နတ်တလင်း – ဖေဖော်ဝါရီလ ၁၆၊ ၂၀၁၉ လမင်း (ပြည်) ပဲခူးတိုင်း ၊ သာယာဝတီခရိုင် ၊ နတ်တလင်းမြို့နယ်တွင် ဖေဖော်ဝါရီလ ၁၆ ရက်နေ့က နတ်တလင်းဒေသခံများစုပေါင်းပြီး ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ထောက်ခံကြိုဆိုပွဲ ပြုလုပ်ခဲ့ပါတယ်။ ” ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ပြည်သူက အဓိကပါရမယ် ၂၀၀၈ မှာ နာဂစ်ဖြစ်ပြီး လူတွေ သိန်းနဲ့သောင်းနဲ့ချီသေတယ်။ သေတဲ့ကြားထဲကမှ ဒီဥပဒေကို အတည်ပြုတယ် ဒီမိုကရေစီလမ်းကြောင်းကိုသွားဖို့ အဟန့်အတားဖြစ်နေတဲ့ ဒီဥပဒေကိုပြင်ဖို့ အားလုံးဝိုင်းဝန်းပြီးတော့ တတပ်တအား ပါဝင်ကြပါလို့ဟြေချင်တယ် “လို့ နတ်တလင်းမြို့နယ် အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်နိုင်က ပြောပါတယ်။ ထိုထောက်ခံကြိုဆိုပွဲတွင် နတ်တလင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ အနှေးယာဉ်လုပ်သားများနဲ့ ပြည်သူလူထု ၂၀၀ ကျော်ပါဝင်ခဲ့ကြပါတယ်။ ဒါ့အပြင်၊ ”…
Read MoreMonth: February 2019
သမီးအရင်း ကို အဓမ္မပြုဖို့ ကြံစည်သူကို ဖမ်းဆီးအရေးယူ
ကသာ – ဖေဖော်ဝါရီ ၁၅၊ ၂၀၁၉ နိုင်ကြီး (ကသာ) (VOM) စစ်ကိုင်းတိုင်း ကသာခရိုင် ကောလင်းမြို့ ဈေးရုံရပ်ကွက်မှာ ဖေဖော်ဝ့ရီ(၁၅)ရက်နေ့ညက အိပ်ပျော်နေတဲ့ သမီးအရင်းကို အဖေဖြစ်သူက အရက်မူးပြီး အဓမ္မပြုကျင့်ဖို့ ကြံစည်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ် ။ ကောလင်းမြို့ ဈေးရုံရပ်ကွက်မှာ နေထိုင်တဲ့ မ. . . (၁၅)နှစ် ဟာ အခင်းဖြစ်ည(၈း၃၀) အချိန် နေအိမ်အိပ်ခန်းအတွင်း ခြင်ထောင်ချပြီး အိပ်နေစဉ် ဖခင်အရင်းဖြစ်သူဟာ အရက်မူးပြီး မဖွယ်မရာ ပြုတာကြောင့် လန့်နိုးလာပြီး မိခင်ဖြစ်သူကို အော်ခေါ်တာကြောင့် သိရှိပြီး မိခင်ဖြစ်သူက ကောလင်းရဲစခန်းကို တိုင်ကြားခဲ့တယ်လို့ ရဲကပြောပါတယ်။ ဖြစ်စဉ်ကြောင့် ရဲတပ်ဖွဲ့ဝင်များက ကျူးလွန်သူ ဦးမင်းနိုင် (၅၀)နှစ် ကို ချက်ခြင်းဖမ်းဆီးခဲ့ပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ – ၃၇၆/၅၁၁…
Read Moreလုံခြုံရေး ရှေ့ပြေးရဲကားနဲ့ ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်မှု ၂ ဦးသေ
