စစ်ကိုင်း မတ် ၁၆-၂၀၁၉ စောပြည့်ချမ်းသာ(VOM) စစ်ကိုင်းမြို့နယ်၊မင်းကွန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးကို တာဝန်ကနေ ရပ်စဲပေးဖို့ မင်းကွန်းဒေသခံ ၂၀ကျော်က ဒီနေ့ မနက်ပိုင်းအချိန်ကစစ်ကိုင်းမြို့အတွင်းစီတန်းလှည့်ပြီးဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ ဆန္ဒထုတ်ဖော်မှုကိုစစ်ကိုင်းမြို့ဇေယျာသီရီရုပ်ရှင်ရုံကစတင်ပြီး မြို့မဈေးလမ်း၊တာရိုးလမ်း၊ဇေယျာလမ်း မြို့တော်ခန်းမထိ စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဥပဒေချိုးဖောက်တဲ့ မင်းကွန်းအုပ်ချုပ်ရေးမှုးကို တာဝန်က ရပ်ဆိုင်းဖို့ မြို့နယ်/ခရိုင်အုပ်ချုပ်ရေးမှုးတွေအနေနဲ့ ရပ်ကျေးအုပ်ချုပ်ရေးဥပဒေအတိုင်းဆောင်ရွက်ကြဖို့ ၊ပြည်သူကိုယ်စားပြုတဲ့ အစိုးရတစ်ရပ်ပေါ်ပေါက်စေဖို့ ၊ကောင်းမွန်တဲ့စီမံအုပ်ချုပ်မှုတစ်ရပ်ပေါ်ပေါက်လာစေဖို့  စတဲ့ဗီနိုင်တွေ ကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ “ဒီနေ့သူတို့ဆန္ဒထုတ်ဖော်တာနဲ့ပတ်သတ်လို့ လည်းဘယ်လိုမှ မအောင့်မေ့ပါဘူး။ခုလိုလုပ်တာကလည်း ဒေသဖွံ့ဖြိုးရေးအတွက်လုပ်တာ၊ပလပ်မြေရောင်းစားပြီးအဂတိကျူးလွန်တာမဟုတ်ပါဘူး။ ကိုယ့်သိက္ခာလုံလုံနဲ့အမှုကိုရင်ဆိုင်သွားမှာပါ”မင်းကွန်းအုပ်ချုပ်ရေးမှုး ဦးမျိုးမြတ်ထွန်းကပြောပါတယ်။ #voiceofmyanmar #ဆန္ဒပြ #မင်းကွန်း #အုပ်ချုပ်ရေးမှူး #စစ်ကိုင်း
Read MoreDay: March 16, 2019
တပ်မတော်ရဲ့ပစ်ခတ်မှုကြောင့် တောင်ဦးကျေးရွာက ကိုယ်ဝန်သည်တစ်ဦး ကျည်ထိ
မြောက်ဦး၊ မတ် ၁၆-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် တောင်ဦးကျေးရွာအနီးမှာ ဒီကနေ့နေ့လည် ၁ နာရီကျော်လောက်မှာ ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။ အဲ့ဒီဖြစ်စဉ်မှာ ကျောက်တော်ဘက်ကနေ ထွက်လာတဲ့ တပ်မတော်စစ်ကြောင်းက တောင်ဦးကျေးရွာနားကိုရောက်တဲ့အချိန်မှာ သေနတ်ပစ်ဖောက်မှုတွေပြုလုပ်ခဲ့တာကြောင့် ရွာသားတွေ ကြောက်လန့်ထွက်ပြေးခဲ့ရာမှာ ကိုယ်ဝန်သည် အမျိုးသမီးတစ်ဦးကျည်ထိသွားတာဖြစ်ပါတယ်။ “နေ့လည် ၁ နာရီကျော်လောက်မှာ ကျောက်တော်ဘက်ကနေ စစ်ကြောင်းတစ်ခုရောက်လာတယ်။ တောင်ဦးရွာထိပ်နားကိုအရောက်မှာ သေနတ်ပစ်ဖောက်တယ်။ အဲ့ဒီမှာထွက်ပြေးကြတယ်။ မိန်းကလေးတစ်ယောက် ပေါင်မှာ ကျည်ထိသွားတယ်”လို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်ကပြောပါတယ်။ တောင်ဦးကျေးရွာဟာ ဦးထွန်းသာစိန်နေထိုင်တဲ့ ကျေးရွာဖြစ်ပြီး ကျည်ထိဒဏ်ရာရရှိခဲ့တဲ့ အမျိုးသမီးမှာ အဲ့ဒီရွာမှာအိမ်ထောင်ကျနေတဲ့ ကရင်လူမျိုး ဒေါ်မှူးတဘွေ ဖြစ်ပါတယ်။ “မိန်းကလေးက အသက် ၂၂ နှစ်ပဲရှိသေးတယ်။ ကိုယ်ဝန်နဲ့မို့လို့ တိန်ညိုဆေးရုံက မြောက်ဦးဆေးရုံကိုပို့ခိုင်းတဲ့အတွက် အခုမြောက်ဦးကိုရောက်နေပါတယ်။”လို့ ဦးထွန်းသာစိန်ကဆိုပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်နေ့ကလည်း တပ်မတော်ကားတန်းဝေသာလီကျေးရွာအနီးမှာ…
Read Moreအစိုးရကစီမံကိန်းတစ်ခုကိုလုပ်ဖို့ဆုံးဖြတ်ချက်မချခင်ပြည်သူလူထုကိုဘာကြောင့်လုပ်တယ်ဆိုတာအသိပေးရမယ်လို့ ပဲခူးတိုင်းအစိုးရကိုနိုင်ငံတော်အတိုင်ပင်ခံသတိပေး
မတ်လ ၁၅ လမင်း (VOM) မြို့သစ်စီမံကိန်းများနှင့်ပတ်သက်ပြီး စီမံကိန်းတစ်ခုကိုလုပ်ဖို့ ဆုံးဖြတ်ချက်မချခင်မှာ ပြည်သူလူထုကို ဘာကြောင့်လုပ်ရတယ်ဆိုတာအသိပေးရမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ကို သတိပေးခဲ့တာဖြစ်ပါတယ် ။ ” ကျွန်မတိုင်းအစိုးရကိုသတိပေးပါရစေ အစိုးရများဟာဆုံးဖြတ်ချက်တစ်ခုချလိုက်တယ် လုပ်ဖို့ဆုံးဖြတ်တယ်ဆိုလို့ရှိရင်ပြည်သူလူထုကိုအသိပေးရုံတင်မကဘူး ဘာကြောင့်လုပ်တယ်ဆိုတာကိုအသိပေးရမယ် ဒါလုပ်တော့ပါမယ်လို့အသိပေးရုံနဲ့လုံလောက်ဘူး ဒီဟာကိုဘာကြောင့်လုပ်တာဖြစ်ပါတယ်ဆိုတာကိုအသိပေးရမယ် ဥပမာဆိုရင်မြို့သစ်စီမံကိန်း လုပ်ဖို့စဉ်းစားတယ်ဆိုရင်အများပြည်သူသိအောင်လို့ရှင်းပြရမယ်။ မြို့သစ်စီမံကိန်းဆိုတာဘယ်လိုပုံစံနဲ့ဖြစ်ဖို့ ရှိသလဲ။ ဘာကြောင့်မြို့သစ်စီမံကိန်းလိုအပ်သလဲ။ဒီဟာတွေကိုရှင်းပြရမယ် ဒါဟာနိုင်ငံရေးမှာတာဝန်ယူထားတဲ့လူတိုင်းရဲ့လုပ်ရမယ့်ဝတ္တရားတခုဖြစ်ပါတယ် ” လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဟြေကြားခဲ့တာပါ ။ ပြည်မြို့ မြို့တော်ခန်းမမှာ ကျင်းပပြုလုပ်တဲ့ လူထု့တွေ့ဆုံပွဲမှာ ပြည်မြို့ ဒေသခံတစ်ဦးက မြို့သစ်စီမံကိန်းတွေ ၊ စီမံကိန်းအသစ်တွေ ပြုလုပ်နေကြတာနဲ့ ပတ်သက်ပြီး မြို့ဟောင်းတွေပျက်စီးယို့ယွင်းနေတာကိုပြန်လည်ပြုပြင်တာမျိုး မရှိပဲ စီမံကိန်းအသစ်တွေကို ပိုမို စိတ်ဝင်စားနေတယ်လို့  တိုင်ကြားဟြေဆိုခဲ့အတဲ့အတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ကိုသတိပေးပြောကြားခဲ့တာဖြစ်ပါတယ်။ #voiceofmyanmar #နိုင်ငံတော်အတိုင်ပင်ခံ #ဒေါ်အောင်ဆန်းစုကြည် #ပဲခူးတိုင်းအစိုးရ #မြို့သစ်စီမံကိန်း
