ချင်းပြည်နယ်ရဲ့ စီးပွားရေးပိုမိုတိုးတက်လာဖို့ ချင်းပြည်နယ်ရင်းနှီးမြှပ်နှံမှုနဲ့ ဒေသထွက်ကုန်ပြပွဲ ပြုလုပ်

 

ရန်ကုန် ၊မတ်  ၁၆

TGH(VOM)

ချင်းပြည်နယ်ရဲ့ ရိုးရာချည်မျှင်နဲ့အထည်အလိပ် လုပ်ငန်းတွေအပါအ၀င် စိုက်ပျိုးရေးမွေးမြူရေးလုပ်ငန်း ၊ဟိုတယ်နဲ့ခရီးသွားလုပ်ငန်း ၊ အခြေခံအဆာက်အအုံနဲ့ရေအားလျှပ်စစ်လုပ်ငန်းတွေကို ရင်းနှီးမြှုပ်နှံလိုသူတွေအတွက် တစ်နေရာတည်းမှာ လေ့လာနိုင်မယ့် ချင်းပြည်နယ်ရင်းနှီးမြှပ်နှံမှုနဲ့ ဒေသထွက်ကုန်ပြပွဲကို့  ရန်ကုန်မြို့ မှာကျင်းပပြုလုပ်နေပါတယ်။

“ ဒီအခမ်းအနားက ချင်းပြည်နယ်မှာ မှာရှိတဲ့ စီးပွားရေးခေါင်းတွေနဲ့ ပြည်တွင်းပြည်ရင်းနှီးမြှုပ်နှံသူတွေအတွက် နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းမယ့် ဆက်ဆံရေးကို တည်ဆောက်ဖို့အခွင့်အလမ်းကောင်းဖြစ်တယ်။နောက်ပြီး ပြည်နယ်ရဲ့ စီးပွားရေးကို အထောက်အပံ့ကောင်းလည်းဖြစ်တယ် ၊ ပြည်တွင်း ပြည်ပရင်းနှီးမြှုပ်နှံမှုတွေကိုလည်း ဆွဲဆောင်နိုင်မယ်၊ ပြည် အနယ်တွင်းမှာရှိတဲ့ ဆင်းရဲနွမ်းပါးတဲ့ ဒေသခံတွေ အလုပ်အကိုင်ရရှိမယ် ၊ ၀င်ငွေတိုးမယ် ၊”လို့ ဒီကနေ့မှာ ချင်းပြည်နယ် ၀န်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်က ပြောကြားခဲ့တာဖြစ်ပါတယ်။

ချင်းပြည်နယ်ဟာ ဖွံ့ဖြိုးမှုနောက်ကျကျန်နေသေးတဲ့ ပြည်နယ်တစ်ခုဖြစ်ပေမယ့်လည်း အလားအလာကောင်းတွေများစွာရှိတာကြောင့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေ ၀င်လာမယ်ဆိုရင် ပြည်နယ်အတွင်း အသေးစား ၊ အလတ်စား လုပ်ငန်းရှင်တွေနဲ့ တောင်သူတွေ ငွေကြေးဝန်ဆောင်မှုရရှိလာနိုင်သလို ၊ ပြည်ပစီးပွားရေးမိတ်ဖက်တွေ ရရှိပြီး ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေဆောင်ရွက်နိုင်မှာဖြစ်တဲ့အတွက်အခုလို အခမ်းအနားပြုလုပ်ခဲ့တာပါ

ဒီအခမ်းအနားမှာဆိုရင် ချင်းပြည်နယ်ရဲ့ သဘာဝအတိုင်းတည်ရှိနေသေးတဲ့ အလှတရားတွေ ၊ ထူးခြားတဲ့ ရိုးရာယဉ်ကျေးမှု အမွေအနှစ် ၊ ဓလေ့ထုံးတမ်းတွေကို ထိတွေ့ခံစားရမယ့်အပြင် ရင်းနှီးမြှုပ်နှံမှုနဲ့ကုန်သွယ်မှုဆိုင်ရာ အခွင့်အလမ်းတွေကို လေ့လာသိရှိခွင့်ရမှာဖြစ်သလို ချင်းပြည်နယ်ရဲ့ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းတွေရဲ့ ဒေသထွက်ကုန်တွေ ကိုပြသထားပါတယ်။

ချင်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုနဲ့ ဒေသထွက်ကုန်ပြပွဲကို ချင်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ ကဦးဆောင်ပြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အပါအ၀င် မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြုလုပ်ခဲ့တာဖြစ်ပါတယ်။

#voiceofmyanmar #ချင်းပြည်နယ် #ရင်းနှီးမြှပ်နှံမှု #စီးပွားရေး #ဒေသထွက်ကုန်

Related posts

Leave a Comment

VOM News

FREE
VIEW