ဆားတောင် ဖေဖော်ဝါရီ ၁၆၊ ၂၀၁၉ စောပြည့်ချမ်းသာ(VOM) စစ်ကိုင်းမြို့နယ် ဆားတောင်မြို့ ၊ ကျော်ဇေယျာရွာ အနီး စစ်ကိုင်း-ရွှေဘို သွားရာကားလမ်းမှာယနေ့ နေ့လည် ၁နာရီခန့်အချိန်က လုံခြုံရေး ရှေ့ပြေးရဲကားနဲ့ ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်မှု ဖြစ်ပွားခဲ့တယ်လို့ စစ်ကိုင်းမြို့နယ် ရဲစခန်းကဆိုပါတယ်။ စစ်ကိုင်းမြို့မရဲစခန်းက ရဲလုံခြုံရေး ရှေ့ပြေးကားဟာ ရွှေဘိုအကျဉ်းထောင်ကို အကျဉ်းသားတွေ သွားပို့ပြီး အပြန်လမ်းမှာ စစ်ကိုင်းဖက်ကနေ ရွှေဘိုဖက်ကို မောင်းလာတဲ့ ဆိုင်ကယ်နဲ့ မျက်နှာချင်းဆိုင် တိုက်မိတာကြောင့် ဆိုင်ကယ်မောင်းလာတဲ့ မသင်းသင်းမိုးဟာ နေရာတင် သေဆုံးခဲ့ပြီး ဆိုင်ကယ်နောက်က ပါလာတဲ့ မသီတာ ဟာ ဒဏ်ရာအပြင်းအထန်နဲ့ စစ်ကိုင်းဆေးရုံကို ပို့နေတုန်း လမ်းမှာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ သေဆုံးသွားတဲ့ မသင်းသင်းမိုး(၂၀)နှစ်ဟာ ကျောက်တာတောင်ရွာ၊ မုံရွာမြို့ နေသူဖြစ်ပြီး၊ မသီတာ(၂၅)နှစ်ကတော့ ထန်းမြင့်ကျေးရွာ၊အရာတော်မြို့နယ် မှာနေထိုင်တယ်လို့သိရပါတယ်။…
Read Moreတဘောင်(၃)ချက်ပေါ်ထွက်နေတဲ့ နေရောင်ပြအင်းဘုရား (၃၃)နှစ်ပြည့် ရေစက်ချ အမျှဝေမယ်
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၅၊ ၂၀၁၉ ဒီပ(နေပြည်တော်) ဘုရားထီးတင်ပြီးပါက နေပြည်တော်တစ်ခွင် ရေကြီးနစ်မြုပ်မည်ဟု တဘောင်(၃)ချက် ထွက်ပေါ်နေတဲ့ နေပြည်တော် ပုဗ္ဗသီရိမြို့နယ် အတွင်းမှာရှိတဲ့ နေရောင်ပြအင်းဘုရားကို ဖေဖော်ဝါရီ(၁၉)ရက် တပို့တွဲလပြည့်နေ့မှာ ခေတ်အဆက်ဆက်က လှုဒါန်းခဲ့ကြတဲ့ အလှုရှင်များ ပူးပေါင်းကာ ရေစက်ချ အမျှပေးဝေမယ်လို့ သိရပါတယ်။ “ မြန်မာလို ၁၃၄၇ခုနှစ်ကနေ အခု၁၃၈၀ပြည့်နှစ်အထိ နှစ်ပေါင်း(၃၃)နှစ်အတွင်းမှာ လှုဒါန်းမှုအစုစု ပြုခဲ့ကြတဲ့ အလှုရှင်အားလုံးကို ဖိတ်ကြားပါတယ် စုပေါင်းရေစက်ချ အမျှဝေမယ် အားလုံးကိုလည်း ပါဝင်စေချင်ပါတယ်”လို့ ဂေါပကဥက္ကဌဖြစ်သူ ဦးသိန်းဇော်က ပြောပါတယ်။ ကိုးတောင်ပြည့် စေတီတော်နှင့် (၁၀၈)တောင် အမြင့်ဆောင်သော နေရောင်ပြအင်းဘုရားကို ၂၀၁၇ခုနှစ် ဇန်န၀ါရီလ(၄)ရက်နေ့မှာ ထီးတော်နဲ့အနေကဇာ တင်ခဲ့ပြီးနောက် မတ်လ(၃၁)ရက်နေ့မှာတော့ လေပြင်းတိုက်ခတ်မှုကြောင့် ထီးတော်၊စိန်ဖူးတော်တို့မှာ မြေခခဲ့ရပြီးနောက် လူမှုကွန်ယက်စာမျက်နှာပေါ်မှာ လူပြောများလာခဲ့ပါတယ်။ ၂၀၁၈ခုနှစ် နိုဝင်ဘာ(၂၂)…
