ကတ်ရှ်မီးယားဒေသမှာ အသေခံဗုံးခွဲတိုက်ခိုက်ခံရလို့ အိန္ဒိယတပ်ဖွဲ့ဝင် ၄၇ ဦးသေဆုံး

ဒေလီ၊ ဖေဖော်ဝါရီ-၁၅ မျိုးဆက် (VOM)   အိန္ဒိယအစိုးရအုပ်ချုပ်မှုအောက်မှာရှိတဲ့  အငြင်းပွားဖွယ် ကတ်ရှ်မီးယားဒေသမှာ အိန္ဒိယတွဲဖက်စစ်ဆင်ရေး ရဲတပ်ဖွဲ့ယာဉ်တန်း ကို စစ်သွေးကြွတွေက အသေခံ ဗုံးခွဲတိုက်ခိုက်ခဲ့လို့ တပ်ဖွဲ့ဝင် ၄၇ ဦး သေဆုံးခဲ့ပါတယ်။ အိန္ဒိယနိုင်ငံအနောက်မြောက်ပိုင်း စရီနင်ဂမြို့သို့ တပ်ဖွဲ့ဝင်တွေတင်ဆောင်လာတဲ့ ဘတ်စ်ကားတစ်စီးကို ဖောက်ခွဲရေးပစ္စည်းတွေ အပြည့်တင်ဆောင်ထားတဲ့  ကားတစ်စီးက အတင်းဝင်တိုက်ပြီး ဖောက်ခွဲခဲ့တာဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ အဆိုပါတိုက်ခိုက်မှုကို ပါကစ္စတန်အခြေစိုက် အစ္စလာမ်မစ်စစ်သွေးကြွအုပ်စု ဂျာအစ်အီးမိုဟာမက်အဖွဲ့က ကြိုးကိုင်လုပ်ဆောင်ခဲ့တယ်လို့ ဝန်ခံထားပါတယ်။ လက်ရှိမှာ ဒါဏ်ရာရရှိသူတွေရဲ့ အခြေအနေဟာ စိုးရိမ်ဖွယ်ရှိနေတာကြောင့် သေဆုံးသူအရေအတွက် တိုးမြင့်လာနိုင်တယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။ ယင်းတိုက်ခိုက်မှုမှာ ၁၉၈၉ခုနှစ်အတွင်း စတင်ခဲ့တဲ့ အိန္ဒိယအုပ်ချုပ်ရေးကို ဆန့်ကျင်တဲ့ သူပုန်လှုပ်ရှားမှု နောက်ပိုင်း ကတ်ရှ်မီးယားဒေသအတွင်း အိန္ဒိယတပ်ဖွဲ့ဝင်တွေအပေါ် အသေအပျောက်အများဆုံး တိုက်ခိုက်မှု တစ်ခုဖြစ်ပါတယ်။ ဒီဒေသဟာ အိန္ဒိယနဲ့ ပါကစ္စတန် နှစ်နိုင်ငံလုံးက ခွဲခြားအုပ်ချုပ်နေကြပြီး…

