၂၀၁၉ မတ်လ အတွက်နေ့ဖွားဟောတမ်း

မြန်မာနိုင်ငံပြက္ခဒိန်အကြံပေးအဖွဲ့ဝင် ဆရာကြီး ဦးမင်းသိန်းတွက်ချက်ထားတဲ့ ၇ ရက်သားသမီးများအတွက် မတ်လအတွင်း အကောင်းအဆိုးနဲ့ ဆောင်ရန် ရှောင်ရန် ဟောစာတမ်း

 

တနင်္ဂနွေသားသမီးတို့သည် ဤလတွင် အစုဝင်ရှယ်ယာလုပ်ငန်းများတွင် သတိနှင့် လုပ်ကိုင်လျှင် အကျိုးအမြတ် ရရှိနိုင်သည်။ ၀င်ငွေကောင်းနိုင်ပြီး စုဆောင်မှုနည်းတတ်သည်။ လုပ်ငန်းအကြံအစီသစ်များ ဆောင်ရွက်ရာတွင် အစပထမပိုင်းတွင် အနောက်အယှက် တွေ့ကြုံနိုင်ပြီး နောက်ပိုင်းကာလတွင် အောင်မြင်မှုရရှိတတ်သည်။ တစ်ခါတရံ မိတ်ဆွေအပေါင်းအသင်းများနှင့် စကားများရတတ်သည်။ နိုင်ငံရပ်ခြားခရီး၊ ရပ်ဝေးခရီး မမျှော်လင့်ဘဲ သွားရတတ်သည်။ စိတ်ကူးကများနေ၍ လက်တွေ့အကောင်အထည်ဖော်မှု အားနည်းနေတတ်သည်။ တဇွတ်ထိုး လုပ်ကိုင်လျှင် အမှားတွေ့နိုင်သည်။

(ယတြာ။    ။ အရှေ့အရပ် မျက်နှာမူပြီး စနေနံဘုရားတွင် ပေါက်စီကပ်လှူပါ)

……………………….

တနင်္လာသားသမီးတို့သည် ဤလတွင် စိတ်လှုပ်ရှားစရာများ တွေ့ကြုံနေတတ်သည်။ စိတ်တည်ငြိမ်စွာဖြင့် လုပ်ကိုင်လျှင် အောင်မြင်မှု ရရှိနိုင်သည်။ ရည်ရွယ်ချက်၊ ရည်မှန်းများများ မထားဘဲ တစ်ခုထဲကိုသာ အာရုံစိုက် လုပ်ဆောင်သင့်သည်။ စိတ်ကူးစိတ်သန်းကောင်းများကို အကောင်အထည်ဖော်ရန် အခက်အခဲ ကျော်လွှားရတတ်သည်။ အတိုက်အခံ အနောက်အယှက် ကျော်လွှားပြီး အောင်မြင်သောနှစ်ဖြစ်သည်။ စိတ်အလိုကို မလိုက်လျောလျှင် အောင်မြင်မှု ပိုမိုရရှိမည်။ လူလိမ်သတိပြုသင့်သည်။ တစ်ပါးသူအတွက် တာဝန်ခံ၊ အာမခံခြင်းရှောင်သင့်သည်။ မနာလိုဝန်တိုမှု ကြုံရတတ်သည်။ သူတစ်ပါးကို အလွယ်တကူ မယုံလွယ်သင့်ပေ။

(ယတြာ။   ။ အနောက်မြောက်အရပ် မျက်နှာမူပြီး အင်္ဂါနံဘုရားတွင် ဒန်းညွန့်(၃)ညွန့်လှူပါ)

………………………….

အင်္ဂါသားသမီးတို့သည် ဤလတွင် ကံအခွင့်အလမ်းကောင်းများကို စိတ်ပျံလွှင့်မှုမရှိဘဲ ရယူသင့်သည်။ မိမိလုပ်ချင်၍ ဆန္ဒရှိသော လုပ်ငန်းကိစ္စများ အကောင်အထည်ဖော်ရန်ကြန့်ကြာနေတတ်သည်။ မှန်ကန်သော ဆုံးဖြတ်ချက်ဖြင့် ကြိုးစားလျှင် အောင်မြင်မှုရရှိမည်။ စိတ်အလျင်စလိုဆန္ဒ မစောသင့်ပ့ါ။ လျှို့ ၀ှက်စွာ လုပ်ကိုင်  တတ်သည်။ မိမိကိုယ်မိမိ ယုံကြည်အပြည့်အ၀နှင့် လုပ်ဆောင်သင့်သည်။ မမျှော်လင့်ဘဲ ကြွေးဟောင်း၊ ငွေဟောင်း၊ အမွေအနှစ် များ ရရှိတတ်သည်။ စည်းကမ်းရှိရှိ သုံးစွဲသင့်သည်။ အလှူအတန်းများ ပြုရမည်။ လုပ်ငန်းသစ်တိုးချဲ့ ရကိန်းရှိသည်။ စပ်တူရှယ်ယာကြံသည်။ ချစ်မှုကိစ္စများ အဆင်ပြေမည်။ အိမ်၊ ခြံ၊ မြေ၀င်ကိန်းရှိသည်။ အကျိုးအမြတ် ရရှိတတ်သည်။ ရပ်ဝေး၊ ပြည်ပခရီး မကြာခဏ သွားရတတ်သည်။

(ယတြာ။ ။ တောင်အရပ်မျက်နှာမူပြီး ဗုဒ္ဓဟူးနံဘုရားတွင် အောင်သပြေညွန့်(၃)ညွန့်ကပ်လှူပါ။

………………………………….