Read More၂၀၀၈အခြေခံဥပဒေထဲက တိုင်းရင်းသားပြည်သူတွေကို အကျိုးရှိစေမယ့် ပုဒ်မတွေကို ပြင်မယ်လို့ ပြည်ခိုင်ဖြိုး ပြော
မန္တလေး၊ ဖေဖေါ်ဝါရီ ၁၆-၂၀၁၉ ဟိန်းကို(VOM) “တိုင်းရင်းသားပြည်သူတွေ အမှန်တကယ်လိုလားတောင်းတနေတဲ့ ပုဒ်မ ၂၆၁ ကို ဦးစွာပြင်ဆင်ရေးဆွဲထားပြီးတဲ့အခါမှာ ကျွန်တော်တို့က နောက်ထပ်အလားတူသော တိုင်းရင်းသားပြည်သူလူထုကို အကျိုးဖြစ်မယ့် ပုဒ်မတွေကို ဆက်လက်ပြင်ဆင်ဖို့အတွက် လုပ်ဆောင်နေပါတယ်” လို့ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦး က ပြောပါတယ်။
Read Moreဘင်္ဂါလီအရေးမှာ မြန်မာတပ်မတော်ကို အိုင်စီစီက တရားစီရင်ပိုင်ခွင့်မရှိဘူးလို့ တပ်ချုပ်ပယ်ချ
တိုကျို၊ ဖေဖော်ဝါရီ-၁၆ မျိုးဆက် (VOM) ရခိုင်ပြည်နယ် ဘင်္ဂါလီအရေးမှာ မြန်မာတပ်မတော်က အစီအစဉ်တကျ ဖိနှိပ် ကိုင်တွယ်တာတွေ မရှိကြောင်းနဲ့ တပ်မတော်ရဲ့ ကိုင်တွယ်ဆောင်ရွက်မှုတွေကို နိုင်ငံတကာပြစ်မှုဆိုင်ရာ တရားရုံး က တရားစီရင်ပိုင်ခွင့်ရှိ တယ်ဆိုတဲ့ ပြောဆိုမှုတွေကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပယ်ချလိုက်ပါတယ်။ မြန်မာနိုင်ငံဟာ အိုင်စီစီအဖွဲ့ကို ဖွဲ့စည်းခဲ့တဲ့ ရောမစာချုပ်အဖွဲ့ဝင်နိုင်ငံ မဟုတ်တာကြောင့် အိုင်စီစီက တရားစီရင်မယ့်ကိစ္စကို မြန်မာနိုင်ငံက လုံးဝလက်ခံမှာမဟုတ်ကြောင်းနဲ့ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိပါးမယ့် ဘယ်လိုညွှန်ကြားချက်မျိုးကိုမဆို မိမိတို့ လက်ခံမှာမဟုတ်ဘူးလို့ ၎င်းက ပြောပါတယ်။ ဖေဖော်ဝါရီ ၁၄ ရက်က နေပြည်တော်မှာ ဂျပန်အခြေစိုက် အဆာဟိရှင်ဘွန်းသတင်းစာနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် က ယင်းသို့ ပြောဆိုခဲ့တာဖြစ်ပြီး ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်က ဘင်္ဂါလီအရေးပြီးနောက် ပထမဆုံး အသေးစိတ်ကျတဲ့…
Read Moreမြင်စိုင်းမြို့ဟောင်းဝန်းကျင် ထုံးကျောက်မိုင်းခွဲလို့ ရှေးဟောင်းအမွေအနှစ် ပျက်စီးမှု တိုင်းအစိုးရကို အကြံပြုစာပို့မည်