Read Moreချင်းပြည်နယ်ရဲ့ စီးပွားရေးပိုမိုတိုးတက်လာဖို့ ချင်းပြည်နယ်ရင်းနှီးမြှပ်နှံမှုနဲ့ ဒေသထွက်ကုန်ပြပွဲ ပြုလုပ်
ရန်ကုန် ၊မတ် ၁၆ TGH(VOM) ချင်းပြည်နယ်ရဲ့ ရိုးရာချည်မျှင်နဲ့အထည်အလိပ် လုပ်ငန်းတွေအပါအ၀င် စိုက်ပျိုးရေးမွေးမြူရေးလုပ်ငန်း ၊ဟိုတယ်နဲ့ခရီးသွားလုပ်ငန်း ၊ အခြေခံအဆာက်အအုံနဲ့ရေအားလျှပ်စစ်လုပ်ငန်းတွေကို ရင်းနှီးမြှုပ်နှံလိုသူတွေအတွက် တစ်နေရာတည်းမှာ လေ့လာနိုင်မယ့် ချင်းပြည်နယ်ရင်းနှီးမြှပ်နှံမှုနဲ့ ဒေသထွက်ကုန်ပြပွဲကို့  ရန်ကုန်မြို့ မှာကျင်းပပြုလုပ်နေပါတယ်။ “ ဒီအခမ်းအနားက ချင်းပြည်နယ်မှာ မှာရှိတဲ့ စီးပွားရေးခေါင်းတွေနဲ့ ပြည်တွင်းပြည်ရင်းနှီးမြှုပ်နှံသူတွေအတွက် နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းမယ့် ဆက်ဆံရေးကို တည်ဆောက်ဖို့အခွင့်အလမ်းကောင်းဖြစ်တယ်။နောက်ပြီး ပြည်နယ်ရဲ့ စီးပွားရေးကို အထောက်အပံ့ကောင်းလည်းဖြစ်တယ် ၊ ပြည်တွင်း ပြည်ပရင်းနှီးမြှုပ်နှံမှုတွေကိုလည်း ဆွဲဆောင်နိုင်မယ်၊ ပြည် အနယ်တွင်းမှာရှိတဲ့ ဆင်းရဲနွမ်းပါးတဲ့ ဒေသခံတွေ အလုပ်အကိုင်ရရှိမယ် ၊ ၀င်ငွေတိုးမယ် ၊”လို့ ဒီကနေ့မှာ ချင်းပြည်နယ် ၀န်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်က ပြောကြားခဲ့တာဖြစ်ပါတယ်။ ချင်းပြည်နယ်ဟာ ဖွံ့ဖြိုးမှုနောက်ကျကျန်နေသေးတဲ့ ပြည်နယ်တစ်ခုဖြစ်ပေမယ့်လည်း အလားအလာကောင်းတွေများစွာရှိတာကြောင့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေ ၀င်လာမယ်ဆိုရင် ပြည်နယ်အတွင်း အသေးစား ၊ အလတ်စား…
Read Moreဂန့်ဂေါခရိုင်ထဲက ကျောက်ထုလေယာဉ်ကွင် ပြန်လည်အသုံးပြုနိုင်ဖို့ ကြိုးစားနေ
