စစ်ကိုင်းနဲ့ မုံရွာတို့မှာ ဂျပန်ရိုးရာ အက၊အလှ ဖျော်ဖြေပွဲ ကျင်းပမည်

မုံရွာ ဖေဖော်ဝါရီ ၆-၂၀၁၉

မောင်တာရာ(VOM)

စစ်ကိုင်းတိုင်းဒေသကြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ဂျပန်ရိုးရာအက (Manjushaka) အဖွဲ့ရဲ့ ရိုးရာအက၊အလှ ဖျော်ဖြေပွဲကို စစ်ကိုင်းမြို့ နဲ့ မုံရွာမြို့တို့မှာ ကျင်းပပြုလုပ်သွားမည်ဖြစ်တယ်လို့ စစ်ကိုင်းတိုင်း.ခရီးသွားလုပ်ငန်းကော်မတီက သိရပါတယ်။

”စစ်ကိုင်းတိုင်းခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်ပြီး ကျင်းပတာပါ၊ ပြီးတော့ ဂျပန်ရိုးရာအက (Manjushaka)အဖွဲ့ကို စစ်ကိုင်းတိုင်းခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် သံတမန် ခန့်အပ်မယ်၊ သူတို့က နိုင်ငံတကာလှည့်လည် ကပြဖျော်ဖြေနေတာ၊နိုင်ငံတကာ ကပြဖျော်ဖြေပွဲတွေမှာ စစ်ကိုင်းတိုင်းဒေသကြီးကို ခရီးသွားဖို့ ကြော်ငြာပေးမှာပေါ့ နော် ”လို့ စစ်ကိုင်းတိုင်း.ခရီးသွားလုပ်ငန်းကော်မတီမှ ဦးသန်းဌေး ကပြောပါတယ်။

စစ်ကိုင်းတိုင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်ကျင်းပမယ့် ဂျပန်ရိုးရာအက (Manjushaka) အဖွဲ့ရဲ့ အကအလှဖျော်ဖြေပွဲကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ညပိုင်းမှာ စစ်ကိုင်းမြို့၊မြို့တော်ခန်းမမှာ ကျင်းပသွားမှာဖြစ်ပြီး ၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ ညပိုင်းမှာတော့ မုံရွာမြို့ မြို့တော်ခန်းမမှာ ကပြဧည့်ခံသွားမှာဖြစ်ပါတယ်။

စစ်ကိုင်းမြို့ နဲ့ မုံရွာမြို့တို့မှာ ကျင်းပမယ့် ဂျပန်ရိုးရာအက (Manjushaka) အဖွဲ့ရဲ့ ရိုးရာအက၊အလှ ဖျော်ဖြေပွဲနဲ့ ပတ်သက်ပြီး စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမမှာ ဖေဖော်ဝါရီလ ၅ ရက်နေ့ နေ့လယ်ပိုင်းက စစ်ကိုင်းတိုင်းစီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦး၊ စစ်ကိုင်းတိုင်းဒေသကြီးခရီးသွားလုပ်ငန်းကော်မတီမှ တာဝန်ရှိသူတွေ နဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက အစည်းအဝေးတရပ် ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။

#voiceofmyanmar#စစ်ကိုင်းနဲ့မုံရွာတို့မှာ#ဂျပန်ရိုးရာအက၊အလှဖျော်ဖြေပွဲကျင်းပမည်#

 

 

 

Related posts

Leave a Comment

VOM News

FREE
VIEW