ဗုဒ္ဓဟူးသားသမီးတို့သည် ဤလတွင် အိမ်၊ ခြံ၊ အဆောက်အဦအတွက် စကားအငြင်းအခုံ ဖြစ်နိုင်သည်။ အလုပ်အပေါ်တွင် အပင်ပန်းခံပြီးလုပ်ဆောင်မှ အောင်မြင်မှု ရရှိနိုင်သည်။ လုပ်ငန်းများလုပ်ဆောင်ရာတွင် ဂုဏ်သိက္ခာမြင့်တက်လာမည်။ တပည့်သားသမီးအတွက် ပူပန်စရာ ကြုံတွေ့ရတတ်သည်။ ဘာသာရေးကိစ္စများ အောင်မြင်စွာ ဆောင်ရွက်ရတတ်သည်။ မှုခင်းအရှုပ်အရှင်းများကို ဖြေရှင်းလျှင် အောင်မြင်စွာ လုပ်နိုင်မည်။ စီးပွားရေး လုပ်ငန်းသစ်များကို သတိဆင်ခြင်ပြီး တိုးချဲ့သင့်သည်။ သူတစ်ပါး၏ ပယောဂကြောင့် မိမိလုပ်ငန်းများ အနှောက်အယှက်မဖြစ်အောင် လုပ်ဆောင်နိုင်မည်။ မိတ်ဆွေ၊ ဆွေမျိုးချင်း စိတ်ဝမ်းကွဲတတ်သည်။

(ယတြာ။  ။ အနောက်မြောက်အရပ် မျက်နှာမူပြီး တနင်္ဂနွေနံဘုရားတွင် ကံ့ကော်(၉)ညွန့်ကပ်လှူပါ။

…………………………..

ရာဟုဖွားသားသမီးတို့သည် ဤလသည် ၀န်းကျင်သစ် နေရာသစ်တွင် မိတ်ဆွေသစ်တို့နှင့် အလုပ်စီးပွားအကျိုးတူ လုပ်ကိုင်အောင်မြင်အံ့။ အတန်ကြာခွဲခွာနေသည့် မိတ်ဆွေရင်းများနှင့် ဆုံစည်းရအံ့။ အိမ်ထောင်ရေးတွင် ကံကောင်းတတ်ပြီး မိမိအား အထင်အမြင်လွဲမှားမှုများ ကြုံရအံ့။ ဆီး၊ ကျောက်ကပ်၊ အသည်းဝေဒနာတို့ကို ကျန်းမာရေးစောင့်ရှောက်မှုကောင်းခြင်းကြောင့် ဝေဒနာမှ ကင်းဝေးနိုင်အံ့။ စက်မှုလုပ်ငန်း၊ ဆေးနှင့်ဆေးပစ္စည်း၊ ကျောက်မျက်ရတနာရောင်းဝယ်ရေးတို့နှင့် အကျိုးပေးအံ့။ တနင်္ဂလာနေ့ဖွား၊ သောကြာနေ့ဖွားတို့နှင့် အကျိုးတူအောင်မြင်အံ့။ ပညာရေးတွင် စိတ်တည်ငြိမ်စွာဖြင့် ကြိုးစားလျှင် ထူးချွန်စွာအောင်မြင်အံ့။ စန်းပွင့်သော ကာလဖြစ်၍ ဖူးစာရှင်အစစ်နှင့် တွေ့ဆုံနိုင်အံ့။

(ယတြာ။  ။ အနောက်အရပ် မျက်နှာမူပြီး သောကြာနံဘုရားတွင် ဇွန်ညွန့် (၉)ညွန့်ကပ်လှူပါ။

………………………..

