ပိတ်​မိနေတဲ့ စာပေါင်​ကျေးရွာသားသုံးဦး မိုင်းထိ တစ်​ဦးသေ

မြောက်​ဦး၊ မတ်​ ၁၁-၂၀၁၉

ခိုင်​လင်းစံ(VOM)

 

ရခိုင်​ပြည်​နယ်​ မြောက်​ဦးမြို့နယ်​ လေးမြို့မြစ်​ကြောင်းအတွင်း တိုက်​ပွဲတွေဖြစ်​ပွားပြီး ပိတ်​မိနေတဲ့ စာပေါင်​ကျေးရွာသားသုံးဦး မိုင်းထိပြီး တစ်​ဦးသေဆုံးခဲ့တာဖြစ်​ပါတယ်​။

 

အဲ့ဒီပိတ်​မနေတဲ့ကျေးရွားသားသုံးဦးကို တပ်​မတော်​စစ်​ကြောင်းကနေ ဒီကနေ့နေ့လယ်ပိုင်းမှာ လမ်းပြအဖြစ်​ခေါ်ဆောင်​လာခဲ့တဲ့အချိန်​မှာ ဖြစ်​ပွားခဲ့တာဖြစ်​ပါတယ်​။

 

“ကျွန်​တော်​တို့ရွာသားသုံးယောက်​ကို စစ်​တပ်​က လမ်းပြခေါ်သွားတယ်​။ လမ်းမှာမိုင်းနင်းမိပြီး တစ်​ယောက်​သေတယ်​။ နှစ်​ယောက်​ ဒဏ်​ရာရသွားတယ်​။ ရွာကျန်​ခဲ့တဲ့တစ်​ယောက်​က ခြေသလုံးမှာ ထိတယ်​။ ဆေးရုံကိုတစ်​ယောက်​ပို့ထားရတယ်​”လို့ စာပေါင်​ရွာသားတစ်​ဦးကပြောပါတယ်​။

 

အဲ့ဒီလမ်းပြအဖြစ်​ခေါ်ဆောင်​ခြင်းခံခဲ့ရပြီး မိုင်းထိသွားတဲ့ စာပေါင်​ကျေးရွာသားတွေကတော့ ဦးကြာထွန်းဆောင်​၊ ဦးစနီအောင်​နဲ့ ဦးမောင်​သိန်းကျော်​တို့ ဖြစ်​ကြပြီး ဦးကြာထွန်းအောင်​ ၆၇ နှစ်​မှာ သေဆုံးသွာခဲ့တယ်​လို့ အဲ့ဒီရွာသားကပြောပါတယ်​။

 

“လမ်းပြလာခေါ်တော့ ကျွန်​တော်​တို့က ငြင်းလို့မရဘူးလေ လိုက်​ရတာပေါ့ စစ်​သားက ၉၀ လောက်​ရှိတယ်​။ သူတို့ကရွာပြင်​မှာနေကြတယ်​။ ရွာသားတွေကလည်း ပိတ်​မိနေတော့ ဘယ်​မှသွားလို့မရဘဲ ဖြစ်​သလိုစားသောက်​နေကြရတယ်​လို့ အဲ့ဒီရွာသားကပြောပါတယ်​။

 

မိုင်းထိသူသုံးဦးထဲက ဦးကြာထွန်းအောင်​ဟာ အဲ့ဒီနေရာမှာပင်​ သေဆုံးသွားပြီး ဦးစနီအောင်​မှာ ကိုယ်​ခန္ဓာတစ်​ခုလုံး မိုင်းစထိမှန်​ခဲ့ရတဲ့အတွက်​ ဆေးရုံကိုပို့ဆောင်​ပေးခဲ့ပြီး ညနေ ၅ နာရီခွဲလောက်​မှာ မြောက်​ဦးဆေးရုံကို ရောက်​ရှိလာခဲ့တာဖြစ်​ပါတယ်​။

 

ဓါတ်​ပုံ-သန်းထွန်း

 

#voiceofmyanmar #မြောက်ဦး #စာပေါင် #မိုင်းထိ

 

 

 

Related posts

Leave a Comment

VOM News

FREE
VIEW