ပဋိပက္ခ ကာလအတွင်း ရခိုင် ရပ်ကျေးအုပ်ချုပ်ရေးမှူး ၈၀ ကျော် တပြိုင်နက် နှုတ်ထွက်

(လက်အရှိဖြစ်စုနေတဲ့ ရခိုင်ပြည်နယ်တိုက်ပွဲတွေကြား၊ သူတို့လုံခြုံရေးအတွက် တာဝန်ယူမှု တာဝန်ခံမှုတွေမရှိတာကြောင့် နှုတ်ထွက်ရတာဖြစ်တယ်လို့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကပြောပြီး သူတို့ရဲ့ တံဆိပ်တုံးတွေကို ပြန်အပ်ခဲ့ကြပါတယ်) (ဓာတ်ပုံ – ခိုင်လင်းစံ) မြောက်ဦး၊ မတ် ၁-၂၀၁၉ ခိုင်လင်းစံ (VOM)   ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ နေရာတွေမှာရှိတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ဖမ်းဆီးတာတွေ၊ တရားစွဲဆိုမှုတွေပြုလုပ်နေပြီး မနေ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့က မြောက်ဦးမြို့နယ်အတွင်းမှာ အုပ်ချုပ်ရေးမှူးလေးဦး ထပ်မံဖမ်းဆီးခံရတဲ့နောက် ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ အစုလိုက်အပြုံလိုက် တာဝန်က နှုတ်ထွက်နေကြပါတယ်။   အခုလိုမျိုး တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ ဒေသတွေက ကျေးရွာအုပ်ချုပ်ရေးမှူးတွေ ဖမ်းဆီးစစ်ဆေးတာတွေကို ခံနေရတဲ့အတွက် ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို တာဝန်ယူမှု တာဝန်ခံမှုမရှိတဲ့အတွက် မြောက်ဦးမြို့နယ်အတွင်းက အုပ်ချုပ်ရေးမှူး ၈၉ ဦးနဲ့ ကျေးရွာတာဝန်ခံတစ်ဦးတို့ဟာ လက်ရှိတာဝန်ကနေ နှုတ်ထွက်လိုက်ကြတာဖြစ်ပါတယ်။   “မနေ့က ကျွန်တော်တို့ အုပ်ချုပ်ရေးမှူး လေးယောက်ကို ရဲကဖမ်းဆီးသွားတဲ့အတွက် ပြန်ပြီးတော့ လွတ်မြောက်လာဖို့…

Read More

အ၀တ်မဲ့ ၀ိဥာဉ်တစ်ကောင်အဖြစ် သရုပ်ဆောင်မယ့် ရွှေအိမ်စည်

ရန်ကုန် မတ် ၁- ၂၀၁၉ သင်းသဒ္ဒါ(VOM)   အလှမယ်အပြင် သရုပ်ဆောင်ပိုင်းပါ လုပ်ဆောင်လာတဲ့ ရွှေအိမ်စည်ကတော့ The Naked Ghost ဇာတ်ကားမှ အ၀တ်မဲ့ဝိဥာဉ်တစ်ကောင်အဖြစ် သရုပ်ဆောင်မှာဖြစ်ပါတယ်။   ”လူတစ်ယောက်ဟာ သေခံနီးဖြစ်ပျက်တာကို နောက်ဆုံးထွက်သက်မှာ စွဲသွားတဲ့ အစွဲကို ဖော်ညွှန်းထားတာပါ။ အစုအဖွဲ့လိုက် မုဒိန်းကျင့်ခံရတဲ့ မိန်းမပျိုတစ်ယောက်ရဲ့ နောက်ဆုံးထွက်သက်မှာ စွဲသွားတဲ့ အမုန်းနဲ့ နာကျည်းမှုတွေ ထိတ်လန့်စွာနဲ့ ဖျောက်ဖျက်လိုက်တဲ့ မိန်းမပျိုရဲ့ အဝတ်မဲ့ခန္ဓာကိုယ်နဲ့ တရားမျှတမှုအတွက် လိုက်လံရှာဖွေတယ်။ ဒါ့အပြင် အဝတ်မဲ့ဝိဥာဉ်တစ်ကောင်ရဲ့ လိုက်လံ လက်စားချေမှုတွေကို ထိတ်လန့်ဖွယ် ပုံဖော်ရိုက်ကူးမယ့် The Naked Ghost ဖြစ်ပါတယ်”လို့ဆိုပါတယ်။   သူမကတော့ မတ်လ တတိယပတ်မှာတော့ Media 5 ရုပ်ရှင်ထုတ်လုပ်ရေးကနေ Horror ဇာတ်လမ်းပုံစံ ”The Naked Ghost@စွဲ” ရုပ်ရှင်ဇာတ်ကားကြီးမှာတော့ဇာတ်လမ်း ငြိမ်းချမ်းကျော်၊ဇာတ်ညွှန်း…

