ချင်းပြည်နယ် လွှတ်တော် ဒုဥက္ကဌ နှုတ်ထွက်စာတင်

ဟားခါး မတ် ၂၉-၂၀၁၉
ချင်းပြည်နယ် လွှတ်တော် ဒုဥက္ကဌ ဦးအောင်သန်း က ဒုဥက္ကဌရာထူးကနေ နှုတ်ထွက်ခွင့်ပြုဖို့ အတွက် မတ်လ ၂၆ ရက်နေ့ကနေ စတင် ကျင်းပနေတဲ့ ပြည်နယ်လွှတ်တော် ပုံမှန်အစည်းအဝေးမှာ တင်ပြခဲ့တာဖြစ်တယ်လို့ ချင်းပြည်နယ် လွှတ်တော် ဥက္ကဌ ဦးဇိုဘွဲ့ က ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယ ဥက္ကဌ ဒေါက်တာဇော်မြင့်မောင် ရဲ့ လက်မှတ်နဲ့ ဦးအောင်သန်း ကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ရက်စွဲနဲ့ လွှတ်တော်ဒုဥက္ကဌ ရာထူးကနေ နှုတ်ထွက်ဖို့ သတိပေးစာ ထုတ်ပြန်ခဲ့ပြီးတဲ့နောက်မှာ ပြည်နယ်လွှတ်တော် ဒုဥက္ကဌ ဦးအောင်သန်း က နှုတ်ထွက်ခဲ့တာဖြစ်ပါတယ်။

“နှုတ်ထွက်စာတင်တော့ မနေ့က လွှတ်တော်ကနေ နှုတ်ထွက်ခွင့်ပြုလိုက်ပြီ။အသစ်ရွေးချယ်ဖို့တော့ ရှိပေမယ့် ဘယ်သူကို တင်မလဲတော့ မသိသေးဘူး။ဘယ်ပါတီကနေ ဖြစ်မလဲဆိုရင်တော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေပဲ ဖြစ်မှာပေါ့နော်။အသစ်ထပ်တင်ဖို့ ဆိုတာကလည်း ဗဟိုကနေ အတည်ပြုပြီးမှ တင်လို့ရမယ်ဆိုတော့ အခု ကျင်းပနေတဲ့ လွှတ်တော်မှာတော့ အသစ်ထပ်မံ အတည်ပြုဖို့ မရှိလောက်ပါဘူး” လို့ လွှတ်တော် ဥက္ကဌ ဦးဇိုဘွဲ့ က ပြောသည်။

ချင်းပြည်နယ်လွှတ်တော် ဒုဥက္ကဌ ဟာဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီကနေ ပြည်နယ်လွှတ်တော်ကိုယ်စာလှယ်အဖြစ် မင်းတပ်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ကနေ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ မှာ ၀င်ရောက်ယှဉ်ပြိုင်ပြီး လွှတ်တော်ကိုယ်စာလှယ် ဖြစ်လာခဲ့သူ ဖြစ်ပါတယ်။

#voiceofmyanmar #ချင်းပြည်နယ် #လွှတ်တော် #နုတ်ထွက်

Related posts

Leave a Comment

VOM News

FREE
VIEW