တောရိုင်းတိရစ္ဆာန်များဆိုင်ရာ ရာဇဝတ်မှုတွေဟာ မဟာမဲခေါင်ဒေသရှိ ဇီဝမျိုးစုံမျိုးကွဲတွေအပေါ် ကြီးမားစွာ ခြိမ်းခြောက်လျက်ရှိနေ

ရန်ကုန်၊  မတ်လ ၅-၂၀၁၉ TGH( VOM)   တောရိုင်းတိရစ္ဆာန်ထွက်ပစ္စည်းတွေ တရားမဝင်ရောင်းဝယ် ဖောက်ကားနေမှုဟာ  မြန်မာနိုင်ငံနဲ့ မဟာမဲခေါင်ဒေသရှိ ဇီဝမျိုးစုံမျိုးကွဲတွေအတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုကြီးဖြစ်နေတယ်လို့  ဥရောပသမဂ္ဂကနေ ယနေ့ ထုတ်ပြန်လိုက်တဲ့ “ကျားထက်သာလွန်၍” အစီရင်ခံစာအရသိရပါတယ်။   အဆိုပါဒေသအတွင်း အသက်အန္တရာယ် ခြိမ်းခြောက်ခံနေရတဲ့  ဇီဝမျိုးစုံမျိုးကွဲပေါင်း ၇၉၅ စိတ်ရှိပြီး ၎င်းတို့အနက် မျိုးစိတ်ပေါင်း ၁၂၃ စိတ်ဟာ အလွန်အကျွံအမဲလိုက်ခြင်းနှင့် တရားမဝင်ကုန်သွယ်ခြင်း အန္တရာယ်တွေကြားမှာ ကျရောက်နေတယ်လို့သိရပါတယ်။ ဒါနဲ့ပတ်သက်လို့ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံအမတ်ကြီး Kristian Schmidt က “ မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတစ်ဝှမ်းလုံးမှာရှိတဲ့ တောရိုင်းတိရစ္ဆာန်တွေကို မျိုးသုဉ်းမပျောက်ကွယ်အောင် ကာကွယ်စောင့်ရှောက်သွားဖို့ ဥရောပသမဂ္ဂက သန္နိဋ္ဌာန်ချထားတယ်။ မြန်မာ့သစ်တောတွေနဲ့ တောကောင်တွေဟာ အမဲလိုက်သတ်ဖြတ်မှုတွေနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အရည်အသွေးကျဆင်းလာမှုတွေကြောင့် မျိုးသုဉ်းပျောက်ကွယ်တော့မယ့်အန္တရာယ်နဲ့ ရင်ဆိုင်နေကြရပါတယ်။ တောရိုင်းတိရစ္ဆာန်ထွက် ပစ္စည်းတွေကို တရားမဝင် ရောင်းဝယ်ဖောက်ကားနေတာတွေကို…

Read More

နျူကလီးယားလက်နက် ထိန်းချုပ်ရေးစာချုပ်မှ ရုရှားနှုတ်ထွက်

မော်စကို၊ မတ်-၅-၂၀၁၉ မျိုးဆက် (VOM)   စစ်အေးခေတ်ကာလက ချုပ်ဆိုခဲ့တဲ့ တာလတ်ပစ်နျူကလီးယားလက်နက်စာချုပ် (အိုင်အင်န်အက်ဖ် ) နှုတ်ထွက်ဖို့ အမေရိကန်က ပထမဆုံးလုပ်ဆောင်နေခဲ့ပြီးနောက်  အဆိုပါလက်နက်စာချုပ်ကနေ ရုရှားနိုင်ငံက တရားဝင်နှုတ်ထွက်ကြောင်း ရုရှား သမ္မတ ဗလာဒီမာပူတင်က မတ် ၄ ရက်မှာ ပြောပါတယ်။   ဆိုဗီယက်ယူနီယမ်နဲ့ အမေရိကန်တို့အကြား ချုပ်ဆိုခဲ့တဲ့ အဆိုပါ လက်နက်ထိန်းချုပ်ရေးစာချုပ်မှာ ရုရှားနိုင်ငံက ပါဝင်မှုကို ရပ်ဆိုင်းတဲ့ အမိန့်ကို သမ္မတပူတင်က လက်မှတ်ရေးထိုးခဲ့တယ်လို့ ရုရှားနိုင်ငံက ထုတ်ပြန်ပါတယ်။   စာချုပ်မှာပါရှိတဲ့ လိုက်နာရမယ့် တာဝန်တွေကို အမေရိကန်က ချိုးဖောက်ပြီးနောက် ရုရှားနိုင်ငံက စာချုပ်ကို အခုလို ရပ်ဆိုင်းလိုက်တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။   ၁၉၈၇ ခုနှစ်က အမေရိကန်နဲ့ ဆိုဗီယက်ယူနီယံတို့အကြား ချုပ်ဆိုခဲ့တဲ့ တာလတ်ပစ်နျူကလီးယား စာချုပ်ပါစည်းကမ်းချက်တွေကို ချိုးဖောက်နေတယ်လို့  ရုရှားနဲ့ အမေရိကန်တို့က…