Read More

၂၀၁၉ မတ်လ အတွက်နေ့ဖွားဟောတမ်း

မြန်မာနိုင်ငံပြက္ခဒိန်အကြံပေးအဖွဲ့ဝင် ဆရာကြီး ဦးမင်းသိန်းတွက်ချက်ထားတဲ့ ၇ ရက်သားသမီးများအတွက် မတ်လအတွင်း အကောင်းအဆိုးနဲ့ ဆောင်ရန် ရှောင်ရန် ဟောစာတမ်း   တနင်္ဂနွေသားသမီးတို့သည် ဤလတွင် အစုဝင်ရှယ်ယာလုပ်ငန်းများတွင် သတိနှင့် လုပ်ကိုင်လျှင် အကျိုးအမြတ် ရရှိနိုင်သည်။ ၀င်ငွေကောင်းနိုင်ပြီး စုဆောင်မှုနည်းတတ်သည်။ လုပ်ငန်းအကြံအစီသစ်များ ဆောင်ရွက်ရာတွင် အစပထမပိုင်းတွင် အနောက်အယှက် တွေ့ကြုံနိုင်ပြီး နောက်ပိုင်းကာလတွင် အောင်မြင်မှုရရှိတတ်သည်။ တစ်ခါတရံ မိတ်ဆွေအပေါင်းအသင်းများနှင့် စကားများရတတ်သည်။ နိုင်ငံရပ်ခြားခရီး၊ ရပ်ဝေးခရီး မမျှော်လင့်ဘဲ သွားရတတ်သည်။ စိတ်ကူးကများနေ၍ လက်တွေ့အကောင်အထည်ဖော်မှု အားနည်းနေတတ်သည်။ တဇွတ်ထိုး လုပ်ကိုင်လျှင် အမှားတွေ့နိုင်သည်။ (ယတြာ။    ။ အရှေ့အရပ် မျက်နှာမူပြီး စနေနံဘုရားတွင် ပေါက်စီကပ်လှူပါ) ………………………. တနင်္လာသားသမီးတို့သည် ဤလတွင် စိတ်လှုပ်ရှားစရာများ တွေ့ကြုံနေတတ်သည်။ စိတ်တည်ငြိမ်စွာဖြင့် လုပ်ကိုင်လျှင် အောင်မြင်မှု ရရှိနိုင်သည်။ ရည်ရွယ်ချက်၊ ရည်မှန်းများများ မထားဘဲ တစ်ခုထဲကိုသာ အာရုံစိုက် လုပ်ဆောင်သင့်သည်။ စိတ်ကူးစိတ်သန်းကောင်းများကို အကောင်အထည်ဖော်ရန်…

