိုလ်
Read Moreရခိုင်ပြည်နယ်မှာ နိုင်ငံတကာနဲ့ပူးပေါင်းပြီး ရင်းနှီးမြှုပ်နှံမှုပြပွဲပြုလုပ်ဖို့ အစိုးရစီစဉ်
စစ်တွေ၊ ဇန်နဝါရီ ၂၃-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်အတွင်းက စီးပွားရေးလုပ်ငန်းတွေနဲ့ပတ်သက်လို့ လာမယ့်ဖောဖော်ဝါရီလအတွင်း ရခိုင်ပြည်နယ် တောင်ပိုင်း ဒေသ သံတွဲမြို့နယ်အတွင်းမှာ ရင်းနှီးမြှုပ်နှံမှု ပြပွဲတစ်ခုကို ကျင်းပပြုလုပ်သွားဖို့ရှိနေပါတယ်။ အဲဒီရင်းနှီးမြှုပ်နှံမှု ပြပွဲကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်ကျင်းပသွားမှာဖြစ်ပြီးတော့ အဲဒီပြပွဲကို နိုင်ငံတကာရင်းနှီး မြှုပ်နှံမှုလုပ်ငန်းတွေနဲ့ပါ ချိတ်ဆက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ “လာမယ့် ဖေဖော်ဝါရီ ၂၁ ကနေ ၂၃ ရက်နေ့တွေမှာ သံတွဲမှာ ရင်းနှီးမြှုပ်နှံမှု ပြပွဲတစ်ခုကို ကျင်းပပြုလုပ်သွားဖို့ရှိပါတယ်။ အဲဒီမှာ နိုင်ငံတကာကပါ ပါဝင်ပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် ကြီးကြီးမားမားလုပ်ဖို့ရှိပါတယ်။ အဲဒီအတွက် တချို့ဆိုလည်း သိနေကြပါပြီ။ တရားဝင်လည်း ကမ်းလှမ်းဖိတ်ခေါ်မှုတွေ ပြုလုပ်သွားမှာဖြစ်ပါတယ်။”လို့ ဝန်ကြီးချုပ်ဦးညီပုက ပြောကြားပါတယ်။ ယခုကဲ့သို့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအား ဖိတ်ခေါ်ကျင်းပရခြင်းမှာ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း စဉ်များ အောင်မြင်လာနိုင်ရေးအတွက်ဖြစ်ပြီး ရခိုင်ဒေသတည်ငြိမ်အေးချမ်းမှုရရှိလာဖို့အတွက် ဖွံ့ဖြို့မှုလုပ်ငန်းများကို ဦးစားပေးဆောင်ရွက်နေခြင်းဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။ “တည်ငြိမ်အေးချမ်းမှုအတွက် ဖွံ့ဖြိုးမှုဟာ အင်မတန်အရေးကြီးပါတယ်။…
Read MoreLGBTတွေ ကိုယ်တိုင်လည်း သိက္ခာ ၊စာရိတ္တ ၊ အမူအကျင့်ပိုင်းဆိုင်ရာကိစ္စရပ်တွေကို မိမိတို့အသိစိတ်ဓာတ်နဲ့ပြုပြင်ပြောင်းလဲရမယ်
ရန်ကုန် ဇန်န၀ါရီ ၂၂-၂၀၁၉ TGH (VOM) LGBT တွေ အပေါ် ခွဲခြားဆက်ခြင်းကိစ္စရပ်တွေ မရှိဖို့ဆိုရင် အဓိကအချက် ၃ ချက်နဲ့ထိန်းချုပ်ရမှာဖြစ်ပြီး အဲ့ဒီအချက်တွေထဲမှာ LGBT တွေကိုယ်တိုင် သိက္ခာ ၊စာရိတ္တ ၊ အမူအကျင့်ပိုင်းဆိုင်ရာကိစ္စရပ် တွေကို မိမိတို့အသိစိတ်ဓာတ်နဲ့ပြုပြင်ပြောင်းလဲဖို့ကြိုးစားရမှာဖြစ်တယ်လို့ Equality Myanmar and LGBT right advocate ရဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောပါတယ်။ ဥပဒေတွေကို ပြုပြင်ပြောင်းလဲဖို့က ပထမအချက်ဖြစ်ပြီး