အိုစမာဘင်လာဒင်ရဲ့သားကို ဆုငွေဒေါ်လာ တသန်း အမေရိကန်ထုတ်

ဝါရှင်တန်၊ မတ်-၁-၂၀၁၉

မျိုးဆက် (VOM)

 

ကွယ်လွန်သွားပြီဖြစ်တဲ့ အယ်ကိုင်ဒါခေါင်းဆောင် အိုစမာဘင်လာဒင်ရဲ့ သားဖြစ်သူ ဟမ်ဇာနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေအတွက်  ဆုကြေးငွေဒေါ်လာတစ်သန်းအထိ ပေးမယ်လို့ အမေရိကန်က ကြေညာလိုက်ပါတယ်။

 

ဟမ်ဇာဘင်လာဒင်ဟာ အစ္စလာမ်မစ်စစ်သွေးကြွအဖွဲ့ရဲ့ အဓိကခေါင်းဆောင်တစ်ဦးအဖြစ် လှုပ်ရှားနေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ဆိုပါတယ်။ အမေရိကန်အထူးတပ်ဖွဲ့တွေဟာ အိုစမာဘင်လာဒင်ကို ၂၀၁၁ခုနှစ်က ပါကစ္စတန်နိုင်ငံအတွင်းမှာ သတ်ဖြတ်ခဲ့ကြပါတယ်။

 

၎င်းဟာ ဖခင်သေဆုံးမှုအတွက် လက်စားခြေတဲ့ အနေနဲ့ အမေရိကန်နဲ့ အနောက်မဟာမိတ် နိုင်ငံတွေကို တိုက်ခိုက်ဖို့ ၎င်းရဲ့နောက်လိုက်တွေကို တိုက်တွန်းထားတဲ့ ဗွီဒီယိုနဲ့ အသံဖိုင်တွေကို မကြာသေးမီနှစ်များအတွင်းက ထုတ်ပြန်ထားပါတယ်။

အိုစမာဘင်လာဒင်သည် လူပေါင်း ၃၀၀၀နီးပါးသေဆုံးခဲ့ရတဲ့ ၂၀၀၁ခုနှစ် စက်တင်ဘာ၁၁ရက်က အမေရိကန် အမေရိကန် ကုန်သွယ်ရေးအဆောက်အဦကို လေယာဉ်နဲ့ ၀င်တိုက်ခဲ့တဲ့ တိုက်ခိုက်မှုတွေကို နောက်ကွယ်က ကြိုးကိုင်ခဲ့သူဖြစ်ပါတယ်။

 

အသက် ၃၀ အရွယ်ရှိပြီိလို့ ယုံကြည်ရတဲ့ ဘင်လာဒင်ရဲ့ သားဖြစ်သူ ဟမ်ဇာကို ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်သမားတစ်ဦးအဖြစ် လွန်ခဲ့တဲ့ နှစ်နှစ်က အမေရိကန်က တရားဝင်သတ်မှတ်ခဲ့ပါတယ်။

 

Ref: BBC

Photo : State Department

Related posts

✕
VOM News

FREE
VIEW