ရှမ်း​လေးကျွန်း​​အနီးက သဲ​တွေကို စည်းကမ်းမဲ့စုပ်​​ယူ​နေတဲ့ကိစ္စ ​သက်ဆိုင်ရာအနေနဲ့ မျက်နှာလွှဲမနေဖို့ ဒေသခံတွေ သတင်းစာရှင်းလင်းပွဲလုပ်

မန္တ​လေး၊ ​ဖေ​ဖေါ်ဝါရီ ၉-၂၀၁၉

ဟိန်းကို(VOM)

 

မန္တ​လေးတိုင်း​ဒေသကြီး ၊ အမရပူရမြို့နယ်​၊ ရှမ်း​လေးကျွန်းစံပြ​ကျေးရွာ​မှာ ​မြေနုကျွန်းလုပ်​ကိုင်​​နေတဲ့ ​တောင်သူ​တွေရဲ့ ​မြေနုကျွန်းအနီးက သဲ​တွေကို စည်းကမ်းမရှိ အများအပြားစုပ်​ယူ​နေတာကို ​ဒေသခံ​တွေက မ​ကျေနပ်​ပဲ တားဆီ​စေချင်​တဲ့အတွက်  ဒီက​နေ့မနက်​ပိုင်းက မန္တ​လေး ကွန်​မြူ နတီစင်​တာမှာ ရှင်းလင်းပွဲတစ်​ရပ်​ ပြုလုပ်​ခဲ့ပါတယ်​။

 

ဒေသခံ​တွေ လုပ်​ကိုင်​စား​သောက်​​နေတဲ့ ​မြေနုကျွန်း​ပေါ်ကို ဦး​မောင်​ဝိတ်​ ရဲ့ (Mandalay Business Capital City Development Co.,Ltd- M.B.CC.D)ကုမ္ပဏီက လမ်း​တွေ​ဖောက်​လုပ်​ကာ သဲ​တွေကို​တောင်​ပုံယာပုံ စုပုံထားရှိပြီး သဲ​တွေကို အလွန်​အကျွံ စည်းကမ်းမရှိ စုပ်​ယူ​မှု​ကြောင့်​ ကမ်းပါး​တွေပြိုနေတာကြောင့် တားဆီး​စေချင်​တာဖြစ်​ပါတယ်​။

 

“အဲ့ကုမ္ပဏီက ခနတိုင်း သဲ​တွေလာစုပ်​တယ်​ ၊ ​ရေတိုး​တော့ ကမ်းပါး​တွေပြိုပြီ​လေ၊ ကျမတို့က နှစ်​(၆၀)ရှိပြီ လုပ်​ကိုင်​စား​သောက်​လာတာ ၊ ဥပမာ ၁ဧကကို ဒသမ၁၀၀ရှိတယ်​ထား ခုလိုသဲ​တွေစုပ်​​တော့ ဒသမ၅၀ပဲကျန်​​တော့တယ်​ အဲ့ဒါတွေကို တား​စေချင်​တာပါ” လို့ ​ဒေသခံ​တောင်​သူ ​ဒေါ်ဝင်းဝင်းသန်း က ​ပြောပါတယ်​။

ဒေသခံ​တွေရဲ့ ​မြေနုကျွန်း​နေရာ​တွေကို (M.B.CC.D)ကုမ္ပဏီက ဝယ်​ယူဖို့အတွက်​ ကမ်းလှမ်းခဲ့​ပေမယ့်​ ​မြေနုကျွန်းကိုမှီခိုပြီး မိသားစုစားဝတ်​​နေ​ရေး လုပ်​ကိုင်​​နေရတဲ့အတွက်​ ​ဒေခံ​တွေက ​ရောင်းချမှုမပြု​ကြောင်းကို ပြန်​လည်​အ​ကြောင်း​ကြောင်းပြီး​သော်​လည်း ကုမ္ပဏီက သဲစုပ်​ပိုက်​ချကာ သဲများစုပ်​ယူတာ​ကြောင့်​ ​မြေနုကျွန်း​မြေ​တွေဟာ ​ရေ​အောက်​ကို ပြိုကျပျက်​စီးမှု​တွေ ရှိ​နေတယ်လို့ ဆိုကြပါတယ်​။

ယခုလိုဖြစ်​​နေတဲ့ ကိစ္စကို တားဆီးပြီး ထိ​ရောက်​စွာအ​ရေးယူ​ပေးဖို့အတွက်​ ​ဒေသခံ ၁၀၀ ​ကျော်​က ကန့်​ကွက်​လက်​မှတ်​​ရေးထိုးကာ မန္တ​လေးတိုင်း​ဒေသကြီး ဝန်​ကြီးချုပ်​​ဒေါက်​တာ​ဇော်​မြင့်​​မောင် နဲ့ ​သက်​ဆိုင်​ရာဌာန​တွေကို ၂၀၁၉ခုနှစ်​ ​ဖေ​ဖေါ်ဝါရီ ၁၁ရက်​​နေ့မှာ တိုင်​ကြားစာ​တွေ ​ပေးပို့သွားမယ်လို့ ဒေသခံတွေကပြောပါတယ်​။

 

#voiceofmyanmar#မန္တ​လေး#ရှမ်း​လေးကျွန်း​​ပေါ်က သဲ​တွေကို#စည်းကမ်းမဲ့စုပ်​​နေတဲ့အတွက်​ဒေသခံ​တွေမ​ကျေနပ်​#

Related posts

Leave a Comment

VOM News

FREE
VIEW