ဒုတိယအနေနဲ့ ပြည်သူလူထုအကြားမှာလည်း LGBT ဆိုတာ လူသားတွေပဲဖြစ်တယ် ၊ ဆိုရှယ်မီဒီယာတချို့မှာ ဖော်ပြနေသလို ဟာသ ၊ တန်ဖိုးမရှိ ၊ အပြောင်အပျက်တွေကိုသာ လုပ်တတ်သူတွေမဟုတ်ကြောင်းနဲ့ LGBT တွေမှာလည်းအရည်အချင်းရှိတယ်ဆိုတာ အသိပညာပေးရမှာဖြစ်ပါတယ်။နောက်ဆုံးအနေနဲ့ကတော့ LGBT တွေကိုယ်တိုင်ကလည်း အကျင့်သိက္ခာ ၊ စာရိတ္တပိုင်းဆိုင်ရာ ၊ အမူအကျင့်တွေကို ကိုယ့်ရဲ့စိတ်ဓာတ်နဲ့ပြုပြင်ပြောင်းလဲဖို့…
Read Moreတောင်မင်းကုလားကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးကို လူတစ်စုကဖမ်းဆီးခေါ်ဆောင်
ကျောက်တော်၊ ဇန်နဝါရီ ၂၂-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ယိုးချောင်းအထက်ပိုင်းကျေးရွာတစ်ရွာဖြစ်တဲ့ ကျောက်တော်မြို့နယ် တောင်မင်းကုလား ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဦးထွန်းနုကို အမည်မသိအဖွဲ့အစည်းတစ်ခုကနေ ဇန်နဝါရီ ၂၀ညနေပိုင်းက ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပါတယ်။ အဲဒီဖမ်းဆီးခေါ်ဆောင်မှုကိုခံလိုက်ရတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးဟာ ဇန်နဝါရီလ ၂၀ ရက်နေ့ညနေပိုင်းက အိမ်ပြန်စဉ် တောင်မင်းကုလားကျေးရွာနဲ့ သံချောင်းကျေးရွာအကြားလမ်းမှာ ဖမ်းဆီးခံလိုက်ရတာဖြစ်ပါတယ်။ “တောင်မင်းကုလားကျေးရွာအုပ်ချုပ်ရေးမှူးက သံချောင်းကျေးရွာမှာနေတာပါ။ တစ်နေ့က ညနေပိုင်းမှာ ဒီကယ်ဆယ်ရေးစခန်းကနေ သံချောင်းကိုပြန်တဲ့အခါ လမ်းမှာခေါ်သွားတာလို့သိရတယ်။ ညနေ ၈ နာရီလောက်မှာ ဒီကနေပြန်သွားတာပါ။”လို့ တောင်မင်းကုလားကျေးရွာကယ်ဆယ်ရေးစခန်းက စစ်ဘေးရှောင် ဦးအောင်ထွန်းက ပြောပါတယ်။ ဖမ်းဆီးခံလိုက်ရတဲ့ အုပ်ချုပ်ရေးမှူး ဦးထွန်းနုမှာ မြိုလူမျိုးတစ်ဦးဖြစ်ပြီး တောင်မင်းကုလားကျေးရွာအထက်ပိုင်းမှာရှိတဲ့ သံချောင်းကျေးရွာမှာ မိသားစုတွေနဲ့အတူ နေထိုင်နေသူတစ်ဦးလည်းဖြစ်ပါတယ်။ “ဘယ်သူတွေလဲကျွန်တော်တို့တော့မသိဘူး။ တပ်မတော်သားဟန်ဆောင်ပြီးတော့ ခေါ်သွားတာလို့ပြောတယ်။ အဘကအရေးတကြီးခေါ်ခိုင်းတယ်လို့ ပြောပြီးတော့ ခေါ်သွားတယ်လို့ကြားတယ်။ မနေ့က မိသားစုတွေဒီကိုလာတိုင်တဲ့အခါမှ ကျွန်တောတို့လည်း သိလိုက်ရတာပါ။”လို့ ဦးအောင်ထွန်းက ဆက်လက်ပြောကြားပါတယ်။…
Read Moreအာဆင်နယ်နောက်ခံလူ ဘယ်လာရင် ဒူးဒါဏ်ရာကြောင့် ရာသီကုန်အထိ နားရတော့မည်