Read More

စားဝတ်နေရေးအရ Sexy မော်ဒယ်အလုပ်ကို လုပ်ရတာလို့ဆိုတဲ့ ဇာဇာထက်

ရန်ကုန် ၊ မတ် ၅ -၂၀၁၉ TGH (VOM) Sexy မော်ဒယ်အလုပ်နဲ့ အနုပညာလောကကို ၀င်တိုးခဲ့တာမဟုတ်ဘဲ မိသားစုစားဝတ်နေရေးအခြေနေအရ သာ လုပ်ဆောင်နေတာဖြစ်တယ်လို့  Sexy မော်ဒယ်ဖြစ်သူ ဇာဇာထက်က ပြောပါတယ်။ “ ဒီအလုပ်နဲ့ အနုပညာလောကတိုးဖို့မရှိဘူး။ စလုပ်ကတည်းကလည်း အဲ့ဒါကြောင့်မဟုတ်ခဲ့ဘူး။ ကျမ မိသားစုအခက်အခဲကိုဖြေရှင်းဖို့ နည်းလမ်းတစ်ခုကိုရှာခဲ့တာပါ။ သူများကိုလည်း ရှုပ်ရှုပ်ယှက်ယှက်မလုပ်ရမဲ့နည်းလမ်းတစ်ခုကိုရှာခဲ့တာဖြစ်တယ်။ ကျမအတွက်ကတော့ အနုပညာလောကကို ၀င်တိုးချင်လို့မဟုတ်ပါဘူး။ ဒီအလုပ်က  စားဝတ်နေရေး ပြေလည်ဖို့ ၊ လုပ်ချင်တာလေးတွေလုပ်နိုင်တယ်၊ ကျမ မိသားစုကို ပြန်ကြည့်နိုင်တယ်။ ဒါကြောင့် ဒီနည်းလမ်းကို ရွေးခဲ့တယ်။ ကျွန်မ သူများဝန်ထမ်းမလုပ်နိုင်ဘူး။ သူများဝန်ထမ်းက ဖိအားများ တယ်။ ဒီအလုပ်က ကျွန်မအတွက် ပိုက်ဆံပိုရတယ်။ အပြင်မှာ ရှာရတာခက်ခဲတယ် ပင်ပန်းတယ်။ ဒီအလုပ်က လွယ်လွယ်ကူကူနဲ့ပိုက်ဆံရတယ်။ အရမ်းလည်း ပိုက်ဆံရှာလို့ရတယ် ။ နောက်ပိုင်း ကျမ…