Read More

မရိုက်ချင်ဘဲ လူမှုရေးအရ ရိုက်ပေးလိုက်ရတဲ့ ဇာတ်ကားတွေရှိတယ်လို့ စိုးမြတ်သူဇာဆို

ရန်ကုန် ဖေဖော်ဝါရီ ၁၅ -၂၀၁၉ သင်းသဒ္ဒါ (VOM)   ကာရိုက်တာမျိုးစုံကို ပီပြင်စွာ သရုပ်ဆောင်နိုင်တဲ့ ထပ်ဆင့်အကယ်ဒမီ စိုးမြတ်သူဇာကတော့ မရိုက်ချင်ဘဲ လူမှုရေးအရ ရိုက်ပေးလိုက်ရတဲ့ ဇာတ်ကားတွေရှိတယ်လို့ဆိုပါတယ်။   ”တချို့ကားတွေ ကျတော့ မကြီးလူမှုရေးအရ ရိုက်ပေး လိုက်ရတာတွေရှိတယ်။ တစ်ခါတလေသိတယ်။ ကိုယ့်ဘာသာကိုယ် မရိုက်ချင် မှန်း။ ဒါပေမဲ့ အကြောင်းကြောင်းတွေ အမျိုးမျိုးကြောင့် လက်ခံလိုက်ရတဲ့ ကားတွေရှိတယ်။ မကြီးတို့ ရုပ်ရှင် အသိုင်းအဝိုင်းက နည်းနည်းလေး။ အနုပညာရှင် အချင်း ချင်း အပြန်အလှန်ကူညီမှ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ ကိုယ်တွေလည်း နေနိုင်တာပေါ့။ အဲဒီတော့ အဲဒါလေး တွေကိုပဲ ပရိသတ်က နားလည်ပေးပါလို့ မကြီးပြောချင် တယ်။ အားတွေလည်း နာပါတယ်။ ခဏခဏ အားနာ ခိုင်းလို့ပါ”လို့ဆိုပါတယ်။   သူမတော့ လတ်တလော ဒါရိုက်တာ ကိုပေါက်…

Read More

၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်မှာကို ထောက်ခံတဲ့အနေနဲ့ ကလေးမှာ စတစ်ကာကမ်ပိန်း ပြုလုပ်

ကလေး ဖေဖော်ဝါရီ ၁၅-၂၀၁၉ မိုင်ချယ်ရီ (VOM) စစ်ကိုင်းတိုင်း ကလေးမြို့မှာ ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှာ ကျင်းပပြုလုပ်မဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးထောက်ခံ ဆန္ဒထုတ်ဖော်ပွဲမှာ တစ်မြို့နယ်လုံး ပူးပေါင်းပါဝင်လာဖို့အတွက်ဆိုပြီး ဆိုင်ကယ်နဲ့ကားတွေမှာ ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးထောက်ခံပွဲ ၂၃.၂.၂၀၁၉ ဆိုတဲ့ စာသားတွေ ပါဝင်တဲ့ စတစ်ကာတွေ လိုက်လံကပ်ပေးတဲ့ လှုပ်ရှားမှုကို ဒီနေ့မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။   ဒီလှုပ်ရှားမှု ကို ၈၈မျိုးဆက်ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးဆောင်ပြီး ကလေးမြို့လမ်းဆုံ မီးပွိုင့်​ မှာ ဆိုင်ကယ်အစီးရေ ၂၀၀၀ နဲ့ ကားအစီးရေ ၇၅၀မှာ ကပ်ပေးခဲ့တာ ဖြစ်ပါတယ်။ ၈၈မျိုးဆက်ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့အစည်း(ကလေးမြို့ )တာဝန်ခံ ဦးဘကြူး က အခုလို ပြောပါတယ် “ဖွဲ့စည်းပုံ ဥပဒေ မှာပါတဲ့ သမ္မတ က ၀န်ကြီးချုပ်တွေကို တိုက်ရိုက်ခန့်အပ်ရမယ် ဆိုတာကို…

