ရန်ကုန် မတ် ၁၁- ၂၀၁၉ သင်းသဒ္ဒါ (VOM) အဆိုပိုင်းသာမက သရုပ်ဆောင်ပိုင်းအောင်မြင်မူရနေတဲ့ သရုပ်ဆောင် ထွန်းထွန်း ကတော့ ဟာသထက် လူကြီးဆန်တဲ့ဇာတ်ရုပ်တွေ ကမ်းလှမ်းခံနေရတယ်လို့ ဆိုပါတယ်။ ”အရင်တုန်းကတော့ ကျွန်တော့်ကို ဟာသကားတွေ အဲ့လိုကားတွေ ကမ်းလှမ်းတာများတယ်။ ဒါပေမယ့် ဒီနှစ်ပိုင်းတွေမှာတော့ နည်းနည်းလူကြီးဆန်တဲ့ဇာတ်ရုပ်တွေ ကျွန်တော့်ကို ရိုက်ဖို့အတွက် လာပြီးတော့ ကမ်း လှမ်းကြတယ်။ ကျွန်တော်မလုပ်ဖူးတဲ့ ဇာတ်ရုပ်ကို လုပ်မယ်ဆိုတာထက် လာကမ်းလှမ်းသမျှ ဇာတ်ကားတိုင်းမှာ အကောင်းဆုံးဖြစ်အောင် သရုပ်ဆောင်နိုင်မယ်လို့ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိတဲ့ ကာရိုက်တာဆိုရင် လက်ခံဖြစ်တယ်။ ဥပမာ- ရိုက်ဖူးပြီးသား ကာရိုက်တာထဲကမှ ကျွန်တော့်အတွက် အရမ်းခက်ခဲစေမယ့် ဟာမျိုးဆိုရင်တော့ မရိုက်ဖြစ်တာများပါတယ်”လို့ ဆိုပါတယ်။ သူကတော့ 7 Sense Film Production မှ ဒါရိုက်တာ ဝင်းလွင်ထက် က မိသားစုဒရာမာပုံစံဖန်တီးမယ့်…
Read MoreDay: March 11, 2019
၂၀၁၈ မြေလွတ်မြေရိုင်းဥပဒေကို အလိုမရှိဘူးဆိုပြီး တမူးမြို့မှာ ဒေသခံတွေဆန္ဒပြ
တမူး မတ် ၁၁-၂၀၁၉ သစ်တော် (VOM) တမူးမြို့မှာ ၂၀၁၈ မြေလွတ်မြေရိုင်းဥပဒေကို အလိုမရှိဘူးဆိုပြီး ကူကီးလူငယ်ကွန်ရက်ကနေဦးဆောင်ကာကျေးရွာနေပြည်သူတွေက ဒီနေ့ မနက် ၇ နာရီက စတင်ပြီးဆန္ဒထုတ်ဖော်ခဲ့ကြပါတယ် ။ တမူးမြို့နယ်အထက်ပိုင်း ကူကီးတိုင်းရင်းသားတွေနေထိုင်တဲ့ ဖိုင်လင်းရွာ၊ နန်းအောင်မော်ရွာ၊ အောင်ဇေယျရွာ ၊ စေတီရွာ မန်တော်ရွာ၊ တုံကျော်ရွာ ၊ ကျွန်းပင်သာရွာ ၊ ဝက်ရှူရွာ နောင်ကစ်ရွာစတဲ့ ၁၁ရွာက ကျေးရွာနေပြည်သူ အယောက် ၄၀၀ ကျော်ကဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။ သူတို့ဘာတွေတောင်းဆိုကြသလဲဆိုတာ ဗီအိုအမ် သတင်းထောက် သစ်တော်က သတင်းပေးပို့ထားပါတယ်။ #voiceofmyanmar#တမူး #မြေလွတ်မြေလပ်မြေရိုင်း #ဘိုးဘွားပိုင် #ရိုးရာဓလေ့#ကူကီး
Read Moreစူဇကာ ရှူံးသနော် – – –
ကာတွန်း ပံသုအောင်
Read Moreမြေလွတ်၊မြေလပ် ၊ မြေရိုင်း ဥပဒေ အလိုမရှိကြောင်း တမူးမြို့နယ်ရှိ ပြည်သူများ ဆန္ဒထုတ်ဖော်
