စားဝတ်နေရေးအရ Sexy မော်ဒယ်အလုပ်ကို လုပ်ရတာလို့ဆိုတဲ့ ဇာဇာထက်

ရန်ကုန် ၊ မတ် ၅ -၂၀၁၉

TGH (VOM)

Sexy မော်ဒယ်အလုပ်နဲ့ အနုပညာလောကကို ၀င်တိုးခဲ့တာမဟုတ်ဘဲ မိသားစုစားဝတ်နေရေးအခြေနေအရ သာ လုပ်ဆောင်နေတာဖြစ်တယ်လို့  Sexy မော်ဒယ်ဖြစ်သူ ဇာဇာထက်က ပြောပါတယ်။

“ ဒီအလုပ်နဲ့ အနုပညာလောကတိုးဖို့မရှိဘူး။ စလုပ်ကတည်းကလည်း အဲ့ဒါကြောင့်မဟုတ်ခဲ့ဘူး။ ကျမ မိသားစုအခက်အခဲကိုဖြေရှင်းဖို့ နည်းလမ်းတစ်ခုကိုရှာခဲ့တာပါ။ သူများကိုလည်း ရှုပ်ရှုပ်ယှက်ယှက်မလုပ်ရမဲ့နည်းလမ်းတစ်ခုကိုရှာခဲ့တာဖြစ်တယ်။ ကျမအတွက်ကတော့ အနုပညာလောကကို ၀င်တိုးချင်လို့မဟုတ်ပါဘူး။ ဒီအလုပ်က  စားဝတ်နေရေး ပြေလည်ဖို့ ၊ လုပ်ချင်တာလေးတွေလုပ်နိုင်တယ်၊ ကျမ မိသားစုကို ပြန်ကြည့်နိုင်တယ်။ ဒါကြောင့် ဒီနည်းလမ်းကို ရွေးခဲ့တယ်။ ကျွန်မ သူများဝန်ထမ်းမလုပ်နိုင်ဘူး။ သူများဝန်ထမ်းက ဖိအားများ တယ်။ ဒီအလုပ်က ကျွန်မအတွက် ပိုက်ဆံပိုရတယ်။ အပြင်မှာ ရှာရတာခက်ခဲတယ် ပင်ပန်းတယ်။ ဒီအလုပ်က လွယ်လွယ်ကူကူနဲ့ပိုက်ဆံရတယ်။ အရမ်းလည်း ပိုက်ဆံရှာလို့ရတယ် ။ နောက်ပိုင်း ကျမ နာမည်လေးရလာတော့မှ ဟိုလူက ခေါ်သုံးဒီလူက ခေါ်သုံးနဲ့ ဒီနေရာကို ရောက်ခဲ့တာပါ။ ”လို့ ဇာဇာထက်ကပြောပါတယ်။

နောက်ပြီး သူမက သူရဲ့အလုပ်တိုင်းကိုလည်း ပရော်ဖက်ရှင်နယ်လိုပဲ ခံယူထားကြောင်းနဲ့ သူမဟာ အချိန်တိုင်း ဖော်ချွတ် ၀တ်စားနေတာမဟုတ်တဲ့အတွက် ဖော်ချွတ်မယ်လို့ ခေါ်ဆိုနေမှုကိုလည်း မကြိုက်ဘူးလို့ဆိုပါတယ်။ ငှားရမ်းတဲ့ပွဲအနေအထား ၊ တက်ရောက်ရမယ့်ပွဲအနေအထားပေါ်မူတည်ပြီး အ၀တ်အစားပိုင်းကို ၀တ်ဆင်ရတာဖြစ်တာသလို ငှားရမ်းသူတွေဘက်ကနေ တောင်းဆိုမှုတွေကြောင့်လည်း ၀တ်ဆင်ရတာ တွေရှိတယ်လို့ ပြောပါတယ်။

Sexy မော်ဒယ် တစ်ယောက်ဖြစ်တိုင်း အရက်သောက်ရမယ် တက်တူးထိုးရမယ် ဆေးလိပ်သောက်ရမယ် အမြဲတမ်းဆက်ဆီကျအောင် ဖော်နေရမယ် ဆိုတာတွေဟာ တလွဲအယူအဆတွေဖြစ်ကြောင်းနဲ့ တချိန်တုန်းက အဲ့ဒီတလွဲအယူဆတွေကို သူမကိုယ်တိုင်လည်း လုပ်ခဲ့ဘူးတယ်လို့ဆိုပါတယ်။ ဒါပေမယ့် ခုနောက်ပိုင်း အသက်အရွယ်ပိုင်းဆိုင်ရာ ၊ စိတ်ပညာ ဒီပလိုမာတက်နေချိန်အတွင်းမှာပဲ  အတွေးတွေရင့်ကျက်လာပြီး ဒါတွေဟာ လွဲမှားတဲ့အယူအဆတွေဖြစ်နေတာကို သိမြင်လာတယ်လို့လည်း သူမကပြောပါတယ်။

“ငါအမြဲတမ်း ဆက်ဆီကျနေမှ ဆေးလိပ်လေးသောက်လိုက်ရမှ ပိုဂေါ်တာ။ အရက်လေးသောက်လိုက်မှ ဂေါ်တာ၊  အမှန်က အဲ့လိုမဟုတ်ဘူး အသက်လေးနည်းနည်းရလာတော့ သိလာတယ်။ ငါဖော်လိုက်ရင် လိုက် ဘယ်လောက်ရမလဲ ရှဲ ဘယ်လောက်ရမလဲပေါ့။ ဒါပေမယ့် ခုနောက်ပိုင်း ခန္ဒာကိုယ်ပိုင်းဆိုင်ရာကို  မပေါ်တပေါ်လေး လုပ်ရင် လူတွေကပိုမြင်ချင်တယ် အဲ့ဒီ sense ကိုကျမသိသွားတဲ့နောက်ပိုင်း ဆက်ဆီ မော်ဒယ်တိုင်းအရက်သောက်မှလည်း မဟုတ်ဘူး ဆေးလိပ်သောက်မှလည်းမဟုတ်ဘူး အမြဲတမ်းဆက်ဆီကျမှလည်းမဟုတ်ဘူး ၊ အဲ့ဒါတွေက တစ်ခါတလေကျရင် ကိုယ့်ကို ဆက်ဆီမော်ဒယ် မိုအထင်သေးနေရတဲ့ကြားထဲ ဒီလိုမျိုးတွေလုပ်ရင်ပိုပြီးအထင်သေးလာနိုင်မယ်ဆိုတဲ့ အတွေး ရင့်ကျက်လာတဲ့ အချိန်မှာ ကျမတွေးမိတယ်။ စိတ်ပညာ ဒီပလိုမာတက်တဲ့အချိန်အတွင်းမှာ ကျွန်မအတွက် တွေးစရာဖြစ်ခဲ့တယ်။ ကျမကိုယ် ကျမရှာတွေ့ခဲ့တယ်။ အရင်တုန်းကဆို အဲ့လိုမတွေးခဲ့ဖူးဘူး။”လို့ ဇာဇာထက်က ပြောပါတယ်။

#voiceofmyanmar#ဇာဇာထက်

 

 

Related posts

Leave a Comment

VOM News

FREE
VIEW