Read More

တရားလွှတ်တော်ရှေ့နေဦးကိုနီ လုပ်ကြံခံရမှုတရားခံတွေကို အမိန့်ချမှတ်

အင်းစိန် ဖေဖေါ်ဝါရီ ၁၅-၂၀၁၉ TGH (VOM ) အန်အယ်လ်ဒီပါတီရဲ့ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေကြီး ဦးကိုနီကိုသတ်တဲ့အမှုမှာ တရားခံတွေကို ဒီကနေ့ မှာ အင်းစိန်မှာရှိတဲ့ မြောက်ပိုင်းခရိုင်တရားရုံးက အမိန့်ချမှတ်လိုက်ပြီဖြစ်ပါတယ်။ ဦးကိုနီကိုသေနတ်နဲ့တေ့ပစ်တဲ့ ကြည်လင်းကို မသေမချင်းကြိုးကွင်းစွပ်သတ်ဖို့သေဒဏ်၊ တဆက်တည်း သေနတ်သမားကြည်လင်းဟာ တက္ကစီသမား ကိုနေဝင်းကို ကြိုတင်ကြံစည်မှုမရှိဘဲ ရုတ်တရက် ဖြစ်ပေါ်လာတဲ့အနေအထားပေါ်မူတည်ပြီး နောက်ထပ်သေနတ်နဲ့ပစ်သတ်တာဖြစ်လို့ ၃၀၂ နဲ့ ထောင် အနှစ် ၂၀ချမှတ်လိုက်ပါတယ်။ အမှုတွဲမှာပါတဲ့ တရားခံတွေဖြစ်တဲ့ အောင်ဝင်းဇော်ကို ကြိုးမိန့်နဲ့သေဒဏ် ချမှတ်ခဲ့ပါတယ်။ နောက်ထပ်အမှုတွဲတရားခံတွေဖြစ်တဲ့ ဇေယျာဖြိုးကို ထောင်ဒဏ် ၅ နှစ်နဲ့ အောင်ဝင်းထွန်းကို ထောင်ဒဏ် ၃ နှစ် ချမှတ် လိုက်တယ်လို့ ၂ဖက်ရှေ့နေတွေကပြောပါတယ်။

Read More

စိန့်မာတင်ကျွန်းကို မြန်မာပိုင်အဖြစ် မြေပုံမှာဖော်ပြလို့ ဘင်္ဂလားဒေ့ရှ်ကန့်ကွက်

  ဒါကာ၊ ဖေဖော်ဝါရီ-၁၅-၂၀၁၉ မျိုးဆက် (VOM)   ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ စိန့်မာတင်ကျွန်းကို မြန်မာအစိုးရ ၀က်ဘ်ဆိုက်တစ်ခုမှာ မြန်မာနိုင်ငံပိုင်နက်အဖြစ် ဖော်ပြထားတဲ့အတွက် ဘင်္ဂလားဒေ့ရှ်ဘက် အပြင်းအထန် ကန့်ကွက်လိုက်ပါတယ်။   ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့တောင်အာရှရေးရာ ညွှန်ကြားရေးမှူးချုပ် M Delwar Hossain က ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ မြန်မာသံရုံး ယာယီတာဝန်ခံ ဦးအောင်ကျော်မိုးကို ဖေဖော်ဝါရီ ၁၄ ရက်က ဆင့်ခေါ်ပြီး ကန့်ကွက်လိုက်တာဖြစ်ပါတယ်။   အဆိုပါကျွန်းကို မြန်မာအစိုးရ တရားဝင် ၀က်ဘ်ဆိုက်မြေပုံတွေမှာ မြန်မာပိုင်ကျွန်းအဖြစ် ရည်ညွှန်းဖော်ပြထားလို့ ၂၀၁၈ ခုနှစ် အောက်တိုဘာလကလည်း ဘင်္ဂလားဒေ့ရှ်အစိုးရက ကန့်ကွက်ခဲ့ဖူးပြီး ဒီလိုမှားယွင်းဖော်ပြခဲ့တဲ့ ၀က်ဘ်ဆိုက်တွေကနေ ရည်ညွှန်းချက်တွေကို မြန်မာဘက်က ပြန်လည် ပယ်ဖျက်ပေးခဲ့ပါတယ်။   ယခုတစ်ကြိမ်မှာတော့ မြန်မာအစိုးရရဲ့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ၀န်ကြီးဌာနရဲ့ ပြည်သူ့အင်အား…

