အချစ်ရေးမှာ ရည်းစားတွေအများကြီးထားတယ်ဆိုတဲ့ အိမ့်ချစ်

ရန်ကုန် မတ်၁-၂၀၁၉

သင်းသဒ္ဒါ (VOM)

 

စွဲဆောင်မှုရှိတဲ့ အသံနဲ့ သီဆိုတတ်တဲ့ အဆိုတော် အိမ့်ချစ်ကတော့အချစ်ရေးမှာ ရည်းစားတွေအများကြီးထားတယ်လို့ဆိုပါတယ်။ ဂီတပိုင်းတွေ မိသားစုတွေကို အချိန်ပေးရပေမယ့် အချစ်ရေးပတ်သက်ပြီး အိမ့်ချစ်အချစ်ရေးဘက်ကို လှည့်ပါတယ် ရည်းစားတွေ ထားပါတယ်။ရည်းစားတွေအများကြီးရှိပါတယ်။စာမျက်နှာပေါ်တင်ရင် ကန်းတက်မှာစိုးလို့ မတင်တာပါ။ လက်ရှိ ချစ်သူက အေးဆေးပါပဲ။ ယောက်ျားတော့ မယူသေးပါဘူး။ ရည်းစားမထားပဲ နေရအောင် တရားပေါက်နေတာလည်း မဟုတ်ပါဘူးလို့ဆိုပါတယ်။

သူမကတော့ ”စတူဒီယိုခေတ်ရဲ့ နှစ်လေးဆယ်လွန်သီချင်းများ” သီချင်းခွေမှာ သီချင်း ၂ပုဒ်ပါဝင်သီဆိုထားပြီးတော့ အဆိုပါသီချင်းခွေကို တေးရေးဆရာ အနေဖြင့် ဦးကျော့မှူး၊ ပုသိမ်မာင်စိမ်းသူ၊ ကိုမြင့် (သမန်းကျား)၊ မင်းဇော် ၊တက္ကသိုလ်အေးမောင်၊ ဒီနေ့ပုဏ္ဏက ၊ မင်းဒဿ နှင့် ဝင်းမင်းထွေးတို့က ရေးသားဖော်ကျူးထားတဲ့ သီချင်းတွေကို တေးဆို ချစ်ကောင်း၊  ဖြိုးကြီး၊ ထက်အိမ်၊Woofer ၊ Junior ချစ်ကောင်း၊ဖြူဖြူကျော်သိန်း၊ဆုန်သင်းပါရ်၊ အိုင်းရင်းဇင်မာမြင့်နဲ့အတူ ပါဝင် သီဆိုထားပါတယ်။

 

”နှစ်လေးဆယ်အလွန် သီချင်းတွေ ပြန် ဆိုလို့ ဆဲလည်း အိမ့်ချစ်ဂရုမစိုက်ပါဘူး။ ဆိုကတည်းက နှစ်နှစ်ဆယ်ကျော်က သီချင်းတွေပါ။ ဟောင်ဖွာ ဟောင်ဖွာလုပ်တဲ့သူတစ်စု လက်လှမ်းမမှီတဲ့သီချင်းတွေမို့လို့ ဒီတစ်ခေါက်တော့ ဟောင်ဖွာဟောင်ဖွာ ပြောမယ့်သူ နည်းသွားမှာပါ။ အိမ့်ချစ်တို့ အဖေတွေအမေတွေအရွယ်ထောက်ပြပြောဆိုတာကို လက်ခံပါတယ်။ အမြဲတမ်းလည်း နားထောင်ပါတယ်။ တချို့ကဟောင်ဖွာဟောင်ဖွာလုပ်ပြီး မဆိုစမ်းပါနဲ့ စိတ်ပျက်လိုက်တာဆိုတဲ့သူကို လုံးဝဂရု မစိုက်ပါဘူး။ တကယ်တမ်း သူတို့တွေလုံးဝနားမလည်ပဲ ပြောနေတာပါ။ တကယ့် လူကြီးတွေ အိမ့်ချစ်ကိုထောက်ပြရင်တော့ အိမ့်ချစ်ကိုယ်တိုင် messagerကနေ ကျေးဇူး တင်ကြောင်း အကူးတက ပြန်ပြောဖြစ်ပါတယ်”လို့ဆိုပါတယ်။

 

ဓာတ်ပုံ – သင်းသဒ္ဒါ

 

Related posts

Leave a Comment

VOM News

FREE
VIEW