ရန်ကုန် ၊ မတ် ၁၆ TGH(VOM) ဂန့်ဂေါခရိုင် ၊ ဆောမြို့နယ်က ကျောက်ထု လေယာဉ်ကွင်းကို ချင်းပြည်နယ်တောင်ပိုင်းရဲ့ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေဖို့ ပြန်လည်အသက်သွင်းဖော်ဆောင်နိုင်ဖို့ အတွက် သက်ဆိုင်ရာတာဝန်ရှိသူတွေဆီကို တင်ပြတောင်းဆိုထားတယ်လို့ သိရပါတယ်။ “ ပြည်နယ်တောင်ပိုင်းရဲ့ လမ်းပန်းဆက်သွယ်ရေးလွယ်ရေးလွယ်ကူဖို့အတွက် ရှိပြီးသား ကျောက်ထုလေကြောင်းလိုင်းကို ပြန်လည်ဖော်ဆောင်ဖို့ ကြိုးစားနေပါတယ်။ ပုဂံ၊ညောင်ဦးကနေ အချိန်ငါးနာရီကြာ လာစရာမလိုတော့ပဲနဲ့ တစ်နာရီအတွင်းမှာ ကန်ပက်လက် မင်းတပ်မြို့ကို ခရီးသည်တွေ လွယ်လွယ်ကူကူရောက်ရှိလာမှာဖြစ်ပါတယ်။” လို့ ချင်းပြည်နယ် ၊ ဟိုတယ်နှင့်တည်းခိုရိပ်သာလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးရှိန်းဇာနိုင်က ပြောပါတယ်။ အဲဒီလေယာဉ်ကွင်းဟာ ချင်းပြည်နယ်တောင်ပိုင်း ခရီးသွားကဏ္ဍဖွံ့ဖြိုးဖိုအတွက် အထောက်အကူ ဖြစ်တာကြောင့် ပြန်လည်ဖော်ဆောင်ဖို့ တင်ပြထားတာဖြစ်ပါတယ်။ဒါ့အပြင်ကျောက်ထု လေယာ ဉ်ကွင်းက ချင်းပြည်နယ် မင်းတပ်မြို့ကနေ မိုင်၂၀ခန့်သာ ဝေးတဲ့အတွက် ဒေသနေပြည်သူတွေအတွက် သွားလာရေးအဆင်ပြေသလို ပြည်နယ်ကို…
Read MorePUBG ဂိမ်းကစားသူတွေကို အိန္ဒိယနိုင်ငံမှာ ဖမ်းနေပြီ
ဒေလီ ၊ မတ် ၁၆-၂၀၁၉ မျိုးဆက် (VOM) ကလေးငယ်တွေအတွက် စွဲလမ်းပြီး အန္တရာယ်ဖြစ်စေတယ်လို့ ယုံကြည်တာကြောင့် အိန္ဒိယနိုင်ငံ အချို့ဒေသတွေမှာ မကစားဖို့ ပိတ်ပင်ထားပါတယ်။အဲ့ဒီလိုတားမြစ်ထားတဲ့ PUBG ဂိမ်းကိုကစားကစားတဲ့အတွက် အသက် ၁၈ နှစ်ကနေ ၂၂ နှစ်အကြားရှိ လူ ၁၆ ဦးကို အိန္ဒိယ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။ ဒီလိုဂိမ်းဆော့လို့အဖမ်းခံခဲ့ရတဲ့လူငယ်တွေထဲက အချို့ဟာ အွန်လိုင်းမှာ ဂိမ်းကစားသူအချင်းချင်း ချိတ်ဆက်ကစားရတဲ့ PUBG ဂိမ်းကိုကစားနေချိန်မှာ ရဲတွေချဉ်းကပ်လာတာကိုတောင် သတိမထားမိကြဘူးလို့ ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။ သူတို့ကို PUBG ဂိမ်းကစားနေတာကိုတွေ့ရှိပြီးနောက် ဖမ်းဆီးထိန်းသိမ်းခဲ့တာဖြစ်တယ်လို့ Rajkot မြို့ ရဲဌာနချုပ်အနီးမှာ ဂိမ်းကစားနေတဲ့ လူငယ်သုံးဦးကို ဖမ်းဆီးပြီးနောက်မှာ စစ်ဆေးရေးအရာရှိ ရိုဟစ်ရာဗယ်က ပြောပါတယ်။ အိန္ဒိယနိုင်ငံ ဂူဂျာရက်ပြည်နယ်မှာ PUBG ဂိမ်းကစားတာကို လုံးဝပိတ်ပင်လိုက်တဲ့ အမိန့်စတင်ခဲ့ပြီး မိဘတွေနဲ့ ဆရာတွေကလည်း ဒီဂိမ်းနဲ့ပတ်သက်ပြီး…
