ရန်ကုန် မတ် ၁၀-၂၀၁၉ သင်းသဒ္ဒါ (VOM) ပရိသတ်တွေကို ဖမ်းစားနိုင်တဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ထားပြီး အကယ်ဒမီရလိမ့်မယ်လို့ ထင်ကြေးပေးခံထားရတဲ့ ဇဏ်ခီကတော့ ၂၀၁၈ခုနှစ်အတွက် အကယ်ဒမီနဲ့ ပတ်သက်ပြီး မျော်လင့်မထားဘူးလို့ ဆိုပါတယ်။ “ကျွန်တော်က အကယ်ဒမီ ပတ်သက်ပြီး ရင်ခုန်မှုကတော့ ဘာမှမမျှော်လင့်ထားပါဘူး။ ကျွန်တော်ရဲ့ ရိုးသားတဲ့ ၀န်ခံချက်ပါ။ လုံးဝ မမျှော်လင့်ထားပါဘူး။ ထိုက်တန်တဲ့ သူတွေဆုရကြပါစေလို့တော့ ဆုတောင်းချင်ပါတယ်”လို့ ဆိုပါတယ်။ သူ့ကတော့ လက်ရှိမှာ ဒါရိုက်တာ ခရစ္စတီးနာခီ ရိုက်ကူးနေတဲ့ Now & Ever ရုပ်ရှင်ကားကို ပိုင်ဖြိုးသု နဲ့အတူ ရိုက်ကူးနေသလို Milky နို့ဆီသစ်မိတ်ဆက်ပွဲကို တက်ရောက်ခဲ့တာလည်း ဖြစ်ပါတယ်။ ပထမဇကာတင် ၂၅ ကား စာရင်းမှာတော့ မုဒြာခေါ်သံ နဲ့ ဥပါယ်တံမျဉ် ပါဝင်တာနဲ့ ပတ်သက်ပြီးတော့ “ကျွန်တော်တို့…
Read MoreMonth: March 2019
သင်္ကြန်ကာလ ခရီးသည် စီးနင်းမှုအများဆုံးဖြစ်တဲ့ ရန်ကုန်-နေပြည်တော်-မန္တလေး ခရီးစဉ်အတွက် အထူးရထားနှစ်စင်းပြေးဆွဲမည်
ရန်ကုန် ၊ မတ် ၁၀ -၂၀၁၈ TGH (VOM) သင်္ကြန်ကာလအတွင်း ခရီးသည်စီးနင်းမှုအများဆုံးဖြစ်တဲ့ ရန်ကုန်-နေပြည်တော်-မန္တလေးလမ်းကြောင်းအတွက် အထူးရထားပြေးဆွဲသွားမယ်လို့ မြန်မာ့မီးရထား(အောက်မြန်မာပြည်ရုံး )မှ သိရပါတယ်။ နှစ်စဉ် သင်္ကြန်ကာလရောက်တိုင်း ရန်ကုန်မြို့ကနေ နယ်ပြန်သူ ၊ ခရီးသွားသူတွေ အများအပြားရှိတာကြောင့် ပုံမှန်ပြေးဆွဲနေကြ ရထားတွဲဆိုင်းနှုန်းနဲ့ အဆင်ပြေ လုံလောက်မှုမရှိသဖြင့် မကြာမီ ရောက်ရှိတော့မယ် သင်္ကြန်ကာလမှာ နေရပ်ပြန်သူတွေနဲ့ အပန်းဖြေခရီးသွားသူတွေ ခရီးစဉ်အဆင်ပြေစေဖို့အတွက် သင်္ကြန်အထူးရထား ၁ ၊ ၂ ဆိုပြီး အထူးရထား ၂ စင်းပြေးဆွဲသွားမှာဖြစ်တယ်လို့ သိရပါတယ်။ “မကြာခင်ကျောင်းတွေလည်းပိတ်တော့မယ်။ ကျောင်းပိတ်ရင် ခရီးသွားတာရှိသလို ရန်ကုန်ကို နယ်ကနေ အလုပ်လာလုပ်ကြတဲ့ သူတွေကလည်း ဒီရက်ဆို သူတို့နေရပ်အသီးသီးကို ပြန်ကြတယ်။ အဲ့ဒီအခါ ကားလက်မှတ်ခက်ခဲသလို ရထားလက်မှတ်ကလည်း မရကြဘူး ၊ ဒါကြောင့် အထူးရထားပြေးဆွဲပေးမှာဖြစ်ပါတယ် ၊ခရီးသွားတွေ အများဆုံးစီးနင်းမှုရှိတဲ့ လမ်းကြောင်းကို…
