ကက်ရှ်မီးယား ဗုံးခွဲတိုက်ခိုက်မှုမှာ ပါကစ္စတန်ထောက်လှမ်းရေးအဖွဲ့ ပါဝင်တယ်လို့ အိန္ဒိယစွပ်စွဲ

ဒေလီ၊ ဖေဖော်ဝါရီ-၁၉-၂၀၁၉

မျိုးဆက်( VOM)

 

ပါကစ္စတန်အခြေစိုက် စစ်သွေးကြွအုပ်စုက အိန္ဒိယတပ်ဖွဲ့ဝင်တွေလိုက်ပါလာတဲ့ ကားကို ဗုံးခွဲတိုက်ခိုက်မှုမှာ ပါကစ္စတန်ထောက်လှမ်းရေးအဖွဲ့ ပါဝင်ပတ်သက်နေတယ်လို့ အငြင်းပွားဖွယ် ကက်ရှ်မီးယားဒေသမှာ တာဝန်ထမ်းဆောင်နေတဲ့ အိန္ဒိယထိပ်တန်း စစ်ဘက်တာဝန်ရှိသူတစ်ဦးက ဖေဖော်ဝါရီ ၁၉ ရက်က ပြောပါတယ်။

 

တိုက်ခိုက်မှု နောက်ကွယ်က ခေါင်းဆောင်တွေကို ခြေရာခံခဲ့ပြီး ၎င်းတို့ဟာ နယ်စပ်မှာရှိတဲ့ ပါကစ္စတန်ဘက်အခြမ်းကိုနေ ကြိုးကိုင်ခဲ့တယ်လို့ အိန္ဒိယစစ်ဘက်က ဒုဗိုလ်ချုပ်ကြီး ဒေလွန်က သတင်းထောက်တွေကိုပြောပါတယ်။

 

လွန်ခဲ့တဲ့ ကြာသပတေးနေ့က ကက်ရှ်မီးယားဒေသမှာ ဖြစ်ပွားခဲ့တဲ့  အဆိုပါဗုံးခွဲတိုက်ခိုက်မှုကြောင့် အိန္ဒိယတပ်ဖွဲ့ဝင် ၄၀ သေဆုံးခဲ့ပြီး တိုက်ခိုက်မှုကို ပါကစ္စတန်အခြေစိုက် Jaish-e-Mohammad စစ်သွေးကြွအဖွဲ့က လုပ်ဆောင်ခဲ့တာလို့ ၀န်ခံထားပါတယ်။

 

ပါကစ္စတန်ဘက်ကတော့ ဗုံးခွဲတိုက်ခိုက်မှုကို ပြစ်တင်ရှုတ်ချပြီး ပါဝင်ပတ်သက်ခြင်းမရှိဘူးလို့ ငြင်းဆိုထားကာ ဆိုးရွားနေတဲ့ လုံခြုံရေးအခြေအနေတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂက ကြားဝင်ပေးဖို့ ဖေဖော်ဝါရီ ၁၉ ရက်က တောင်းဆိုထားပါတယ်။

 

ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြင်းပြင်းထန်ထန်လက်တုံ့ပြန်သွားမှာဖြစ်ပြီး နိုင်ငံတကာအသိုင်းအ၀ိုင်းနဲ့ ပါကစ္စတန် ဆက်ဆံရေးပြတ်တောက်ပြီး အထီးကျန်ဖြစ်အောင် လုပ်သွားမယ်လို့ အိန္ဒိယ၀န်ကြီးချုပ် မိုဒီက ကတိပြုပြောဆိုပါတယ်။

 

မွတ်ဆလင်အများစုနေထိုင်ရာ ကက်ရှ်မီးယားဒေသကို ၎င်းတို့ပိုင်ဆိုင်ကြောင်း အိန္ဒိယနဲ့ ပါကစ္စတန် နှစ်နိုင်ငံလုံးက အခိုင်အမာပြောဆိုထားပြီး ဒေသပိုင်းခြားကာ နှစ်နိုင်ငံလုံးက ထိန်းချုပ်ထားပါတယ်။

 

Ref : Straitstime

Photo :AFP

Related posts

Leave a Comment

VOM News

FREE
VIEW