၂၀၁၈ မြေလွတ်မြေရိုင်းဥပဒေကို အလိုမရှိဘူးဆိုပြီး တမူးမြို့မှာ ဒေသခံတွေဆန္ဒပြ

တမူး မတ် ၁၁-၂၀၁၉ သစ်တော် (VOM) တမူးမြို့မှာ ၂၀၁၈ မြေလွတ်မြေရိုင်းဥပဒေကို အလိုမရှိဘူးဆိုပြီး ကူကီးလူငယ်ကွန်ရက်ကနေဦးဆောင်ကာကျေးရွာနေပြည်သူတွေက ဒီနေ့ မနက် ၇ နာရီက စတင်ပြီးဆန္ဒထုတ်ဖော်ခဲ့ကြပါတယ် ။ တမူးမြို့နယ်အထက်ပိုင်း ကူကီးတိုင်းရင်းသားတွေနေထိုင်တဲ့ ဖိုင်လင်းရွာ၊ နန်းအောင်မော်ရွာ၊ အောင်ဇေယျရွာ ၊ စေတီရွာ မန်တော်ရွာ၊ တုံကျော်ရွာ ၊ ကျွန်းပင်သာရွာ ၊ ဝက်ရှူရွာ နောင်ကစ်ရွာစတဲ့ ၁၁ရွာက ကျေးရွာနေပြည်သူ အယောက် ၄၀၀ ကျော်ကဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။ သူတို့ဘာတွေတောင်းဆိုကြသလဲဆိုတာ ဗီအိုအမ် သတင်းထောက် သစ်တော်က သတင်းပေးပို့ထားပါတယ်။ #voiceofmyanmar#တမူး #မြေလွတ်မြေလပ်မြေရိုင်း #ဘိုးဘွားပိုင် #ရိုးရာဓလေ့#ကူကီး

Read More

မြေလွတ်၊မြေလပ် ၊ မြေရိုင်း ဥပဒေ အလိုမရှိကြောင်း တမူးမြို့နယ်ရှိ ပြည်သူများ ဆန္ဒထုတ်ဖော်

တမူး မတ် ၁၁-၂၀၁၉ မိုင်ချယ်ရီ ( VOM) စစ်ကိုင်းတိုင်း တမူးမြို့နယ် အတွင်းမှာရှိတဲ့ ကျေးရွာတွေမှာ နေထိုင်တဲ့ ပြည်သူတွေစုပေါင်းပြီးတော့ မြေလွတ် မြေလပ်မြေရိုင်း ဥပဒေ ကို အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်မှုကို ဒီနေ့ ပြုလုပ်ခဲ့ပါတယ်။ တမူးမြို့ နဲ့ ဟုမ္မလင်းမြို့နယ် ဆက်သွယ်ထားတဲ့ ကားလမ်းဘေးမှာ ရှိတဲ့ ကျေးရွာ ၁၀ ရွာ က ပြည်သူတွေဟာ ဒီနေ့နံနက် ၈  နာရီ အချိန်လောက်ကနေစပြီးတော့ စေတီကျေးရွာ ၊ဖိုင်လင်းကျေးရွာ၊ ကျွန်းပင်သာကျေးရွာ နဲ့ တုံးကျော်ကျေးရွာ စတဲ့ ကျေးရွာ၎ ရွာမှာ စုပေါင်းပြီး တစ်ရွာမှာ လူဦးရေ ၁၀၀ကျော် နဲ့ တစ်ရွာပြီးတစ်ရွာ ဆန္ဒထုတ်ဖော်နေကြတာဖြစ်ပါတယ်။   ဆန္ဒထုတ်ဖော်ရာမှာ ကူကီးတိုင်းရင်းသားများနေထိုင်တဲ့နေရာဒေသတွေမှာ မြေလွတ်မြေလပ်မြေရိုင်းမရှိ ၊၂၀၁၈ မြေလွတ်မြေလပ်မြေရိုင်း ဥပဒေအား ပြင်ဆင်ပေးပါ၊ မြေလွတ်မြေလပ်မြေရိုင်းဥပဒေအား အလိုမရှိ…