Read More

အိုစမာဘင်လာဒင်ရဲ့သားကို ဆုငွေဒေါ်လာ တသန်း အမေရိကန်ထုတ်

ဝါရှင်တန်၊ မတ်-၁-၂၀၁၉ မျိုးဆက် (VOM)   ကွယ်လွန်သွားပြီဖြစ်တဲ့ အယ်ကိုင်ဒါခေါင်းဆောင် အိုစမာဘင်လာဒင်ရဲ့ သားဖြစ်သူ ဟမ်ဇာနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေအတွက်  ဆုကြေးငွေဒေါ်လာတစ်သန်းအထိ ပေးမယ်လို့ အမေရိကန်က ကြေညာလိုက်ပါတယ်။   ဟမ်ဇာဘင်လာဒင်ဟာ အစ္စလာမ်မစ်စစ်သွေးကြွအဖွဲ့ရဲ့ အဓိကခေါင်းဆောင်တစ်ဦးအဖြစ် လှုပ်ရှားနေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ဆိုပါတယ်။ အမေရိကန်အထူးတပ်ဖွဲ့တွေဟာ အိုစမာဘင်လာဒင်ကို ၂၀၁၁ခုနှစ်က ပါကစ္စတန်နိုင်ငံအတွင်းမှာ သတ်ဖြတ်ခဲ့ကြပါတယ်။   ၎င်းဟာ ဖခင်သေဆုံးမှုအတွက် လက်စားခြေတဲ့ အနေနဲ့ အမေရိကန်နဲ့ အနောက်မဟာမိတ် နိုင်ငံတွေကို တိုက်ခိုက်ဖို့ ၎င်းရဲ့နောက်လိုက်တွေကို တိုက်တွန်းထားတဲ့ ဗွီဒီယိုနဲ့ အသံဖိုင်တွေကို မကြာသေးမီနှစ်များအတွင်းက ထုတ်ပြန်ထားပါတယ်။ အိုစမာဘင်လာဒင်သည် လူပေါင်း ၃၀၀၀နီးပါးသေဆုံးခဲ့ရတဲ့ ၂၀၀၁ခုနှစ် စက်တင်ဘာ၁၁ရက်က အမေရိကန် အမေရိကန် ကုန်သွယ်ရေးအဆောက်အဦကို လေယာဉ်နဲ့ ၀င်တိုက်ခဲ့တဲ့ တိုက်ခိုက်မှုတွေကို နောက်ကွယ်က ကြိုးကိုင်ခဲ့သူဖြစ်ပါတယ်။   အသက် ၃၀…

Read More

အချစ်ရေးမှာ ရည်းစားတွေအများကြီးထားတယ်ဆိုတဲ့ အိမ့်ချစ်

ရန်ကုန် မတ်၁-၂၀၁၉ သင်းသဒ္ဒါ (VOM)   စွဲဆောင်မှုရှိတဲ့ အသံနဲ့ သီဆိုတတ်တဲ့ အဆိုတော် အိမ့်ချစ်ကတော့အချစ်ရေးမှာ ရည်းစားတွေအများကြီးထားတယ်လို့ဆိုပါတယ်။ ဂီတပိုင်းတွေ မိသားစုတွေကို အချိန်ပေးရပေမယ့် အချစ်ရေးပတ်သက်ပြီး အိမ့်ချစ်အချစ်ရေးဘက်ကို လှည့်ပါတယ် ရည်းစားတွေ ထားပါတယ်။ရည်းစားတွေအများကြီးရှိပါတယ်။စာမျက်နှာပေါ်တင်ရင် ကန်းတက်မှာစိုးလို့ မတင်တာပါ။ လက်ရှိ ချစ်သူက အေးဆေးပါပဲ။ ယောက်ျားတော့ မယူသေးပါဘူး။ ရည်းစားမထားပဲ နေရအောင် တရားပေါက်နေတာလည်း မဟုတ်ပါဘူးလို့ဆိုပါတယ်။ သူမကတော့ ”စတူဒီယိုခေတ်ရဲ့ နှစ်လေးဆယ်လွန်သီချင်းများ” သီချင်းခွေမှာ သီချင်း ၂ပုဒ်ပါဝင်သီဆိုထားပြီးတော့ အဆိုပါသီချင်းခွေကို တေးရေးဆရာ အနေဖြင့် ဦးကျော့မှူး၊ ပုသိမ်မာင်စိမ်းသူ၊ ကိုမြင့် (သမန်းကျား)၊ မင်းဇော် ၊တက္ကသိုလ်အေးမောင်၊ ဒီနေ့ပုဏ္ဏက ၊ မင်းဒဿ နှင့် ဝင်းမင်းထွေးတို့က ရေးသားဖော်ကျူးထားတဲ့ သီချင်းတွေကို တေးဆို ချစ်ကောင်း၊  ဖြိုးကြီး၊ ထက်အိမ်၊Woofer ၊ Junior ချစ်ကောင်း၊ဖြူဖြူကျော်သိန်း၊ဆုန်သင်းပါရ်၊ အိုင်းရင်းဇင်မာမြင့်နဲ့အတူ…

