စီးပွားရေးလုပ်ငန်းတွေကိုအပေါင်မဲ့ချေးငွေ ပေးအပ်နိုင်မယ့် ငွေကြေးသဘောတူညီမှုစာချုပ် လက်မှတ်ရေးထိုး

ရန်ကုန်၊ဖေဖော်ဝါရီ ၂-၂၀၁၉

TGH(VOM)

ပြည်သူ ၅၀၀၀ ကျော်ကို အပေါင်ပစ္စည်းမဲ့ချေးငွေ ဝန်ဆောင်မှုပေးနိုင်ဖို့အတွက်  မြန်မာကျပ်ငွေ ၂.၂ ဘီလီယံရှိ Semi Collateralized ငွေကြေးသဘောတူညီမှုစာချုပ်ကို မဟာဘောဂ ငွေကြေးလုပ်ငန်း နဲ့  ရိုးမဘဏ်တို့သဘောတူညီ ရေးထိုးခဲ့တယ်လို့ ရိုးမဘဏ်ကနေသိရပါတယ်။

ဒီ ငွေကြေးသဘောတူညီမှုစာချုပ် ချုပ်ဆိုခဲ့တာဟာ   ဈေးကွက်အတွင်းမှာ တောင်းဆိုမှုအများဆုံးဖြစ်တဲ့ တစ်ဦးချင်းချေးငွေနှင့် လုပ်ငန်းချဲ့ထွင်မယ့် စီးပွားရေးလုပ်ငန်းတွေအတွက် လိုအပ်သော အပေါင်မဲ့ချေးငွေကို ပေးအပ်နိုင်ဖို့ ဖြစ်ပါတယ်။

“   မြန်မာနိုင်ငံမှာရှိတဲ့ သူတိုင်းအတွက် အရေးပါတဲ့ ငွေကြေးကူညီထောက်ပံ့မှု နဲ့ ချေးငွေရယူမှုအတွက်  ကူညီတာဖြစ်တယ်၊  ရိုးမဘဏ်ရဲ့ငွေကြေးကူညီထောက်ပံ့ပေးတဲ့ ဝန်ဆောင်မှု စတင်ခဲ့တဲ့ အချိန်ကနေ ယခုအချိန်အထိ မြန်မာကျပ်ငွေ ၇၅.၇ ဘီလီယံ ပေးအပ်ခဲ့ပြီးဖြစ်ပါတယ် ” ဟု ရိုးမဘဏ်ရဲ့ CEO ဖြစ်သူ Mr. Hal Bosher က ပြောပါတယ်။

ရိုးမဘဏ်အနေနဲ့ အသေးစားငွေချေးလုပ်ငန်း အဖွဲ့အစည်း၊  ဘဏ်မဟုတ်သော  ငွေကြေးဝန်ဆောင်မှု လုပ်ငန်း အဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီး သမရိုးကျ ဘဏ်လုပ်ငန်းနဲ့ အလှမ်းဝေးတဲ့ ပြည်သူတွေကို  ပုံမှန်ဘဏ္ဍာရေး  ငွေကြေးစနစ်မှာ ပူးပေါင်းပါဝင်လာအောင် ဦးဆောင်ကြိုးစားနေတာ ဖြစ်ပါတယ်။

မဟာဘောဂ ချေးငွေလုပ်ငန်းက သာမန်လူတန်းစား ဝန်ထမ်းတွေ ၊ အများဆုံးရယူနေတဲ့ တစ်ဦးချင်းချေးငွေ၊ ငှားရမ်းခြင်း ၊ အပေါင်ပစ္စည်းနဲ့ ရယူနိုင်တဲ့ အိမ်ယာချေးငွေ ၊ ကားဝယ်ယူချေးငွေအပါအဝင် စတဲ့  အမျိုးမျိုးသော ချေးငွေ ဝန်ဆောင်မှုပေးနေတယ်လို့သိရပါတယ်။

” ဝန်ထမ်းတွေအတွက်တော့ အဆင်ပြေတယ်ပဲပြောရမှာပေါ့၊ ချေးငွေလျှောက်လို့ရတယ်၊ လိုအပ်တဲ့အချက်အလက်တွေ တိတိကျကျ ပြည့်စုံတယ်ဆိုရင် အချိန်မြန်တယ်၊ကျွန်မ ချေးငွေယူတုန်းက ၂ ပတ် ဝန်းကျင်လောက်အကြာမှာရတယ်။ ပြီးတော့ လစဉ်ဆပ်တဲ့ စနစ်နဲ့ပေါ့ ။ ခုဆို ၄ လလောက်ရှိပြီ ။ “လို့ မဟာဘောဂ ချေးငွေလုပ်ငန်းကနေ ချေးငွေရယူထားတဲ့ ရန်ကုန်မြို့မှ မသူဇာက ပြောပါတယ်။

မဟာဘောဂ ချေးငွေလုပ်ငန်းအနေနဲ့ ဒီနှစ်အတွင်းမှာပဲ  ရုံးခွဲပေါင်း ၄ ခုကို ထပ်မံတိုးချဲ့ပြီး ရုံးခွဲတစ်ခုစီမှာ မြန်မာကျပ်ငွေ ၂ ဘီလီယံချမှတ်ထားတယ်လို့ မဟာဘောဂရဲ့ Vice president  ဖြစ်သူ Mr.Katsunori Aita ရဲ့  ပြောကြားချက်အရ သိရပါတယ်။

၎င်းချေးငွေလုပ်ငန်းကို ၂၀၁၄ ခုနှစ်မှာ  စတင်တည်ထောင်ခဲ့တာဖြစ်ပြီး လက်ရှိရန်ကုန်မှာ  Client ပေါင်း ၁၄,၀၀၀ ကျော်ကို ငွေကြေးဝန်ဆောင်မှု  ပေးအပ်နေပြီး   မြန်မာကျပ်ငွေ ၄.၅၉ ဘီလီယံ နဲ့လုပ်ငန်းလည်ပတ်နေတယ်လို့သိရပါတယ်။

#voiceofmyanmar#ရန်ကုန်#စီးပွားရေးလုပ်ငန်းတွေကိုအပေါင်မဲ့ချေးငွေပေးအပ်နိုင်မယ့်ငွေကြေးသဘောတူညီမှုစာချုပ်လက်မှတ်ရေးထိုး#

Related posts

Leave a Comment

VOM News

FREE
VIEW