Read More

ရခိုင်​ပြည်​နယ်​အတွင်း ရဲစခန်းတချို့ ရုတ်​သိမ်း

မင်းပြား၊ မတ်​ ၁၁-၂၀၁၉ ခိုင်​လင်းစံ(VOM)   ဒေသအခြေအနေတွေ တည်​ငြိမ်​မှုမရှိတာကြောင့်​ ရခိုင်​ပြည်​နယ်​အတွင်းက နယ်​မြေလုံခြုံရေးဆောင်​ရွက်​နေတဲ့ ရဲစခန်းတချို့ကို မနေ့ညနေပိုင်းကစတင်​ပြီး ရုတ်​သိမ်းလိုက်​တာဖြစ်​ပါတယ်​။   အဲ့လိုရုတ်​သိမ်းလိုက်​တဲ့ ရဲစခန်းတွေကတော့ မင်းပြားမြို့နယ်​ လေးမြို့မြစ်​ကြောင်းအတွင်းမှာရှိနေတဲ့ ပန်းမြောင်းမြို့နယ်​ခွဲ စခန်းအပါအဝင်​ ရသေ့တောင်​မြို့နယ်​ အိုးဖောက်​နဲ့ ချွတ်​ပြင်​ နယ်​ခြားစောင့်​ရဲစခန်း၊ ဘူးသီးတောင်​မြို့နယ်​က စေတီတောင်​စခန်းစတဲ့ စခန်း ၄ ခုတို့ ဖြစ်​ပါတယ်​။   “ကျွန်​တော်​တို့ ပန်းမြောင်းရဲစခန်းကို ရုတ်​သိမ်းလိုက်​တာ ဟုတ်​ပါတယ်​။ မနေ့က ညနေပိုင်း ၃ နာရီလောက်​မှာ ရုတ်​သိမ်းသွားတာပါ။ ဒီကရဲတပ်​ဖွဲ့ဝငိတွေကို မင်းပြားကိုခေါ်သွားတာပါ။ လက်​ရှိမှာတော့ စခန်းပိတ်​ထားတာပေါ့”လို့ ပန်းမြောင်းကျေးရွာအုပ်​ချုပ်​ရေးမှုး ဦးတင်​အောင်​ကျော်​ကပြောပါတယ်​။   မနေ့က ညနေပိုင်းမှာ ရုတ်​သိမ်းသွားတဲ့စခန်းတွေကတော့ ရခိုင်​ပြည်​နယ်​အတွင်းမှာ တိုက်​ပွဲတွေဖြစ်​ပွားနေတဲ့ဒေသတွေက အင်​အားနည်းပြီး လုံခြုံရေးစိုးရိမ်​ရတဲ့ စခန်းတွေဖြစ်​ကြပါတယ်​။   “စခန်းမှာက ရဲအင်​အား ၁၁ ယောက်​ပဲရှိပါတယ်​။ စခန်းမှူးကတော့…

Read More

မြေလွတ်၊ မြေလပ်၊ မြေရိုင်းစီမံခန့်ခွဲရေးဥပဒေ ကို လက်ခံလိုက်နာခြင်းမပြုဖို့  P.S.L.F/T.N.L.Aက ပလောင်ပြည်သူတွေကိုတိုက်တွန်း

မတ် ၁၁-၂၀၁၉ နေလင်း (VOM) မြေလွတ် ၊ မြေလပ်၊ မြေရိုင်းတွေကို ဥပဒေအတိုင်းလျှောက်ထားဖို့  နောက်ဆုံးသတ်မှတ်ထားတာဟာ တိုင်းရင်းသားပြည်သူတွေရဲ့ မိရိုးဖလာမြေယာပိုင်ဆိုင်မှုကို ချိုးဖေါက်ရာရောက်တယ်ဆိုပြီး ဒီဥပဒေကို လိုက်နာဖို့မလိုဘူးလို့  ဒီကနေ့မှာ   တအာင်းပြည်နယ်လွတ်မြောက်ရေးတပ်က ထုတ်ပြန်ချက်ထုတ်လိုက်တာဖြစ်ပါတယ်။ သူတို့ထုတ်ပြန်ချက်မှာ ခုလိုရေးသားထားတာကိုတွေ့ရပါတယ်။ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေကို ပြင်ဆင်သည့်ဥပဒေတရပ်အား မြန်မာအစိုးရ က ၂၀၁၈ ခုနှစ် စက်တင်ဘာလတွင် အတည်ပြုပြဋ္ဌာန်းခဲ့ပြီး ၂၀၁၉ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့အတွင်းနောက်ဆုံး လိုက်နာ လျှောက်ထားကြရန်၊ လိုက်နာလျှောက်ထားခြင်းမပြုပါက မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများကိုသိမ်းယူခြင်း၊ ဖယ်ရှားခြင်း ခံရမည်ဟူ၍ ထုတ်ပြန်လိုက်သည့် ကြေညာချက်သည် တိုင်းရင်းသားမိဘပြည်သူများ၏ မိရိုးဖလာမြေယာပိုင်ဆိုင်မှုကို အတင်းအဓမ္မဝင်ရောက်ချိုးဖောက်ခြင်းလုပ်ရပ်ဖြစ်သည်။ ထိုကြောင့် မြန်မာအစိုးရ၏ ယင်း မြေယာစီမံခန့်ခွဲရေးဥပဒေကို ကြောက်ရွှံ့စိုးရိမ်ခြင်း၊ လိုက်နာဆောင်ရွက်ခြင်း မပြုကြရန် တအာင်းပြည်နယ်တွင်းရှိ တိုင်းရင်းသားမိဘပြည်သူများ အားလုံးကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး P.S.L.F/T.N.L.A မှ…

Read More

ပိတ်​မိနေတဲ့ စာပေါင်​ကျေးရွာသားသုံးဦး မိုင်းထိ တစ်​ဦးသေ

မြောက်​ဦး၊ မတ်​ ၁၁-၂၀၁၉ ခိုင်​လင်းစံ(VOM)   ရခိုင်​ပြည်​နယ်​ မြောက်​ဦးမြို့နယ်​ လေးမြို့မြစ်​ကြောင်းအတွင်း တိုက်​ပွဲတွေဖြစ်​ပွားပြီး ပိတ်​မိနေတဲ့ စာပေါင်​ကျေးရွာသားသုံးဦး မိုင်းထိပြီး တစ်​ဦးသေဆုံးခဲ့တာဖြစ်​ပါတယ်​။   အဲ့ဒီပိတ်​မနေတဲ့ကျေးရွားသားသုံးဦးကို တပ်​မတော်​စစ်​ကြောင်းကနေ ဒီကနေ့နေ့လယ်ပိုင်းမှာ လမ်းပြအဖြစ်​ခေါ်ဆောင်​လာခဲ့တဲ့အချိန်​မှာ ဖြစ်​ပွားခဲ့တာဖြစ်​ပါတယ်​။   “ကျွန်​တော်​တို့ရွာသားသုံးယောက်​ကို စစ်​တပ်​က လမ်းပြခေါ်သွားတယ်​။ လမ်းမှာမိုင်းနင်းမိပြီး တစ်​ယောက်​သေတယ်​။ နှစ်​ယောက်​ ဒဏ်​ရာရသွားတယ်​။ ရွာကျန်​ခဲ့တဲ့တစ်​ယောက်​က ခြေသလုံးမှာ ထိတယ်​။ ဆေးရုံကိုတစ်​ယောက်​ပို့ထားရတယ်​”လို့ စာပေါင်​ရွာသားတစ်​ဦးကပြောပါတယ်​။   အဲ့ဒီလမ်းပြအဖြစ်​ခေါ်ဆောင်​ခြင်းခံခဲ့ရပြီး မိုင်းထိသွားတဲ့ စာပေါင်​ကျေးရွာသားတွေကတော့ ဦးကြာထွန်းဆောင်​၊ ဦးစနီအောင်​နဲ့ ဦးမောင်​သိန်းကျော်​တို့ ဖြစ်​ကြပြီး ဦးကြာထွန်းအောင်​ ၆၇ နှစ်​မှာ သေဆုံးသွာခဲ့တယ်​လို့ အဲ့ဒီရွာသားကပြောပါတယ်​။   “လမ်းပြလာခေါ်တော့ ကျွန်​တော်​တို့က ငြင်းလို့မရဘူးလေ လိုက်​ရတာပေါ့ စစ်​သားက ၉၀ လောက်​ရှိတယ်​။ သူတို့ကရွာပြင်​မှာနေကြတယ်​။ ရွာသားတွေကလည်း ပိတ်​မိနေတော့ ဘယ်​မှသွားလို့မရဘဲ ဖြစ်​သလိုစားသောက်​နေကြရတယ်​လို့ အဲ့ဒီရွာသားကပြောပါတယ်​။  …