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆၊ ၂၀၁၉ TGH(VOM) မြင်စိုင်း မြို့ဟောင်းရဲ့ အရှေ့ဘက်နဲ့ အရှေ့တောင်ဘက်မှာရှိတဲ့ ထုံးကျောက်တောင်ကနေ ထုံးကျောက်ထုတ်ယူဖို့အတွက် မိုင်းခွဲရာမှ စိတ္တဂုတ္တဂူအတွင်းရှိ ပင်းယခေတ် ၁၄ ရာစု နံရံပန်းချီတွေ ပြိုကျခဲ့တာနဲ့ပတ်သက်လို့ သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ တိုင်းဒေသကြီးအစိုးရထံကို ယခုလအတွင်း အကြံပြုချက်တွေ တရားဝင်ပေးပို့သွားဖို့ရှိတယ်လို့ မြန်မာနိုင်ငံ ရှေးဟောင်းသုတေသနအသင်းရဲ့ အတွင်းရေးမှူး ကိုသူရအောင်က ပြောပါတယ်။ ” ဖြစ်စဉ်ဖြစ်ရတဲ့ အကြောင်းအရင်းတွေကို တင်ပြပြီး ဒီဖြစ်စဉ်ကို ဥပဒေအရ ဘယ်လိုအားနည်းချက်တွေကြောင့်ဖြစ်တယ်၊ တည်ဆဲဥပဒေတွေကို အသုံးချပြီး ဘယ်လိုဖြေရှင်းရမယ်၊ ဝန်ကြီးဌာန နဲ့ သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရတို့ ဘယ်လိုပူးပေါင်းဖြေရှင်းရမယ် စတဲ့ အကြံပြုချက်တွေကို သက်ဆိုင်ရာကို ပေးပို့မှာဖြစ်တယ်။ ရှေ့တစ်ပတ်ထဲမှာ အကြံပြု စာပေးပို့သွားမှာဖြစ်တယ်။ ဒါတွေက စစ်ဆးရုံနဲ့ ပြီးတဲ့ကိစ္စမဟုတ်တာကြောင့် အကြံချက်ကတော့ပို့မှာဖြစ်တယ်”လို့ ဆိုပါတယ်။ …
Read Moreချင်းပြည်နယ်မှာ ဘိုးဘွာပိုင်မြေသာရှိ ပိုစတာကမ်ပိန်း ပြုလုပ်
ဟားခါး ဖေဖော်ဝါရီ ၁၅-၂၀၁၉ မိုင်ချယ်ရီ (VOM) ချင်းပြည်နယ်မှာ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းမရှိ ဘိုးဘွားပိုင်မြေသာရှိဆိုတဲ့ စာသားပါ ပိုစတာတွေ ကို ပြည်နယ်အတွင်းမှာရှိတဲ့ မြို့အားလုံးမှာ ပိုစတာကပ်တဲ့ အစီအစဉ်ကို ချင်းမြေယာဆိုင်ရာကွန်ယက် ကနေ ဦးဆောင်ပြီး ဒီကနေ့ စတင် ဆောင်ရွက်နေတာဖြစ်ပါတယ်။ ဒီလှုပ်ရှာမှုကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ချင်းအမျိုးသားနေ့အထိ တစ်ပြည်လုံးအပြီး ကပ်ထားနိုင်ရေး လှုပ်ရှားနေတာဖြစ်ပြီး ဒီကနေ့မှာတော့ ဟားခါးမြို့ နဲ့ တွန်းဇန်မြို့နယ်မှာရှိတဲ့ လူစည်ကားရာနေရာတွေမှာ လိုက်လံ ကပ်ထားနေတာ ဖြစ်ပါတယ်။ ချင်းမြေယာဆိုင်ရာကွန်ယက်ရဲ့ ညှိနှိုင်းစီမံရေးမှူး ကိုမန်ဇခုပ်က “အစိုးရ အနေနဲ့ ပြဌာန်းထားတဲ့ မြေလွတ်မြေရိုင်း ဥပဒေကို ချက်ခြင်း ဖျက်သိမ်းပေးဖို့။ ပြီးတော့ ချင်းပြည်နယ်မှာ မြေလွတ်မြေလပ် မရှိကြောင်း ဆိုတာကို အစိုးရက အသိအမှတ် ပြုပြီးတော့မှ ဓလေ့ထုံးတမ်းအရ…
Read More၂၀၁၉ ခုနှစ်အတွက် Schuman Awards ဆုကို ရရှိသူများ