Read More

နိုင်​ငံ​တော်​သမ္မတ(ငြိမ်း)ဦးသိန်းစိန်​   မဟာဂန္ဓာရုံ​ကျောင်းတိုက်​​​အတွင်း နိုင်​လွန်​ကတ္တရာလမ်း ​လှူ ဒါန်းမှုပြုလုပ်​   မန္တ​လေး၊ ​ဖေ​ဖေါ်ဝါရီ ၁၅-၂၀၁၉ ဟိန်းကို(VOM)   မန္တ​လေးတိုင်း​ ၊ အမရပူရမြို့နယ်​၊ မဟာဂန္ဓာရုံ​​ကျောင်းတိုက်​​အတွင်း နိုင်​လွန်​ကတ္တရာလမ်း​လှူဒါန်းခြင်း အခမ်းအနားကို ဒီက​နေ့နံနက်​ပိုင်းက မဟာဂန္ဓာရုံဘုန်းကြီး​ကျောင်းဝန်းထဲမှာ ပြုလုပ်​ခဲ့ပါတယ်​။   ​ကျောင်းတိုက်​အတွင်း ​အလျား၁၀၀၆​ပေ အနံ ၁၄​ပေ ရှိ နိုင်လွန်​​​ကတ္တရာလမ်းကို ကျပ်​သိန်း​ပေါင်း ၁၅၇ သိန်း​ကျော်​ အကုန်​ကျခံကာ နိုင်​ငံ​တော်​သမ္မတ(ငြိမ်း) ဦးသိန်းစိန်​ မိသားစုက လှူ ဒါန်းမှုပြုလုပ်​ခဲ့တာပါ။   နိုင်​လွန်​ကတ္တရာလှူဒါန်းတဲ့ အခမ်းအနားကို မန္တ​လေးတိုင်း​ ဝန်​ကြီးချုပ်​(ငြိမ်း) ဦးရဲမြင့်​ နဲ့ ပြည်​​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံဖြိုး​ရေးပါတီအကြီးအကဲတွေလည်း တက်​​ရောက်​ခဲ့ပါတယ်​။       #voiceofmyanmar#ဦးသိန်းစိန်#သမ္မတ(ငြိမ်း)

Read More

တရားလွှတ်တော်ရှေ့နေကြီး ဦးကိုနီကိုသတ်တဲ့အမှု စီရင်ချက်ချဖွယ်ရှိ

အင်းစိန် ဖေဖေါ်ဝါရီ ၁၅- ၂၀၁၉ TGH(VOM) တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို ရန်ကုန်လေဆိပ်မှာ သေနတ်နဲ့ပစ်သတ်တဲ့ ကြည်လင်းနဲ့အပေါင်းပါတွေရဲ့အမှုကို ဒီကနေ့အပြီးသတ်စီရင်ချက်ချတော့မှာမို့ စိတ်ဝင်စားတဲ့ အရပ်ဖက်အဖွဲ့အစည်းတွေ နိုင်ငံခြားသံတမန်တွေဟာ  မြောက်ပိုင်းခရိုင်တရားရုံးမှာ ရောက်ရှိနေကြပါတယ်။ အင်းစိန်ထောင်ကနေ ကြည်လင်းတို့ကိုရုံးထုတ်လာတဲ့ကားရောက်ရှိပြီမို့ စီရင်ချက်ဟာ မကြာခင်သိရတော့မှာဖြစ်ပါတယ်။ VOM သတင်းထောက် သင်္ဂီထွန်းက ရိုက်ကူးပေးပို့ထားပါတယ်။   #voiceofmyanmar#ကြည်လင်း#ဦးကိုနီ