Read MoreNLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးပြုလုပ်
NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးပြုလုပ် မတ် ၁၆-၂၀၁၉ ကိုထွန်း(နေပြည်တော်) NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးကို ဒီကနေ့ နေ့လယ်တစ်နာရီအချိန်မှာ နေပြည်တော်က စည်ပင်ဧည့်ရိပ်သာမှာ ပြုလုပ်နေတာဖြစ်ပါတယ်။ အဲ့ဒီ အစည်းအဝေးကို NLD ပါတီရဲ့ ထိပ်သီးခေါင်းဆောင်တွေဖြစ်တဲ့ ဦးဥာဏ်ဝင်း၊ဒေါက်တာမျိုးညွန့်၊ဒေါက်တာမေဝင်းမြင့်၊တို့ အပါအ၀င် ဗဟိုအလုပ်အမှုဆောင်တွေဖြစ်ကြတဲ့ ဦးအောင်ကြည်ညွန့်၊စစ်ကိုင်းဝန်ကြီးချူ ပ်ဦးမြင့်နိုင်၊ဦးထွန်းထွန်းဟိန်၊ဦးသိန်းဦး၊ဦးအင်ထုံခါးနော်ဆမ်နဲ့ တခြား အဖွဲ့ဝင်တွေ တက်ရောက်ကြတယ်လို့ သိရပါတယ်။ #voiceofmyanmar #အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် #NLD #အစည်းအဝေး
Read Moreအိုင်စီစီ တာဝန်ရှိသူတွေကို အမေရိကန်က ပြည်ဝင်ခွင့် ပိတ်လိုက်ပြီ
ဝါရှင်တန်၊ မတ်-၁၆ မျိုးဆက် (VOM) အာဖဂန်နစ္စတန်နိုင်ငံမှာ အမေရိကန်က စစ်ရာဇ၀တ်မှုကျူးလွန်တယ်ဆိုတဲ့ကိစ္စကို နိုင်ငံတကာပြစ်မှုဆိုင်ရာတရားရုံး (အိုင်စီစီ ) က စုံးစမ်းစစ်ဆေးဖို့ လုပ်ဆောင်နေတာနဲ့ ပတ်သက်ပြီး အိုင်စီစီ တာဝန်ရှိသူတွေကို အမေရိကန်နိုင်ငံအတွင်း ၀င်ရောက်ခွင့်ပေးတော့မှာ မဟုတ်ဘူးလို့ အမေရိကန်အစိုးရက ထုတ်ပြန်လိုက်ပါတယ်။ အမေရိကန်ဆီကို ပြည်ဝင်ခွင့်ငြင်းပယ်ခံရတဲ့ အိုင်စီစီက လူပုဂ္ဂိုလ်တွေရဲ့ အမည်တွေကို ထုတ်ဖော်ပြောဆိုထားတာမရှိပေမယ့် ၂၀၁၇ ခုနှစ်မှာ စတင်ခဲ့တဲ့ စုံစမ်းစစ်ဆေးမှုတွေကို အိုင်စီစီက ဆက်လက်လုပ်ဆောင်နေမယ်ဆိုရင် တခြားကန့်သတ်မှုတွေကိုပါ ဆက်လက်လုပ်ဆောင်သွားမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက ပြောပါတယ်။ အမေရိကန်တပ်ဖွဲ့ဝင်တွေအပေါ် ဘယ်လိုစုံစမ်းစစ်ဆေးမှုနဲ့မဆို တိုက်ရိုက်ပတ်သက်နေတဲ့ အိုင်စီစီရဲ့ ပုဂ္ဂိုလ်တွေအပေါ် ပြည်ဝင်ခွင့်ကန့်သတ်တဲ့ အမေရိကန်ရဲ့ မူဝါဒကို နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက မတ် ၁၅ ရက်မှာ ကြေညာခဲ့ပါတယ်။ အိုင်စီစီအနေနဲ့ စုံစမ်းစစ်ဆေးမှုတွေကို မရပ်တန့်ဘူးဆိုရင် တာဝန်ရှိသူတွေအပေါ် စီးပွားရေးအရေးယူပိတ်ဆို့တာတွေအပါအ၀င် နောက်ထပ်အရေးယူပိတ်ဆို့မှုတွေ ချမှတ်ဖို့…
