လူ ၃၀၀ ကျော်သေဆုံးခဲ့ရတဲ့ ဘရာဇီးဆည် ကျိုးကျတဲ့ ရုပ်သံမှတ်တမ်းထွက်ပေါ်

ဘရာဆီးလီးယား၊ ဖေဖော်ဝါရီ-၂

မျိုးဆက် (VOM)

ဘရာဇီးနိုင်ငံတောင်ပိုင်းရှိ သံသတ္တုမိုင်းတွင်းတစ်ခုမှာ အသုံးပြုတဲ့ ဆည်ကျိုးမှုဖြစ်ပေါ်ခဲ့တဲ့ ထိတ်လန့်ဖွယ်  ရုပ်သံမှတ်တမ်းထွက်ပေါ်လာပြီး ဆည်ကျိုးကျတာကြောင့်  လူပေါင်း ၃၀၀ကျော်သေဆုံးခဲ့ရပါတယ်။

အဆိုပါ ရုပ်သံမှတ်တမ်းကို  Bandeirantes ရုပ်သံလိုင်းက ဖမ်းယူထားခြင်းဖြစ်ပြီး မီနာဂျရွိုက်စ်ပြည်နယ်၊ ဘရူမာဒင်ဟို ဒေသရှိ သတ္တုတွင်းကုမ္ပဏီသက်သာဆိုင်နဲ့  အနီးဝန်းကျင်ရှိ အဆောက်အဦတွေအပေါ် ရွှံ့တွေပြိုဆင်းလာပုံကို ဖော်ပြထားပါတယ်။

အဆိုပါမိုင်းတွင်းဟာ Vale SA သတ္တုတူးဖော်ရေးကုမ္ပဏီပိုင်ဖြစ်ပါတယ်။ ထိုသို့သောဖြစ်ရပ်မျိုးဟာ သုံးနှစ်အတွင်း အဆိုပါ ကုမ္ပဏီပိုင်မိုင်းတွင်းတွေထဲမှာ ဒုတိယအကြိမ် မတော်တဆမှုဖြစ်ပါတယ်။

ယင်းဖြစ်ရပ်နဲ့ ပတ်သက်ပြီး လူငါးဦးဖမ်းဆီးခံထားရပြီး သုံးဦးမှာ ကုမ္ပဏီအရာရှိတွေဖြစ်တယ်လို့  ဘရာဇီးအစိုးရ ရှေ့နေတွေက ပြောပါတယ်။

#voiceofmyanmar#လူ၃၀၀ကျော်သေဆုံးခဲ့ရတဲ့#ဘရာဇီးဆည်ကျိုးကျတဲ့ရုပ်သံမှတ်တမ်းထွက်ပေါ်#

Ref: BBC   Video : R

Related posts

Leave a Comment

VOM News

FREE
VIEW