မြောက်ဦး၊ မတ် ၁၁-၂၀၁၉
ခိုင်လင်းစံ(VOM)
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် လေးမြို့မြစ်ကြောင်းအတွင်း တိုက်ပွဲတွေဖြစ်ပွားပြီး ပိတ်မိနေတဲ့ စာပေါင်ကျေးရွာသားသုံးဦး မိုင်းထိပြီး တစ်ဦးသေဆုံးခဲ့တာဖြစ်ပါတယ်။
အဲ့ဒီပိတ်မနေတဲ့ကျေးရွားသားသုံးဦးကို တပ်မတော်စစ်ကြောင်းကနေ ဒီကနေ့နေ့လယ်ပိုင်းမှာ လမ်းပြအဖြစ်ခေါ်ဆောင်လာခဲ့တဲ့အချိန်မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
“ကျွန်တော်တို့ရွာသားသုံးယောက်ကို စစ်တပ်က လမ်းပြခေါ်သွားတယ်။ လမ်းမှာမိုင်းနင်းမိပြီး တစ်ယောက်သေတယ်။ နှစ်ယောက် ဒဏ်ရာရသွားတယ်။ ရွာကျန်ခဲ့တဲ့တစ်ယောက်က ခြေသလုံးမှာ ထိတယ်။ ဆေးရုံကိုတစ်ယောက်ပို့ထားရတယ်”လို့ စာပေါင်ရွာသားတစ်ဦးကပြောပါတယ်။
အဲ့ဒီလမ်းပြအဖြစ်ခေါ်ဆောင်ခြင်းခံခဲ့ရပြီး မိုင်းထိသွားတဲ့ စာပေါင်ကျေးရွာသားတွေကတော့ ဦးကြာထွန်းဆောင်၊ ဦးစနီအောင်နဲ့ ဦးမောင်သိန်းကျော်တို့ ဖြစ်ကြပြီး ဦးကြာထွန်းအောင် ၆၇ နှစ်မှာ သေဆုံးသွာခဲ့တယ်လို့ အဲ့ဒီရွာသားကပြောပါတယ်။
“လမ်းပြလာခေါ်တော့ ကျွန်တော်တို့က ငြင်းလို့မရဘူးလေ လိုက်ရတာပေါ့ စစ်သားက ၉၀ လောက်ရှိတယ်။ သူတို့ကရွာပြင်မှာနေကြတယ်။ ရွာသားတွေကလည်း ပိတ်မိနေတော့ ဘယ်မှသွားလို့မရဘဲ ဖြစ်သလိုစားသောက်နေကြရတယ်လို့ အဲ့ဒီရွာသားကပြောပါတယ်။
မိုင်းထိသူသုံးဦးထဲက ဦးကြာထွန်းအောင်ဟာ အဲ့ဒီနေရာမှာပင် သေဆုံးသွားပြီး ဦးစနီအောင်မှာ ကိုယ်ခန္ဓာတစ်ခုလုံး မိုင်းစထိမှန်ခဲ့ရတဲ့အတွက် ဆေးရုံကိုပို့ဆောင်ပေးခဲ့ပြီး ညနေ ၅ နာရီခွဲလောက်မှာ မြောက်ဦးဆေးရုံကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။
ဓါတ်ပုံ-သန်းထွန်း
#voiceofmyanmar #မြောက်ဦး #စာပေါင် #မိုင်းထိ