Read More

ရိုဟင်ဂျာတွေကို နိုင်ငံအတွင်း အချိန်ကြာကြာ လက်မခံနိုင်တော့ဘူးလို့ ဘင်္ဂလားဒေ့ရှ်ဆို

နယူးယောက်၊ မတ်-၁-၂၀၁၉ မျိုးဆက် (VOM)   မြန်မာနိုင်ငံက ရိုဟင်ဂျာဒုက္ခသည်တွေကို နိုင်ငံအတွင်းမှာ ကြာကြာလက်ခံနိုင်တော့မှာ မဟုတ်ဘူးလို့ ဖေဖော်ဝါရီ ၂၈ ရက်က ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဘင်္ဂလားဒေ့ရှ်က ပြောဆိုလိုက်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လက်ခံထားတဲ့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေပြန်ပို့ရေးဟာ အဆိုးကနေ အဆိုးရွားဆုံးအခြေအနေထိရောက်ရှိနေတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးအတွင်းဝန် ရှာဟီဒူ ဟာကွီက ပြောဆိုပြီး လုံခြုံရေးကောင်စီအနေနဲ့ ဒီကိစ္စအပေါ် ဆုံးဖြတ်ချက်တစ်ရပ် ချမှတ်ဖို့အတွက်လည်း ၎င်းက တိုက်တွန်းလိုက်ပါတယ်။   မြန်မာနိုင်ငံကလူတွေကို သင့်တော်တဲ့ အနေအထားတစ်ရပ်နဲ့ ဘင်္ဂလားဒေ့ရှ်က  ကြာကြာ လက်မခံနိုင်တော့ဘူးဆိုတာ လုံခြုံရေးကောင်စီမှာ အသိပေးရလို့ ၀မ်းနည်းပါတယ်လို့ ၎င်းကပြောပါတယ်။   ဘင်္ဂလားဒေ့ရှ်နဲ့သဘောတူညီချက်အရ ဒုက္ခသည်အချို့ကို ပြန်လက်ခံရေး မြန်မာနိုင်ငံက သဘောတူခဲ့ပေမယ့် ရခိုင်ပြည်နယ်အခြေအနေတွေဟာ ရိုဟင်ဂျာတွေနေရပ်ပြန်ရေး လုံခြုံစိတ်ချရတဲ့ အခြေအနေမျိုးဖြစ်ရမယ်လို့ ကုလသမဂ္ဂက ဆိုပါတယ်။   သိန်းချီတဲ့ ရိုဟင်ဂျာတွေနေရပ်ပြန်ရေး မြန်မာဘက်က အားထုတ်မှုတွေဟာ…