ရန်ကုန် ဖေဖော်ဝါရီ ၁၅-၂၀၁၉ TGH (VOM) ၂၀၁၉ ခုနှစ်အတွက် Schuman Awards ခေါင်းစဉ်ဖြင့် ပြုလုပ်သည့် လူ့အခွင့်အရေးဆုကို ကျား/မရေးရာ နှင့် ငြိမ်းချမ်းရေးဆိုင်ရာ တက်ကြွလှုပ်ရှားသူ ဒေါ်နန်ပူ ၊ငြိမ်းချမ်းရေးအတွက် တက်ကြွစွာလှုပ်ရှားဆောင်ရွက်သူ ဦးအောင်ကျော်မိုး နှင့် လူ့အခွင့်အရေးကို ကာကွယ်ပြောဆိုသူ ဦးရောဘတ်စန်းအောင်တို့မှ ရရှိခဲ့ကြောင်း သိရသည်။ မြန်မာနို်င်ငံမှာရှိတဲ့ ဥရောပသမဂ္ဂအဖွဲ့ကနေ တစ်ကမ္ဘာလုံးက တန်ဖိုးထားတဲ့ ဒီမိုကရေစီ၊ တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေးများကို မြှင့်တင်ရေးတွင် စွမ်းစွမ်းတမံ သယ်ပိုးဆောင်ရွက်သူများကို အသိအမှတ်ပြုသည့် Schuman Awards ဆုများကို နှစ်စဉ်ပေးအပ်လျက်ရှိရာ ယခုနှစ်အတွက် မိမိတို့၏ အသက်အိုးအိမ်ကို အများပြည်သူတွက် နှစ်မြှုပ်ထားပြီး ၎င်းတို့၏ ရဲစွမ်းသတ္တိများသည် ပြည်သူအများ၏ဘဝများကို ထင်ရှားသည့် အကျိုးသက်ရောက်မှုဖြစ်စေပြီး မထင်ရှားသောပုဂ္ဂိုလ်များကို ဂုဏ်ပြုချီးမြှင့်ခြင်းဖြစ်ကြောင်းသိရသည်။ Schuman Awards ဆုများချီးမြှင့်သည့် အခမ်းအနားတွင်…
Read Moreချစ်သူများနေ့မှာ ကျောက်ဆည်ရှိ မင်းရဲဆည်အတွင်း GTI ကျောင်းသားတစ်ဦး ရေနစ်သေဆုံး
ကျောက်ဆည် ဖေဖော်ဝါရီ ၁၅၊ ၂၀၁၉ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ (ချစ်သူများနေ့)မှာ ကျောက်ဆည်မြို့၊ဘောဂဝတီ ရပ်ကွက်အတွင်းက မင်းရဲဆည်အတွင်းမှာ ကျောက်ဆည်နည်းပညာတက္ကသိုလ်က ပထမနှစ်(Mechanical)ကျောင်းသားတစ်ဦး ရေနစ်သေဆုံးခဲ့ပါတယ်။ ရေနစ်သေဆုံးခဲ့တဲ့ ကျောင်းသားဟာ မြင်းခြံမြို့နေ ကိုအေးမင်းပိုင်ဆိုသူ ဖြစ်ပြီး ဖေဖော်ဝါရီ ၁၄ ရက်ရက်နေ့ ညနေ ၅ နာရီအချိန်က သူငယ်ချင်း ၃ ဦးနဲ့အတူ မင်းရဲဆည်အတွင်း ရေဆင်းချိုးရာမှ ရေနစ်သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ကျောက်ဆည်မြို့မရဲစခန်းက သိရပါတယ်။ မင်းရဲဆည်အတွင်း ရေဆင်းချိုးရာကနေ ရေနစ်ပျောက်ဆုံးသွားခဲ့တဲ့ ကျောက်ဆည်နည်းပညာတက္ကသိုလ်မှ ပထမနှစ်(Mechanical)ကျောင်းသား ကိုအေးမင်းပိုင် ရဲ့ ရုပ်အလောင်းကို ရဲတပ်ဖွဲ့ဝင်တွေ၊မီးသတ်တပ်ဖွဲ့ဝင်တွေ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်တွေ နဲ့ ကျောက်ဆည်မြို့က လူမှု/အသက်ကယ်ဆယ်ရေးအဖွဲ့တွေ ပူးပေါင်းပြီး ရှာဖွေခဲ့ရာ ဖေဖော်ဝါရီ ၁၅ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ် အချိန်က…
Read More