Read More

ရိုဟင်ဂျာအရေး မြန်မာကို တရားစွဲဖို့ဆုံးဖြတ်ချက် အိုအိုင်စီ အတည်ပြုလိုက်ပြီ

ဒါကာ၊ မတ်-၃-၂၀၁၉ မျိုးဆက် (VOM)   မြန်မာနိုင်ငံမှ ရိုဟင်ဂျာတွေ တရားဝင်အခွင့်အရေးရစေဖို့နဲ့ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တွေနဲ့ပတ်သက်ပြီး တရားမျှတမှုနဲ့ တာဝန်ခံမှုတို့ကို ဖြေရှင်းဖော်ဆောင်ရေးအတွက် မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာ တရားရုံးမှာ တရားစွဲဖို့ ဆုံးဖြတ်ချက်တစ်ရပ်ကို အစ္စလမ္မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (အိုအိုင်စီ)က တစ်ညီတစ်ညွှတ်တည်း အတည်ပြုလိုက်ပါတယ်။   ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုအတွက် ကျူးလွန်သူတွေကို အရေးယူပေးဖို့ ညှိနှိုင်းဆွေးနွေးမှုတွေဆက်ပြုလုပ်ပြီးနောက် အပြည်ပြည်ဆိုင်ရာ တရားရုံးကနေတစ်ဆင့် ဥပေဒကြောင်းအရ အကူအညီရယူဖို့ ဆုံးဖြတ်ချက်ချခဲ့တာဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။   နိုင်ငံတကာတရားရုံးမှာ မြန်မာနိုင်ငံကိုတရားစွဲမယ့် ကိစ္စနဲ့ ပတ်သက်ပြီးဝန်ကြီးအဆင့်  အဖွဲ့ဝင် ၁၀ ဦးပါဝင်တဲ့ ကော်မတီတစ်ရပ်ကို ဂမ်ဘီယာနိုင်ငံက ဦးဆောင်နေပြီး ပထမဆုံးအစည်းအဝေးကို ဖေဖော်ဝါရီ ၁၀ ရက် ဂမ်ဘီယာနိုင်ငံမှာ ပြုလုပ်ခဲ့ပါတယ်။   အထူးသဖြင့် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ဂျီနီဗာကွန်ဗင်းရှင်းနဲ့ အခြား လူ့အခွင့်အရေးနဲ့…

Read More

AA နဲ့ အစိုးရတပ်တိုက်ပွဲတွေကြောင့် လေးမြို့မြစ်အထက်ပိုင်းကျေးရွာသားတွေ ထွက်ပြေး

မြောက်ဦး၊ မတ် ၅-၂၀၁၉ ခိုင်လင်းစံ (VOM)   ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် လေးမြို့မြစ်အတွင်း ပြီးခဲ့သည့် မတ်လ ၄ ရက်နေ့ ညနေပိုင်းကစတင်ပြီးတော့ အစိုးရတပ်နဲ့AA တို့ တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့အတွက် ကျေးရွာသုံးရွာက ဒေသခံတွေဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြတာ ဖြစ်ပါတယ်။   အဲ့ဒီတိုက်ပွဲဟာ မြောက်ဦးမြို့နဲ့ ၁၀ မိုင်လောက်ဝေးတဲ့နေရာမှာဖြစ်ပွားနေတာဖြစ်ပြီး လေးမြို့မြစ် အရှေ့ဘက်ခြမ်းက မော်ရွာဟောင်းနဲ့ အနောက်ဘက်ခြမ်းက ဘုရားကြီးကျေးရွာတို့ကို အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွား နေကြတာဖြစ်ပါ တယ်။   “တိုက်ပွဲက မနေ့ညနေ ၇ နာရီခွဲလောက်ကနေ စပြီးဖြစ်ကြတာပါ။ ဘုရားကြီးနားမှာဖြစ်တယ်။ နောက်ပြီးတော့ ဘုရားကြီးနဲ့မော်ရွာဟောင်း မြစ်တစ်ဖက်တစ်ကမ်းပစ်ခတ်မှုတွေ ဖြစ်ကြတယ်။ လက်နက်ကြီးတွေနဲ့ပစ်ခတ်နေတော့ ကြောက်ပြီးထွက်ပြေးလာခဲ့ကြတာဖြစ်ပါတယ်။”လို့ မော်ရွာဟောင်း ကျေးရွာသားတစ်ဦးကပြောပါတယ်။   မြစ်ရဲ့အရှေ့ဘက်ခြမ်း မော်ရွာဟောင်းကျေးရွာမှာ AA ဘက်ကရှိနေပြီး အနောက်ဘက်ခြမ်း ဘုရားကြီးကျေးရွာမှာ မြန်မာတပ်တော်ဘက်ရှိနေကာ အပြန်အလှန်ပစ်ခတ်နေကြတာဖြစ်ပါတယ်။   “လောလောဆယ်တော့…

Read More
VOM News

FREE
VIEW