Read Moreမုံရွာမြို့မှာလည်း ရိုးရာလမ်းလျှောက်သင်္ကြန် ကျင်းပသွားမယ်
မတ် ၁၅-၂၀၁၉ အောင်နေမျိုး စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ကန်သာယာကန်နဲ့ ဗိုလ်ချုပ်လမ်း ဘက်အခြမ်းမှာ သင်္ကြန်ကာလအတွင်း ပထမဆုံးအကြိမ် ရိုးရာလမ်းလျှောက်သင်္ကြန်ကျင်းပပြု လုပ်သွားမှာဖြစ် ပါတယ်။ ကျင်းပမယ့် လမ်းလျှောက်သင်္ကြန်ကို တိုင်းအစိုးရအဖွဲ့ ရဲ့ လမ်းညွှန်ချက်နဲ့ မုံရွာမြို့က နိုင်ငံရေးအဖွဲ့အစည်းတွေ၊ လူမှုရေးအသင်းအဖွဲ့တွေ က ပြန်လည်ဖော်ထုတ် ကျင်းပတာ ဖြစ်တယ်လို့ သိရပါတယ်။ လမ်းလျှောက်သင်္ကြန်မှာ အုန်းလက်မဏ္ဍပ် (၃၀) ဝန်းကျင်နဲ့ စတုဒီသာမဏ္ဍပ်တွေ ထည့်သွင်းကျင်းပသွားမယ်လို့ လည်း သိရပါတယ်။ မုံရွာမြို့ ရိုးရာလမ်းလျှောက်သင်္ကြန်မှာ ပါဝင်ကြမယ့် မဏ္ဍပ်တွေမှာ အရက်၊ဘီယာနဲ့ ဆေးလိပ်ကြော်ငြာတွေပါဝင်တဲ့ မဏ္ဍပ်တွေကို ခွင့်ပြုသွားမှာမဟုတ်ဘူးလို့သိရပါတယ်။ ရိုးရာလမ်းလျှောက်သင်္ကြမှာ ရေပက်ကစားမယ့်ပြည်သူတွေကို အခမဲ့ကစားနိုင်အောင် စီစဉ်ဆောင်ရွက်နေတယ်လို့ ရိုးရာ သင်္ကြန်ဖြစ်မြောက်ရေးကော်မတီဝင်တွေက ပြောပါတယ်။ ဒ့ါအပြင် အုန်းလက်မဏ္ဍပ်တွေမှာ ရှေးသင်္ကြန်အတိုင်း ရေပက် ကစားခဲ့ကြရာမှာ လောင်းလှေထဲရေထည့်ပြီး ငွေဖလားနဲ့ ရေပက်ကစားကြရမှာဖြစ်တယ်လို့ ရိုးရာ လမ်းလျှောက် သင်္ကြန်ဖြစ်မြောက်ရေးကော်မတီအဖွဲ့ဝင်…
Read Moreမန္တလေးမြို့မှာ စမတ်စီးတီးအကြောင်းဆွေးနွေး
မတ် ၁၆-၂၀၁၉ သွေးသစ်(VOM) “စမတ်စီးတီး ဘာလဲ၊ဘယ်” လဲခေါင်းစဉ်နဲ့ ဆွေးနွေးပွဲတစ်ခုကို မန္တလေးမြို့ မြစန္ဒာလမ်းပေါ်ရှိ မန္တလေးသတင်းစာ ပညာသင်တန်းကျောင်းမှာ ပြုလုပ်ခဲ့ပါတယ်။ “သတင်းထောက်တွေအနေနနဲ့ ဒီဟာကို ပိုသိလာတဲ့အခါ သူတို့ကတဆင့် တခြားလူတွေပါသိလာစေဖို့ ရည်ရွယ်လုပ်ဆောင်တာပါ။”ဟု ဦးဆောင်ဆွေးနွေးသူတစ်ဦးဖြစ်တဲ့ မြို့တော်စည်ပင်သာယာရေးကော်မတီက ဦးကျော်ဆန်းမြင့် ကပြောပါတယ်။ အဆိုပါဆွေးနွေးပွဲမှာ စမတ်စီးတီးဖော်ဆောင်နေမှုတွေဖြစ်တဲ့ လမ်းတည်ဆောက်မှုအပိုင်း အခြေခံအဆောက်အဦးတွေပိုင်းတွေနဲ့ မြို့ပြလိုအပ်ချက်တွေကို ပြောဆိုဆွေးနွေးခဲ့ ကြတာလည်း ဖြစ်ပါတယ်။#voiceofmyanmar #smartcity #မြို့ပြတည်ဆောက်ရေး #မန္တလေး
Read More