လန်ဒန်၊ ဇန်န၀ါရီ-၂၂ ရန်နိုင်ထွန်း (VOM) အာဆင်နယ်အသင်းက စပိန်ညာနောက်ခံကစားသမာ ဘယ်လာရင်ဟာ ချယ်ဆီးကို နှစ်ဂိုးပြတ်အနိုင်ရခဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဒူးဒါဏ်ရာရရှိခဲ့တာကြောင့် ရာသီကုန်အထိ အနားယူရတော့မှာဖြစ်ပါတယ်။ ဘယ်လာရင်ရဲ့ ဒူးဒါဏ်ရာနဲ့ပတ်သက်ပြီး နောက်ထပ်ဆေးစစ်မှုတွေ လုပ်သွားမှာပါ။ ဒါပေမယ့် အခြေအနေက သိပ်တော့မကောင်းဘူးလို့ အသင်းတာဝန်ရှိသူတစ်ဦးက ပြောဆိုပြီး အနည်းဆုံ ကိုးလလောက်အထိ အနားယူရနိုင်တယ်လို့ ဆိုပါတယ်။ ဘယ်လာရင်ဟာ ဇန်န၀ါရီ ၂၀ ရက်က ယှဉ်ပြိုင်ကစားခဲ့တဲ့ ချယ်ဆီးအသင်းနဲ့ ပွဲစဉ်မှာ ပွဲကစားချိန် ၇၀ မိနစ်မှာ ချယ်ဆီးကွင်းလယ်လူ ရို့ဘာကလေကြောင့် ၎င်းရဲ့ဒူးမှာ ဒါဏ်ရာရရှိပြီး လူစားလဲခဲ့ရပါတယ်။ အသင်းရဲ့ပွဲစဉ်တွေကို ရာသီကုန်အထိ လွဲချော်တော့မှာဖြစ်တဲ့အတွက် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ထိပ်ဆုံးလေးသင်းနေရာ ရာသီကုန်မှာ ရပ်တည်နိုင်ဖို့ ကြိုးစားနေတဲ့အာဆင်နယ်အသင်းအတွက်တော့ ထိုးနှက်ချက်တစ်ခုဖြစ်ပါတယ်။ အသင်းရဲ့ ညာနောက်ခံလူနေရာအတွက် ဘယ်လာရင်အစား အိန်စလေကို အစားထိုးအသုံးပြုဖွယ်ရှိတယ်လို့ အာဆင်နယ်နည်းပြ အူနိုင်းအမ်မရီက ထုတ်ဖော်ပြောဆိုပါတယ်။ Ref: The…
Read Moreရခိုင်ပြည်နယ်အတွက်လိုအပ်နေတဲ့အရံဆန်တန်ချိန် ၂၅၀ ကို ကိုးရီးယားအစိုးရလှူဒါန်း
စစ်တွေ၊ ဇန်နဝါရီ ၂၂-၂၀၁၉ ခိုင်လင်းစံ(VOM) ရခိုင်ပြည်နယ်အတွက် လိုအပ်နေတဲ့ အရံဆန်တန်ချိန် ၂၅၀ ကို ကိုးရီးယားသမ္မတနိုင်ငံက ဒီကနေ့မနက်ပိုင်းမှာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကို ပေးအပ်လှူဒါန်းလိုက်ပါတယ်။ အဲဒီဆန်တွေကို ရခိုင်ပြည်နယ်အတွင်းက လိုအပ်နေတဲ့ နေရာတွေမှာ ဒေသခံပြည်သူတွေအတွက် အသုံးပြုနိုင်ရေး အတွက် လှူဒါန်းတာဖြစ်ပြီး မြန်မာနိုင်ငံဆိုင်ရာ ကိုးရီးယားနိုင်ငံသံအမတ်ကြီး HE.Mr. Lee Daung Hwa က လာရောက်ပေးအပ်ခဲ့တာဖြစ်ပါတယ်။ “ကျွန်တော်တို့အစိုးရဟာ ယမာန်နှစ်ကလည်း မြန်မာဒုက္ခသည်တွေအတွက် ဆန်တန်ချိန် ၁၈၀၀ ကိုပေးအပ်လှူးဒါန်းခဲ့ ပါတယ်။ ပြီးခဲ့လကလည်း တိုင်းဒေသကြီးတချို့မှာ ဆန်လှူဒါန်းပွဲတွေကို ကျင်းပပြုလုပ်ခဲ့ပါတယ်။ အခုလည်း ရခိုင်ပြည်နယ်အတွင်းမှာ ဆန်လှူဒါန်းပွဲအခမ်းအနားကို ပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။”လို့ သံအမတ်ကြီး Mr.Lee Daung Hwa က ပြောကြားခဲ့ပါတယ်။ အခုလိုမျိုး ရခိုင်ပြည်နယ်အတွက် ကိုးရီးယားသမ္မတနိုင်ငံကနေ ဆန်တန်ချိန် ၂၅၀ ကိုပေးအပ်လှူဒါန်းပေးတဲ့အတွက် ကျေးဇူးတင်ကြောင်းနဲ့ မြန်မာနိုင်ငံရဲ့အကျပ်အတည်းနဲ့ကြုံတွေ့နေရတဲ့အချိန်မှာ အကူအညီထောက်ပံ့မှုတွေ ပြုလုပ်ပေးတဲ့…
Read More