Read More

မ​ကွေးတိုင်း မင်းလှမြို့နယ်​မှာ အ​ထောက်​အထားမဲ့ ဘင်္ဂလီ ၄၃ဦးဖမ်းမိ

  မင်းလှ ဖေဖေါ်ဝါရီ ၁၄-၂၀၁၉ ဂျန်ကိုးလ် (VOM) မကွေးတိုင်း မင်းလှမြို့နယ်မှာ နိုင်ငံသားအထောက်အထားမရှိပဲခရီးထွက်လာတဲ့ ဘင်္ဂလီ ၄၃ ယောက်ကို ဖေဖေါ်ဝါရီ ၁၄ ရက် မနက်အစောပိုင်းက ဖမ်းမိခဲ့ပါတယ်။ အခုဖမ်းမိတာဟာ သတင်းအရ မင်းလှမြို့နယ် လက်ပံတံခါးတိုက်နယ် အရိုချင်းရွာက လူငယ်လူရွယ်၂၅ဦးခန့်ကလည်း ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းပါဝင်ရှာဖွေပေးခဲ့ကြတာဖြစ်ပြီး အမျိုးသား ၂၉ယောက် အမျိုးသမီး ၅ယောက်ကို ပရဆိုင်ရွာဘက်မှာဖမ်းမိခဲ့ပြီး ဝက်သွယ်ကျေးရွာအနီးမှာ အမျိုးသား ၉ယောက်ထပ်ဖမ်းမိတာမို့ စုစုပေါင်း၄၃ဦးလို့သိရပါတယ်။ အဲဒီလို အုပ်​စုလိုက်​ဖမ်းမိတဲ့အကြောင်းကို မင်းလှမြို့နယ် ရေနံမနယ်​​မြေရဲစခန်းမှူးရဲအုပ်​မျိုးမင်းထွန်း ပြောပြတာက “​ကျောက်​​တော်​မြို့နယ်​ကလာတာဖြစ်​တယ်​ ၁၂ရက်​​နေ့ကမိတဲ့ ၁၆​ယောက်​ရဲ့ ထွက်​ဆိုချက်​အရ​ တောထဲမှာ ၄၃​ယောက်​ကျန်​တာသိရတယ်​။   အရင်​ကတည်းက​ ​နေ့ ညကင်းပုန်းဝတ်​ သတင်းရှာနဲ့ပိတ်​ဆို့​ရေးက တ​နေ့မှ မနားရတာကြာပါပီ အခုမိတာ​တွေက တောထဲမှာပွဲစားက ​လမ်း​ကြောင်းကြည့်​ဦးမယ်​ဆိုပြီး အ​ခြေအ​နေမ​ကောင်းလို့ ရှောင်​သွားရာက​နေ​ တောထဲမှာရက်​၂၀​ကျော်​  ရခိုင်​ရိုးထဲမှာကြာ​နေတာဖြစ်​တယ်​”လို့ ဆိုပါတယ်။ ​ကျောက်​​တော်​မြို့နယ်​ထဲက…

Read More

ရန်ကုန်တက္ကသိုလ်မှာ ငါးလုပ်ငန်းဆိုင်ရာဘာသာရပ် သိပံ္ပဘွဲ့ B.Sc Fisheries and Aquaculture သင်တန်းဖွင့်