ကြာသပတေးသားသမီးတို့သည် ဤလတွင် အလုပ်အကိုင် တိုးတက်မှုရှိပြီး ကိုယ်စိတ်ချမ်းသာမည်။ မိတ်ကောင်း ဆွေကောင်းများက သစ္စာရှိပြီး ကူညီမစမည်။ ရာထူးတိုးမြှင့်ခြင်း ရှိတတ်သော်လည်း မိမိလုပ်ဖော်ကိုင်ဖက်နှင့် လုပ်သက်ရင့်သူတို့၏ ကျော်တက်ခြင်းကို သတိပြုရမည်။ မှန်မှန်ကန်ကန်နှင့် ဒေါသမကြီးဘဲ သည်းခံလျှင် ထူးခြားစွာ ရာထူးတိုးမည်။ သူတစ်ပါးတို့နှင့် လုပ်ငန်းငွေကြေးစပ်တူ မလုပ်သင့်ပေ။ မိမိသဘောကောင်းမှုအပေါ် သူတစ်ပါးက အခွင့်အရေးယူတတ်မှုကို သတိပြုသင့်သည်။ မည်သည့်ကိစ္စမဆို စိတ်ရှည်စွာ လုပ်ကိုင်လျှင် အောင်မြင်မှု ရရှိတတ်သည်။ မိမိဖြစ်ချင်သောဆန္ဒများ ပြည့်ဝလာမည်။ သည်းခံ၍မရသော ပြဿနာများကို သတိ၊ ဆင်ခြင်တုံတရားဖြင့် ရင်ဆိုင်ဖြေရှင်းလျှင် အောင်မြင်မှုရရှိမည်။ နာမည်ကျော်ကြားနိုင်သည်။

(ယတြာ။  ။ အနောက်အရပ်မျက်နှာမူပြီး အင်္ဂါနံဘုရားတွင် သီးညွန့်လှူပါ)

…………………..

သောကြာသားသမီးတို့သည် ဤလတွင် မည်သည့်ကိစ္စမဆို အခက်အခဲများကို ကျော်လွှားပြီးအောင်မြင်နိုင်သည်။ မိမိမျှော်လင့်ထားသော အကြံအစည်များကိုအကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်။ တစ်ခါတရံ စိတ်လှုပ်ရှားမှုများကို တည်ငြိမ်အောင်ထားပြီး လုပ်ကိုင်သင့်သည်။ အရာရာမှာ ဆရာလုပ်ချင်မည်။ စိတ်ကူးယဉ်မှုများကို လက်တွေ့ဖော်ဆောင်နိုင်လိမ့်မည်။ အလုပ်လုပ်ရာတွင် အထက်လူကြီးတို့၏ ကူညီမ,စမှုခံရ တတ်သည်။ အလုပ်တွင် သြဇာရှိမည်။ အများက မိမိကို ရှေ့တန်းတင်ကြမည်။ မိမိအောင်မြင်ပြီး အခြေအနေများကို ဆက်လက်ထိန်းသိမ်းရန် အရေးကြီးလှသည်။ မိမိနှင့် ရင်းနှီးသော မိတ်ဆွေ အပေါင်းအသင်းများ၏ အတင်းပြောခံရတတ်သည်။

(ယတြာ။   ။ အရှေ့မြောက်အရပ် မျက်နှာမူပြီး ဗုဒ္ဓဟူးနံဘုရားတွင် ရွက်လှညွန့်(၉)ညွှန့် လှူပါ။)

……………………….

စနေသားသမီးတို့သည် ဤလတွင် မည်သည့်ကိစ္စမဆို ဇွဲ၊ လုံ့လ၊ ၀ီရိယဖြင့် ကြိုးစားပါက အထူးအောင်မြင်နိုင်သည်။ မည်သို့လောက် ဆိုးရွားသော အခက်အခဲပြဿနာရှိစေကာမူ လွယ်ကူစွာ ဖြေရှင်းနိုင်မည်။ အကယ်၍ အမှုအခင်း၊ တရားတဘောင် ရင်ဆိုင်နေလျှင် မိမိက အနိုင်ရရှိမည်။ အိမ်၊ မြေကို အကြွေးစနစ်ဝယ်ရသော်လည်း စိုးရိမ်ပူပန်စရာ မရှိပါ။ မကြာမီ ကြွေးမြီများ ကင်းရှင်းသွားမည်။ စွန့်စားပြီးလုပ်ရသော အလုပ်တို့ကို စတင်လုပ်ဆောင်ရန် စိတ်အားထက်သန်သည်။ မူလနဂိုရည်ရွယ်ချက်များကို အတိုက်အခံ၊ အနှောက်အယှက်ကြားမှ အကောင်အထည်ဖော်ဆောင်နိုင်မည်။ စိတ်ပင်ပန်းပြီး ၀င်ငွေကောင်းလာ တတ်ပါသည်။

(ယတြာ။   ။ တောင်အရပ်မျက်နှာမူပြီး တနင်္ဂနွေနံဘုရားတွင် အုန်းညွန့်(၉)ညွန့်ကပ်လှူပါ။)

……………………….

ဆရာဦးမင်းသိန်းရေးသားတဲ့  တနှစ်စာဗေဒင်ဒိုင်ယာရီကို အောက်ပါအတိုင်းမှာယူနိုင်ပါပြီ။

Related posts

Leave a Comment

VOM News

FREE
VIEW