Read More

ခရီးသည် ၁၄၉ ဦးတင်ဆောင်လာတဲ့ အီသီယိုပီးယားလေကြောင်းပိုင် လေယာဉ်ပျက်ကျ

အဒစ္စအဘာဘာ၊ မတ်-၁၀ မျိုးဆက် (VOM)     အီသီယိုပီးယားနိုင်ငံ အဒစ္စ အဘာဘာမြို့မှ ကင်ညာနိုင်ငံ နိုင်ရိုဘီသို့ ပျံသန်းသည့် အီသီယိုပီးယားလေကြောင်းပိုင် ဘိုးအင်း ၇၃၇ ခရီးသည်တင်လေယာဉ်တစ်စီး ပျက်ကျသွားလို့ အားလုံးသေဆုံးသွားကြောင်း လေကြောင်းလိုင်းက ထုတ်ပြန်လိုက်ပါတယ်။     လေယာဉ်ဟာ အီသီယိုပီးယားနိုင်ငံ မြို့တော် အဒစ္စ အဘာဘာကနေ ပျံတက်ပြီးသိပ်မကြာခင်မှာဘဲ မတ် ၁၀ ရက် ဒေသစံတော်ချိန် ၈ နာရီ ၄၄ မိနစ်မှာ ပျက်ကျခဲ့တာဖြစ်တယ်လို့ လေကြောင်းလိုင်း ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆိုပါတယ်။   ဘစ်ရှိုတူမြို့အနီးက လေယာဉ်ပျက်ကျခဲ့တဲ့နေရာမှာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ လေကြောင်းလိုင်းက ထုတ်ပြန်ထားပါတယ်။   အဆိုပါလေကြောင်းလိုင်းဟာ အာဖရိက နေရာအတော်များမျာကို ပြေးဆွဲပျံသန်းနေတဲ့အပြင် အာဖရိက ပြင်ပနိုင်ငံတွေကိုလည်း ပျံသန်းနေတဲ့ လူကြိုက်များတဲ့ လေကြောင်းလိုင်းတစ်ခုဖြစ်ပါတယ်။   ၂၀၁၀ခုနှစ်ကလည်း အဆိုပါလေကြောင်းလိုင်းက…

Read More

ငယ်ချစ်ဦးနဲ့ ပြန်ပေါင်းထုပ်နေတယ်ဆိုတဲ့  အလှမယ် သျှားထွဋ်အိန္ဒြာ

ရန်ကုန် မတ် ၁၀-၂၀၁၉ သင်းသဒ္ဒါ (VOM)   အလှမယ်လောကတဆင့် အလှမယ်ယှဉ်ပြိုင်မယ့် မျိုးဆက်သစ်တွေကို  သင်တန်းပေးနေတဲ့ သျှားထွဋ်အိန္ဒြာကတော့ ငယ်ချစ်ဦးနဲ့ ပြန်ပေါင်းထုပ်နေတယ် လို့ဆိုပါတယ်။   ”အချစ်ရေးကတော့ Single မဟုတ်ပါဘူး။ သျှားမှာ ချစ်သူရှိပါတယ်။ အပြင်ကလောကပါ ငယ်ချစ်ဦး ပေါ့။ ပထမပိုင်းကတော့ သူနဲ့လမ်းခွဲခဲ့တယ်ဆိုတာက အနုပညာအလုပ်တွေ လုပ်တာသူ့အတွက် စိမ်းနေတာမို့ သျှားတို့က အမုန်းတရားနဲ့ လမ်းခွဲခဲ့တာ မဟုတ်ပါဘူး။ ငယ်သူငယ်ချင်းလည်း ဖြစ်တော့ ခုချိန်မှာ သူပြန်လာပြီးတော့ ပြန်လည်ဆက် သွယ်ပြီးတော့ တွဲခဲ့ကြတယ်။ နားလည်ပြီးတော့ သျှားကိုသူ့ဘက် ပြန်ဆက်သွယ်လာတယ်”လို့ဆိုပါတယ်။   သူ့မကတော့ လက်ရှိမှာ Miss ဖြစ်ချင်တဲ့ အမျိုးသမီးတွေအတွက် မိတ်ကပ်လိမ်းနည်း ၊ ပြိုင်ပွဲဝင် ရှိုးလျှောက် နည်း တွေ၊ အပြောအဆိုပိုင်းကအစ သင်ကြားပေးနေလျှက်ရှိတယ်လို့ သိရပါတယ်။   ပြန်လည်လက်တွဲဖြစ်တာနဲ့ ပတ်သက်ပြီးတော့ …