ရန်ကုန် ဖေဖေါ်ဝါရီ ၁၄-၂၀၁၉ TGH (VOM)   ရန်ကုန်တက္ကသိုလ်ရဲ့ သတ္တဗေဒဌာနမှာ  ပထမဆုံးထည့်သွင်းတဲ့  ငါးလုပ်ငန်းဆိုင်ရာဘာသာရပ် သိပံ္ပဘွဲ့ B.Sc Fisheries and Aquaculture သင်တန်းကို ကျောင်းသားဦးရေ ၄၀ ၀န်းကျင်နဲ့စတင်သင်ကြားနေပြီး ဘာသာရပ်သင်ကြားကြောင်း တရားဝင်ဖွင့်ပွဲကိုတော့ လာမည့် ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာပြုလုပ်သွားမယ်လို့ သိရပါတယ်။ ဒီငါးလုပ်ငန်းဆိုင်ရာဘာသာရပ် သိပ္ပံဘွဲ့ရရှိပြီးသူတွေအနေနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ ငါး၊ပုစွန် မွေးမြူရေးလုပ်ငန်း ၊ ငါးအစာစက်ရုံတွေ၊ ငါးတန်ဖိုးမြှင့်ထုတ်ကုန်စက်ရုံတွေ ၊ငါးသောက်ဖောက်စခန်း လုပ်ငန်းခွင်တွေမှာ အသက်မွေး ၀မ်းကျောင်းပြု ၀င်ရောက်လုပ်ကိုင်နိုင်မှာဖြစ်တယ်လို့သိရပါတယ်။ ဒီဘာသာရပ်ဟာ အချိန်အားဖြင့် လေးနှစ်တက်ရောက်ရမှာဖြစ်ပြီး အထက်ပါ နေရာတွေထဲက လုပ်ငန်းခွင်တစ်ခုမှာ လုပ်ငန်းအတွေ့အကြုံရရှိဖို့ အလုပ်သင် Internship တစ်လ၀င်ရောက်လုပ်ကိုင်ရမယ်လို့သိရပါတယ်။ “စီမံကိန်းအမည်က MYSAP မြန်မာရေသတ္တ၀ါမွေးမြူရေးကဏ္ဍရေရှည်ဖွံ့ဖြိုးရေး စီမံကိန်းဖြစ်တယ်။ ဒီငါးလုပ်ငန်းဘာသာရပ်သင်ကြားတာကို အထောက်ပံ့ပေးတာက ဒီစီမံကိန်းထဲက အစီစဉ်တစ်ခုပါ။ ဘာတွေလဲဆိုတော့ သင်ရိုးညွှန်းတမ်းရေးဆွဲတာ ၊…

Read More

ချစ်သူများနေ့မှာ ဂျပန်နိုင်ငံက လိင်တူစုံတွဲတွေက အစိုးရကို တရားစွဲ

တိုကျို ၊ ဖေဖော်ဝါရီ-၁၄ မျိုးဆက် (VOM) ဂျပန်နိုင်ငံမှာ နေထိုင်ကြတဲ့ လိင်တူစုံတွဲ ၁၃ တွဲက ဖေဖော်ဝါရီ ၁၄ ရက် ချစ်သူများနေ့မှာ ဂျပန်အစိုးရကို တရားစွဲလိုက်ပြီး လိင်တူလက်ထပ်ခွင့်ကို တောင်းဆိုလိုက်ပါတယ်။ လိင်တူခြင်း ချစ်မြတ်နိုးမှု သင်္ကေတတွေ ပျက်ဆီးနစ်နာမှုတွှေအတွက် ဂျပန်အစိုးရကို တရားစွဲဆိုလိုက်တာဖြစ်ပြီး ၎င်းတို့ရဲ့ လက်ထပ်ထိမ်းမြားတာကို တားမြစ်ထားတာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်တာဖြစ်တယ်လို့ လိင်တူချစ်စုံတွဲတွေက ဆိုပါတယ်။ ဂျပန်နိုင်ငံဟာ လိင်တူချင်းလက်ထပ်တာကို ခွင့်မပြုတဲ့ တစ်ခုတည်းသော G7 နိုင်ငံဖြစ်ပါတယ်။ ဒါပေမယ့် စစ်တမ်းတွေအရ ယခုကိစ္စကို ထောက်ခံသူအလွန်များပြားတယ်လို့ ဆိုပါတယ်။ အစိုးရကို တရားစွဲလိုက်တဲ့ လိင်တူချစ်သူ စုံတွဲ ၁၃ တွဲဟာ ဂျပန်နိုင်ငံဒေသအသီးသီးက မြို့တွေမှာ နေထိုင်ကြသူတွေဖြစ်ပြီး ချစ်သူများနေ့မှာ အားလုံးက တရားစွဲဆိုလိုက်တာဖြစ်ပါတယ်။ ဂျပန်လူမှုအသိုင်းအ၀ိုင်းဟာ အလွန်ရှေးရိုးစွဲဆန်တဲ့ သဘာဝရှိတယ်လို့ တရားစွဲဆိုသူတစ်ဦးဖြစ်တဲ့ မီးစ်နာကာဂျီမာ ကပြောပါတယ်။…

Read More
VOM News

FREE
VIEW