တမူး မတ် ၁၁-၂၀၁၉ မိုင်ချယ်ရီ ( VOM) စစ်ကိုင်းတိုင်း တမူးမြို့နယ် အတွင်းမှာရှိတဲ့ ကျေးရွာတွေမှာ နေထိုင်တဲ့ ပြည်သူတွေစုပေါင်းပြီးတော့ မြေလွတ် မြေလပ်မြေရိုင်း ဥပဒေ ကို အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်မှုကို ဒီနေ့ ပြုလုပ်ခဲ့ပါတယ်။ တမူးမြို့ နဲ့ ဟုမ္မလင်းမြို့နယ် ဆက်သွယ်ထားတဲ့ ကားလမ်းဘေးမှာ ရှိတဲ့ ကျေးရွာ ၁၀ ရွာ က ပြည်သူတွေဟာ ဒီနေ့နံနက် ၈ နာရီ အချိန်လောက်ကနေစပြီးတော့ စေတီကျေးရွာ ၊ဖိုင်လင်းကျေးရွာ၊ ကျွန်းပင်သာကျေးရွာ နဲ့ တုံးကျော်ကျေးရွာ စတဲ့ ကျေးရွာ၎ ရွာမှာ စုပေါင်းပြီး တစ်ရွာမှာ လူဦးရေ ၁၀၀ကျော် နဲ့ တစ်ရွာပြီးတစ်ရွာ ဆန္ဒထုတ်ဖော်နေကြတာဖြစ်ပါတယ်။ ဆန္ဒထုတ်ဖော်ရာမှာ ကူကီးတိုင်းရင်းသားများနေထိုင်တဲ့နေရာဒေသတွေမှာ မြေလွတ်မြေလပ်မြေရိုင်းမရှိ ၊၂၀၁၈ မြေလွတ်မြေလပ်မြေရိုင်း ဥပဒေအား ပြင်ဆင်ပေးပါ၊ မြေလွတ်မြေလပ်မြေရိုင်းဥပဒေအား အလိုမရှိ…
Read Moreရခိုင်ပြည်နယ်အတွင်း ရဲစခန်းတချို့ ရုတ်သိမ်း
မင်းပြား၊ မတ် ၁၁-၂၀၁၉ ခိုင်လင်းစံ(VOM) ဒေသအခြေအနေတွေ တည်ငြိမ်မှုမရှိတာကြောင့် ရခိုင်ပြည်နယ်အတွင်းက နယ်မြေလုံခြုံရေးဆောင်ရွက်နေတဲ့ ရဲစခန်းတချို့ကို မနေ့ညနေပိုင်းကစတင်ပြီး ရုတ်သိမ်းလိုက်တာဖြစ်ပါတယ်။ အဲ့လိုရုတ်သိမ်းလိုက်တဲ့ ရဲစခန်းတွေကတော့ မင်းပြားမြို့နယ် လေးမြို့မြစ်ကြောင်းအတွင်းမှာရှိနေတဲ့ ပန်းမြောင်းမြို့နယ်ခွဲ စခန်းအပါအဝင် ရသေ့တောင်မြို့နယ် အိုးဖောက်နဲ့ ချွတ်ပြင် နယ်ခြားစောင့်ရဲစခန်း၊ ဘူးသီးတောင်မြို့နယ်က စေတီတောင်စခန်းစတဲ့ စခန်း ၄ ခုတို့ ဖြစ်ပါတယ်။ “ကျွန်တော်တို့ ပန်းမြောင်းရဲစခန်းကို ရုတ်သိမ်းလိုက်တာ ဟုတ်ပါတယ်။ မနေ့က ညနေပိုင်း ၃ နာရီလောက်မှာ ရုတ်သိမ်းသွားတာပါ။ ဒီကရဲတပ်ဖွဲ့ဝငိတွေကို မင်းပြားကိုခေါ်သွားတာပါ။ လက်ရှိမှာတော့ စခန်းပိတ်ထားတာပေါ့”လို့ ပန်းမြောင်းကျေးရွာအုပ်ချုပ်ရေးမှုး ဦးတင်အောင်ကျော်ကပြောပါတယ်။ မနေ့က ညနေပိုင်းမှာ ရုတ်သိမ်းသွားတဲ့စခန်းတွေကတော့ ရခိုင်ပြည်နယ်အတွင်းမှာ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ဒေသတွေက အင်အားနည်းပြီး လုံခြုံရေးစိုးရိမ်ရတဲ့ စခန်းတွေဖြစ်ကြပါတယ်။ “စခန်းမှာက ရဲအင်အား ၁၁ ယောက်ပဲရှိပါတယ်။ စခန်းမှူးကတော့…
Read Moreမြေလွတ်၊ မြေလပ်၊ မြေရိုင်းစီမံခန့်ခွဲရေးဥပဒေ ကို လက်ခံလိုက်နာခြင်းမပြုဖို့ P.S.L.F/T.N.L.Aက ပလောင်ပြည်သူတွေကိုတိုက်တွန်း
မတ် ၁၁-၂၀၁၉ နေလင်း (VOM) မြေလွတ် ၊ မြေလပ်၊ မြေရိုင်းတွေကို ဥပဒေအတိုင်းလျှောက်ထားဖို့ နောက်ဆုံးသတ်မှတ်ထားတာဟာ တိုင်းရင်းသားပြည်သူတွေရဲ့ မိရိုးဖလာမြေယာပိုင်ဆိုင်မှုကို ချိုးဖေါက်ရာရောက်တယ်ဆိုပြီး ဒီဥပဒေကို လိုက်နာဖို့မလိုဘူးလို့ ဒီကနေ့မှာ တအာင်းပြည်နယ်လွတ်မြောက်ရေးတပ်က ထုတ်ပြန်ချက်ထုတ်လိုက်တာဖြစ်ပါတယ်။ သူတို့ထုတ်ပြန်ချက်မှာ ခုလိုရေးသားထားတာကိုတွေ့ရပါတယ်။ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေကို ပြင်ဆင်သည့်ဥပဒေတရပ်အား မြန်မာအစိုးရ က ၂၀၁၈ ခုနှစ် စက်တင်ဘာလတွင် အတည်ပြုပြဋ္ဌာန်းခဲ့ပြီး ၂၀၁၉ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့အတွင်းနောက်ဆုံး လိုက်နာ လျှောက်ထားကြရန်၊ လိုက်နာလျှောက်ထားခြင်းမပြုပါက မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများကိုသိမ်းယူခြင်း၊ ဖယ်ရှားခြင်း ခံရမည်ဟူ၍ ထုတ်ပြန်လိုက်သည့် ကြေညာချက်သည် တိုင်းရင်းသားမိဘပြည်သူများ၏ မိရိုးဖလာမြေယာပိုင်ဆိုင်မှုကို အတင်းအဓမ္မဝင်ရောက်ချိုးဖောက်ခြင်းလုပ်ရပ်ဖြစ်သည်။ ထိုကြောင့် မြန်မာအစိုးရ၏ ယင်း မြေယာစီမံခန့်ခွဲရေးဥပဒေကို ကြောက်ရွှံ့စိုးရိမ်ခြင်း၊ လိုက်နာဆောင်ရွက်ခြင်း မပြုကြရန် တအာင်းပြည်နယ်တွင်းရှိ တိုင်းရင်းသားမိဘပြည်သူများ အားလုံးကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး P.S.L.F/T.N.L.A မှ…
Read Moreပိတ်မိနေတဲ့ စာပေါင်ကျေးရွာသားသုံးဦး မိုင်းထိ တစ်ဦးသေ
မြောက်ဦး၊ မတ် ၁၁-၂၀၁၉ ခိုင်လင်းစံ(VOM) ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် လေးမြို့မြစ်ကြောင်းအတွင်း တိုက်ပွဲတွေဖြစ်ပွားပြီး ပိတ်မိနေတဲ့ စာပေါင်ကျေးရွာသားသုံးဦး မိုင်းထိပြီး တစ်ဦးသေဆုံးခဲ့တာဖြစ်ပါတယ်။ အဲ့ဒီပိတ်မနေတဲ့ကျေးရွားသားသုံးဦးကို တပ်မတော်စစ်ကြောင်းကနေ ဒီကနေ့နေ့လယ်ပိုင်းမှာ လမ်းပြအဖြစ်ခေါ်ဆောင်လာခဲ့တဲ့အချိန်မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ “ကျွန်တော်တို့ရွာသားသုံးယောက်ကို စစ်တပ်က လမ်းပြခေါ်သွားတယ်။ လမ်းမှာမိုင်းနင်းမိပြီး တစ်ယောက်သေတယ်။ နှစ်ယောက် ဒဏ်ရာရသွားတယ်။ ရွာကျန်ခဲ့တဲ့တစ်ယောက်က ခြေသလုံးမှာ ထိတယ်။ ဆေးရုံကိုတစ်ယောက်ပို့ထားရတယ်”လို့ စာပေါင်ရွာသားတစ်ဦးကပြောပါတယ်။ အဲ့ဒီလမ်းပြအဖြစ်ခေါ်ဆောင်ခြင်းခံခဲ့ရပြီး မိုင်းထိသွားတဲ့ စာပေါင်ကျေးရွာသားတွေကတော့ ဦးကြာထွန်းဆောင်၊ ဦးစနီအောင်နဲ့ ဦးမောင်သိန်းကျော်တို့ ဖြစ်ကြပြီး ဦးကြာထွန်းအောင် ၆၇ နှစ်မှာ သေဆုံးသွာခဲ့တယ်လို့ အဲ့ဒီရွာသားကပြောပါတယ်။ “လမ်းပြလာခေါ်တော့ ကျွန်တော်တို့က ငြင်းလို့မရဘူးလေ လိုက်ရတာပေါ့ စစ်သားက ၉၀ လောက်ရှိတယ်။ သူတို့ကရွာပြင်မှာနေကြတယ်။ ရွာသားတွေကလည်း ပိတ်မိနေတော့ ဘယ်မှသွားလို့မရဘဲ ဖြစ်သလိုစားသောက်နေကြရတယ်လို့ အဲ့ဒီရွာသားကပြောပါတယ်။ …
Read More