မြန်မာနိုင်ငံထဲကို ၀က်အပြင်းဖျားရောဂါမ၀င်ရောက်နိုင်ဖို့ တင်သွင်းမှုတွေကန့်သတ်

မတ် ၁၂ -၂၀၁၉

TGH ( VOM)

 

မြန်မာနိုင်ငံထဲကို အာဖရိက ၀က်အပြင်းဖျားရောဂါကူးစက်ဝင်ရောက်မှု မရှိစေဖို့ အတွက်  ၄င်းရောဂါဖြစ်ပွားနေတဲ့ တရုတ်နိုင်ငံအပါအ၀င် တခြားနိုင်ငံအချို့ကနေ ၀က်နဲ့ ဆက်စပ် ပစ္စည်းတင်သွင်းမှုကန့်သတ်ထားသလို တရားမ၀င်လမ်းကြောင်းတွေကနေ ၀င်ရောက်မှု မရှိစေဖို့ကိုလည်း လုပ်ဆောင်နေတယ်လို့သိရပါတယ်။

 

ဒီလိုကန့်သတ်ထားမှုနဲ့ပတ်သက်ပြီး စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် ဆည်မြောင်းရေးဝန်ကြီးဌာန ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနဘက်ကနေ  မွေးမြူရေးလုပ်ငန်းအတွက် ၀က်သားပေါက်တင်သွင်းခွင့်ပြုဖို့

အဆိုပြုချက်တစ်ခု ဆွေးနွေးတောင်းဆိုထားတယ်လို့  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနလက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောပါတယ်။

 

“ ရောဂါမရှိတဲ့နိုင်ငံတွေကနေ မွေးမြူရေးလုပ်ငန်းအတွက် အဓိကဖြစ်တဲ့ ၀က်သားပေါက်တင်သွင်းခွင့်ပြုဖို့ စိုက် / မွေး ဘက်ကနေ ဆွေးနွေးတောင်းဆိုထားတယ်။ အကြမ်းဖျင်း ဆွေးနွေးတဲ့  အတွင်းဝန်ခြင်း ပူးပေါင်းအစည်းအဝေးမှာပေါ့။ တစ်ဖက်နိုင်ငံက ရောဂါကင်းရှင်းကြောင်း အသိအမှတ်ပြုလက်မှတ်တောင်းတယ်  ပြီးရင် စစ်ဆေးမှုတွေလည်း  လုပ်မယ်ပေါ့။ဒါလည်းဆွေးနွေးမှုတွေလုပ်ရအုံးမှာပါ။သူတို့ပြောတာက  ပြည်တွင်းမှာက ၀က်သားပေါက်တွေကို မထုတ်လုပ်နိုင်ဘူး ၊ဒီလိုမထုတ်လုပ်နိုင်တာကြောင့် ၀က်သားပေါက် ၊ ၀က်မျိုးတွေ ကိုတင်သွင်းဖို့ ပြောထားတာပေါ့”လို့ သူက ဆိုပါတယ်။

 

လတ်တလော ကန့်သတ်ထားတာတွေက ဝက်အရှင်နဲ့ ဝက်ထွက်ပစ္စည်းတွေဖြစ်တဲ့ ဝက်သား ၊အေးခဲအသား၊ဝက်ပေါင်ခြောက်၊ဝက်အူချောင်းနဲ့ တခြားဝက်နဲ့ဆက်စပ် ပစ္စည်းတွေဖြစ်ပြီး အဲ့ဒါ တွေကို  နယ်စပ်ပေါက် ၊ လေဆိပ်၊ရေဆိပ် တွေကနေ တင်သွင်းတာ၊သယ်ယူတာ၊ရောင်းချတာတွေကို ယာယီအနေနဲ့ တားမြစ်ထားတယ်လို့ သိရပါတယ်။

 

နောက်ပြီး လက်ရှိမြန်မာနိုင်ငံမှာတော့ ဝက်အပြင်းဖျားရောဂါ ဖြစ်ပွားနေမှုမရှိသေးဘူးလို့ လည်း စိုက်/မွေးဘက်က ပြောပြချက်အရသိရတယ်လို့ ဦးခင်မောင်လွင်ကဆိုပါတယ်။

 

ဝက်အေးခဲသားနဲ့ဝက်ပေါင်ခြောက် တွေကို အများဆုံး တင်သွင်းတဲ့လုပ်ငန်းတွေက ဟိုတယ်နဲ့ စားသောက်တိုင်လုပ်ငန်းတွေဖြစ်ပြီး၊ ရေကြောင်းကနေ သယ်ယူလေ့ရှိတယ်လို့ သိရပါတယ်။ကန့်သတ်ထားတဲ့ နိုင်ငံတွေကနေ တရားမဝင်သယ်ယူတာတွေ ဖမ်းဆီးရမိတဲ့အခါမျိုးမှာ မီးရှို့ဖျက်ဆီးတာတွေလုပ်နေတယ်လို့လည်းသိရပါတယ်။

 

ဒါနဲ့ပတ်သက်လို့ ပြင်သစ်ကနေတိုက်ရိုက်လာရောက်ရင်းနှီးမြှုပ်နှံပြီး စားသောက်ဆိုင်ဖွင့်လှစ်ထားတဲ့ လုပ်ငန်းရှင်တစ်ဦးက အခုလိုမှတ်ချက်ပေးပါတယ်။

“ပြင်သစ်စားသောက်ဆိုင်ဖြစ်တယ်။အဓိက မြန်မာနိုင်ငံထဲက ပြင်သစ်လူမျိုးတွေအတွက်အဓိကရည်ရွယ်ဖွင့်ထားတယ်။ပြင်သစ်ဆိုင်ဖြစ်လို့ အသားတွေကိုလည်း ပြင်သစ်ကမှာတာရှိတယ် လိုအပ်တာကိုပြည်တွင်းကမှာတယ်။ခုလိုဝက်အပြင်းဖျားရောဂါ ကြားရတော့ ကျွန်တော်ဆို့စားသောက်ဆိုင်တွေ သတိထားဖို့လိုလာပြီ။saftyဖြစ်ဖို့ တော်တော်ဂရုစိုက်ရပါမယ်” လို့ပြောပါတယ်။

 

ယခု ဝက်နဲ့ဆက်စပ် ပစ္စည်းတွေကန့်သတ်လိုက်တဲ့ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံကနေ ဝက်နဲ့ ဝက်ထွက်ပစ္စည်း ပြန်လည်တင်ပို့နေရတဲ့နိုင်ငံဖြစ်တာကြောင့် တရုတ်နိုင်ငံကနေ တင်သွင်းခွင့် ကန့်သန့်လိုက်တာကြောင့် ဝက်သား ဈေးကွက် မြှင့်တက်လာနိုင်စရာမရှိလို့ လုပ်ငန်းရှင်တချို့က ခန့်မှန်းထားပါတယ်။

 

#voiceofmyanmar #အာဖရိက၀က်အပြင်းဖျားရောဂါ #အေးခဲအသား #၀က်သား

 

Related posts

Leave a Comment

VOM News

FREE
VIEW