Read More

ပထမဆုံးကျောင်းတွင်းသင်္ကြန် ပြည်တက္ကသိုလ်တွင်ကျင်းပ

ပြည်၊ မတ် ၁၊ ၂၀၁၉ လမင်း (VOM)   ကျောင်းသားလူငယ်တွေ ဦးဆောင်ကျင်းပတဲ့ ပြည်တက္ကသိုလ်အတွက် ပထမဦးဆုံးကျောင်းတွင်းသင်္ကြန်ကို ပြည်တက္ကသိုလ်ဝန်းထဲမှာ မတ်လ ၁ ရက်နေ့ မနက်က ကျင်းပခဲ့ကြပါတယ် ။   “ကျွန်တော်တို့ ပထမဆုံးလုပ်တဲ့ ကျောင်းသင်္ကြန်ပါ အရင်နှစ်တွေက ဒါမျိုးမလုပ်ပါဘူး။ ကျောင်းသားသမဂ္ဂဦးဆောင်ပြီး သံချပ်တွေလည်းထိုးမှာပါ အဆိုတော်တွေလည်း လာဆိုကြမှာပါ ခု လို ကျောင်းသားအားလုံး စည်စည်ကားကားဆင်နွှဲတဲ့အတွက် ကျွန်တော်တို့ လုပ်ရကျိုးနပ်ပါတယ် ” လို့ ပြည်တက္ကသိုလ် ကျောင်းသားသမဂ္ဂမှ အတွင်းရေးမှူး ကိုကျော်ရဲသူက ပြောပါတယ်။   ကျောင်းသင်္ကြန်ကို ပြည်တက္ကသိုလ်ဝန်းထဲရှိ ဘွဲနှင်းသဘင်ခန်းမရှေ့တွင် မဏ္ဍပ်ထိုးပြုလုပ်ခဲ့ကြတာဖြစ်ပါတယ် ။ ဖွင့်ပွဲအခမ်းအနားကို မနက် ၈ နာရီခွဲခန့်ကစတင်ကာ ပါမောက္ခချုပ်နှင့်ဆရာကြီး ၊ ဆရာမကြီးများမှ တက်ရောက်ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပြီး ကျောင်းသားကျောင်းသူ ၇ ထောင်ကျော် ပါဝင်ဆင်နွှဲခဲ့ကြပါတယ်…

Read More

ပထမအကြိမ် ကျပ်သိန်းတစ်သောင်းခွဲထီဆုကြီးကို ပညာရေး အဓိကပရဟိတလုပ်ဆောင်နေတဲ့ အေးမေတ္တာစံ  ပရဟိတကျောင်းဆရာတော် ဆွတ်ခူး

ရန်ကုန် မတ် ၁၊ ၂၀၁၉ TGH(vom)   မတ်လ တစ်ရက်နေ့မှာ စတင်ဖွင့်လှစ်တဲ့ အောင်ဘာလေ သိန်းတစ်သောင်းခွဲထီဆုကို နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဆင်ဖြူရှင်ရပ်ကွက်မှာရှိတဲ့ တောင်နီလေးကျောင်းတိုက်၊ အေးမေတ္တာစံ လူငယ်ဖွံ့ဖြိုးရေး ပရဟိတကျောင်းမှ ဆရာတော် ဦးစန္ဒိမာက ဆွတ်ခူးသွားတယ်လို့ အေးမေတ္တာစံ လူငယ်ဖွံ့ဖြိုးရေး ပရဟိတကျောင်းမှ ဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းမော်က ပြောပြပါတယ်။   “မနက် ၉ နာရီလောက်က ထီသမားက  ပေါက်တယ်လို့ လာပြောလို့ အမတို့လိုင်းပေါ်တင်လိုက်တယ်။ ဘုန်းဘုန်းကတော့ ပရဟိတလုပ်ငန်းကို ဒီထက်ပိုပြီး တော့ အောင်မြင်အောင် လုပ်ဆောင်နိုင်သွားတာပေါ့။ နေပြည်တော်က ဒီနားပတ်ဝန်းကျင်မှာပဲထိုးတာပါ။ အမတို့လည်း ပြောမပြတတ်အောင် ဝမ်းသာတာပေါ့” လို့ ဒေါ်ဝင်းဝင်းမော်က VOM ကို ပြောပါတယ်။   အေးမေတ္တာစံ လူငယ်ဖွံ့ဖြိုးရေး ပရဟိတကျောင်းဟာ လက်ရှိမှာ မိမဲ့ ဖမဲ့ ဆင်းရဲနွမ်းပါးတဲ့ ကလေးတွေကို…

Read More
VOM News

FREE
VIEW