Read More

၂၄ နာရီအတွင်းမွေးကင်းစ ကလေး ၁၁ ဦးသေလို့ တူနီးရှားကျန်းမာရေးဝန်ကြီး ရားထူးမှ နှုတ်ထွက်

တူနစ်၊ မတ်-၁၀ -၂၀၁၉ မျိုးဆက် (VOM)   တူနီးရှားနိုင်ငံ မြို့တော်တူနစ်ရှိ ဆေးရုံတစ်ရုံမှာ ၂၄ နာရီအတွင်း မွေးကင်းစကလေးငယ် ၁၁ ဦးသေဆုံးသွားတဲ့အတွက် တူနီးရှား ကျန်းမာရေးဝန်ကြီး အက်ဒါရော့ရှရစ်ဟာ ရာထူးကနေ နှုတ်ထွက်လိုက်ပါတယ်။   ဝန်ကြီးဟာ ရာထူးခန့်အပ်ခံရပြီး လေးလမျှအကြာ မတ်၇ရက်နဲ့ ၈ရက်နေ့တွေမှာ မွေးကင်းစကလေးငယ်တွေ ရုတ်တရက်ရောဂါဝင်ပြီး မတော်တဆသေဆုံးခဲ့တဲ့အတွက် ရာထူးကနေ နှုတ်ထွက်လိုက်တာဖြစ်ပါတယ်။   ဒီလိုသေဆုံးရတာဟာ သွေးကနေတစ်ဆင့် ရောဂါကူးစက်တာကြောင့် သေဆုံးသွားတာဖြစ်တယ်လို့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပြီးနောက် တူနီးရှားကျန်းမာရေးဝန်ကြီးဌာနနဲ့ အစိုးရရှေ့နေတွေက ပြောပါတယ်။   တူနီးရှားနိုင်ငံမှာ ဒီမိုကရေစီအသွင်းကူးပြောင်းခဲ့ပေမယ့် နိုင်ငံမှာစီးပွားရေးအကြပ်အတည်းတွေဖြစ်ပေါ်ခဲ့လို့ ၂၀၁၁ ခုနှစ်မှာ သမ္မတ ဘန်အလီကို ဖြုတ်ချပြီးနောက်ပိုင်း အစိုးရဌာနတွေရဲ့ ၀န်ဆောင်မှု ညံ့ဖျင်းတာတွေကို ပြည်သူတွေက မကြေမနပ်ဖြစ်နေကြပါတယ်။   နိုင်ငံပိုင်အစိုးရ ဆေးဘက်ဆိုင်ရာဌာန၊ ဆေးကောင်တာနဲ့ ကျန်းမာသန့်ရှင်းမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေနဲ့…

Read More

မန္တလေးသင်္ကြန် ဒီနှစ် ဘာတွေထူးမလဲ

မန္တလေး မတ် ၁၀ – ၂၀၁၉ နေလင်း+သွေးသစ် (VOM) မန္တလေးက စခဲ့တဲ့ လမ်းလျှောက်သင်္ကြန်ဆိုတဲ့ ယဉ်ကျေးမှုဟာ နိုင်ငံနဲ့အဝှမ်း ခေတ်စားခဲ့ပါတယ်။ အဲဒီနောက် တောသင်္ကြန်ဆိုပြီး လုပ်ခဲ့ပါသေးတယ်။ ဒီနှစ်မှာတော့  တိုင်းရင်းသားသွေးချင်းများရဲ့စုပေါင်းသင်္ကြန်ဆိုတာ စီစဉ်နေပါတယ်။  ဒီနှစ် မန္တလေးသင်္ကြန်မှာ ဘယ်လိုတွေစည်ကားအောင်လုပ်မလဲဆိုတာ မန္တလေးစည်ပင်သာယာရေးကော်မတီဝင် စာရေးဆရာ ကျော်ရင်မြင့်ကို ဗီအိုအမ်ဝိုင်းတော်သား ကိုနေလင်းက တွေ့ဆုံမေးမြန်းတင်ဆက်ထားပါတယ်။   ရိုက်ကူး သွေးသစ်   #voiceofmyanmar #သင်္ကြန် #မန္တလေးသင်္ကြန် #လမ်းလျှောက်သင်္ကြန်  

Read More
VOM News

FREE
VIEW