Read Moreယိုးတရုတ်ရဲစခန်းစီးနင်းခံရ ၉ဦးကျ
ပုဏ္ဏားကျွန်း၊ မတ် ၁၀-၂၀၁၉ ခိုင်လင်းစံ(VOM) ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်ကျေးရွာ ရဲစခန်းကို မတ်လ၉ ရက်ည ၁၁ နာရီလောက်က AA တပ်ဖွဲ့ရဲ့ စီးနင်းတိုက်ခိုက်မှုကို ခံလိုက်ရတာဖြစ်ပါတယ်။ အဲ့ဒီစီးနင်းခံရမှုကြောင့် ယိုးတရုတ်စခန်းနဲ့ အနီးဝန်းကျင်စခန်းတွေမှာ တာဝန်ကျနေတဲ့ ရဲတပ်ဖွဲ့ဝင် ၉ ဦးကျဆုံးခဲ့ပြီးတော့ စခန်းမှူးနဲ့ တပ်ဖွဲ့ဝင်တစ်ဦးသာ လွတ်မြောက်ခဲ့တယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။ “မနေ့ကည ၁၁ နာရီလောက်မှာ စဖြစ်တာပါ။ ပစ်ခတ်သံတွေကို အဲ့ဒီမှာ စပြီးကြားရတာပေါ့။ စခန်းမှူးနဲ့နောက်တစ်ယောက်လွတ်ကျန်ခဲ့တယ် ၉ ယောက်သေတယ်။”လို့ ကျေးရွာသားတစ်ဦးကပြောပါတယ်။ လက်ရှိမှာတော့ အဲ့ဒီစခန်းမှာကျဆုံးသွားတဲ့ရဲတပ်ဖွဲ့ဝင်တွေရဲ့အလောင်းတွေကို လာရောက်စစ်ဆေး ရှင်းလင်းတာတွေမလုပ်ရသေးဘူးလို့ပြောပါတယ်။ “အလောင်းတွေကတော့ စခန်းရှေ့မှာပဲ ဒီတိုင်းတွေ့နေရပါတယ်။ တာဝန်ရှိသူတွေ မရောက်ကြသေးဘူးလို့ပြောတယ်။”လို့ အဲ့ဒီရွာသားကဆိုပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း ပုဏ္ဏားကျွန်းမြို့နယ် ပန်းနီလာကျေးရွာနားမှာ…
Read Moreလေးမြို့မြစ်ကြောင်းအတွင်း တိုက်ပွဲထပ်မံဖြစ်ပွား ကျေးရွာတစ်ရွာပိတ်မိနေ
မြောက်ဦး၊ မတ် ၉-၂၀၁၉ ခိုင်လင်းစံ(VOM) ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် လေးမြို့မြစ်ကြောင်းအတွင်းမှာ မတ်လ ၈ ရက်နေ့ညနေပိုင်းကစပြီး တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေကြတာဖြစ်ပါတယ်။ အဲ့ဒီတိုက်ပွဲဟာ လေးမြို့မြစ်အထက်ပိုင်း ခြတ်ချောင်းကျေးရွာရဲ့မြောက်ဘက် စာပေါင်ကျေးရွာအနီးမှာ ဖြစ်ပွားနေကြတာဖြစ်ပါတယ်။ “တိုက်ပွဲက မနေ့ညနေပိုင်းကနေ စဖြစ်တယ်လို့သိရပါတယ်။ အသံတွေလည်း ကြားရတယ်။ ပြင်းပြင်းထန်ထန်ဖြစ်နေကြတာပါ။ ကျွန်တော်တို့ ရွာနားက ဘုရားကြီးရွာမှာလည်း စစ်သားတွေရှိနေပါတယ်။”လို့ ခြိတ်ချောင်းကျေးရွာသားတစ်ဦးက ပြောပါတယ်။ အဲ့ဒီတိုက်ပွဲကြောင့် ခြိတ်ချောင်းချောင်းထဲမှာရှိတဲ့ စာပေါင်ကျေးရွာသားတွေဟာ ထွက်ပြေးတိမ်းရှောင်လို့မရဘဲ ပိတ်မိနေကြတာဖြစ်ပါတယ်။ “ခြိတ်ချောင်းထဲမှာ ရှိတဲ့ စာပေါင်ကျေးရွာသားတွေ ပိတ်မိနေပါတယ်။ လောလောဆယ်တော့ ထွက်လာဖို့အခက်အခဲရှိနိုင်တဲ့အတွက် ရွာမှာပဲရှိနေကြပါတယ်။ သူတို့လာမယ်လမ်းမှာဖြစ်နေတာဆိုတော့ တခြားသွားစရာလည်းမရှိဘူး။”လို့ ဆက်လက်ပြောကြားပါတယ်။ ဒါ့ကြောင့် ခြိတ်ချောင်းကျေးရွာနဲ့ အနီးဝန်းကျင်မှာရှိတဲ့ ကျေးရွာတချို့ ထွက်ပြေးလာကြတဲ့အတွက် စင်္ဘောကိုင်း စစ်ဘေးရှောင်စခန်းကို လူဦးရေ ၂၉၀ ခန့် ဒီကနေ့ရောက်ရှိလာတယ်လို့…
Read Moreမျက်နှာမဲကြီးရဲ့ ကျိန်စာ မှတ်တမ်းရုပ်ရှင်မှာ ဘာတွေတင်ပြထားလဲ
ရန်ကုန် မတ် ၉ -၂၀၁၉ TGH (VOM) မြန်မာပြည်ဖွံ့ဖြိုးတိုးတက်ဖို့ ပြည်သူလူထုဘက်က ဘာတွေပေးဆပ်နေရသလဲ ? ရင်းနှီးမြှပ်နှံကြတဲ့ ကုမ္ဗဏီတွေက တရားဥပဒေစိုးမိုးရေးနဲ့ ကတိကဝတ်တွေကို ဘယ်လို လက်တလုံးခြားလုပ်နေသလဲ ? စွမ်းအင်လိုအပ်ချက်အတွက် အစိုးရကဘယ်လိုတွေစဉ်းစားမှာလဲ ? တရုတ်အစိုးရနောက်ကွယ်မှာရှိနေတဲ့ ကုမ္ဗဏီကြီးတွေအကြောင်း ကို ဒါရိုက်တာဥာဏ်ကြီးက ၈လကျော်ကြာ စုံစမ်းရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင်ကို ဒီကနေ့ ရန်ကုန်က Orchid ဟိုတယ်မှာ ပြသခဲ့ပါတယ်။ သိဂီ င်္ထွန်းက သတင်းပေးပို့ထားပါတယ်။ #voiceofmyanmar #ဥာဏ်ကြီး#မျက်နှာမဲကြီးရဲ့ကျိန်စာ #မှတ်တမ်းရုပ်ရှင်
Read Moreဖေဖော်ဝါရီလအတွင်း တစ်နိုင်ငံလုံး လောင်းကစားမှု ၃၀၀ ကျော် ဖမ်းမိတဲ့အထဲမှာ ရန်ကုန်တိုင်းက အများဆုံးဖြစ်
မတ် -၂၀၁၉ သစ်တော်(VOM) ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းက တစ်နိုင်ငံလုံးမှာ လောင်းကစားမှု ၃၀၀ ကျော်ဖမ်းမိခဲ့ပြီး ရန်ကုန်တိုင်းအတွင်းမှာ အများဆုံးဖမ်းဆီးရမိခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။ ဖမ်းဆီးရရှိမှု အရေအတွက်အနေနဲ့ကတော့ ရန်ကုန်တိုင်းထဲမှာ ၁၅၄ မှုနဲ့ အများဆုံးဖမ်းမိခဲ့ပြီး ပဲခူးတိုင်းမှာ အမှု ၅၀၊ ဧရာဝတီတိုင်းမှာ ၃၃ မှုနဲ့ မန္တလေးတိုင်းမှာ ၂၉ မှု ဖမ်းဆီးရမိခဲ့ပါတယ်။ ဒ့ါအပြင်ဖေဖော်ဝါရီလအတွင်း လောင်းကစားဖမ်းဆီးမှုဟာ ရခိုင်ပြည်နယ်မှာ ၂ မှု ကရင်ပြည်နယ်မှာ ၃မှု နေပြည်တော်မှာ ၆မှု ကချင်ပြည်နယ်မှာ ၇ မှု မွန်ပြည်နယ်မှာ ၁၆ မှု မကွေးတိုင်းဒေသကြီးမှာ ၂၁မှုစစ်ကိုင်းတိုင်းမှာ၈မှုဖမ်းဆီးရမိတယ်လို့ထုတ်ပြန်ထားတဲ့စာရင်းတွေအရသိရပါတယ်။ လောင်းကစားမှုတွေထဲမှာ နှစ်လုံးထီက ၁၄၇ မှုနဲ့အများဆုံးဖြစ်ပြီး ဖဲက ၆၄ မှု၊ ချဲထီက အမှု ၅၀ ဖြစ်ပြီးဒီအမှုတွေအတွက် တရားခံ ၈၃၄ ယောက်ဖမ်းဆီးထားပြီးလောင်းကြေးငွေကျပ်သိန်း၃၂၀ကျော်ဖမ်းဆီးမိတယ်လို့လည်းသိရပါတယ်။…
Read Moreစစ်ဘေးရှောင်ကျေးရွာသားတွေ နေရပ်ပြန်နိုင်ရေး တပ်မတော်စစ်ကြောင်းတွေ ကျေးရွာနဲ့လွတ်ကင်းရာကို ဆုတ်ခွာပေးဖို့ဒေသခံတွေလိုလား
မြောက်ဦး၊ မတ် ၉-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်အတွင်းမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် ကျေးရွာသားတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးနေကြရပြီး ဒီကနေ့ မတ်လ ၉ ရက်နေ့အထိဆိုရင် နေရပ်စွန့်ခွာနေကြရတဲ့ ဒေသခံတိုင်းရင်းသားအရေ အတွက်ဟာ တစ်သောင်းကျော်အထိ ရှိလာနေပြီဖြစ်တယ်လို့ စာရင်းတွေအရသိရပါတယ်။ ဒါ့အပြင် အခုလိုမျိုးတိုက်ပွဲတွေအတွင်းမှာ ကျေးရွာတွေကို လက်နက်ကြီးကျည်တွေ ကျရောက်တဲ့အတွက် ထိခိုက်မှုတွေရှိနေသလို အရပ်သားသေဆုံးမှုတွေလည်း များပြားလာနေတာကြောင့် စိုးရိမ်ကြောက်လန့်မှုတွေနဲ့ ရင်ဆိုင်နေကြရပြီး နေရပ်ပြန်ဖို့အခက်အခဲတွေရှိနေကြတာဖြစ်ပါတယ်။ ဒါ့ကြောင့် ဒေသခံတွေရဲ့ စိုးရိမ်စိတ်တွေလျော့ကျစေရေးနဲ့ လုံခြုံစိတ်ချစွာနေရပ်ပြန်နိုင်ရေးတို့အတွက် ကျေးရွာအတွင်းမှာတပ်စွဲနေကြတဲ့ တပ်မတော်စစ်ကြောင်းတွေကို လူတွေနဲ့ဝေးသို့ ဆုတ်ခွာပေးဖို့ စစ်ဘေးရှောင်တွေက တောင်းဆိုလိုက်ပါတယ်။ #voiceofmyanmar #မြောက်ဦး #စစ်ဘေးရှောင် #တပ်မတော်စစ်ကြောင်း
Read Moreသက်ရှိထင်ရှား အသက်အရှည်ဆုံးပုဂ္ဂိုလ်အဖြစ် အသက် ၁၁၆ နှစ်အရွယ်ဂျပန်အဖွား ဂင်းနစ်စံချိန်တင်
တိုကျို၊ မတ်-၉-၂၀၁၉ မျိုးဆက် (VOM) ကမ္ဘာပေါ်တွင် သက်ရှိထင်ရှားရှိတဲ့ အသက်အရှည်ဆုံး ပုဂ္ဂိုလ်အဖြစ် ဂျပန်နိုင်ငံမှ အသက် ၁၁၆ နှစ်အရွယ်အမျိုးသမီးတစ်ဦးကို ကမ္ဘာ့စံချိန် ဂင်းနစ်မှတ်တမ်းမှာ ထည့်သွင်းသတ်မှတ်လိုက်ပါတယ်။ Kane Tanaka လို့အမည်ရတဲ့ အဆိုပါ ဂျပန်အမျိုးသမီးကို ဂျပန်နိုင်ငံအနောက်တောင်ပိုင်း ဖူကူအိုကာရှိ ၎င်းနေထိုင်ရာ စောင့်ရှောက်ရေးဂေဟာမှာ မတ် ၉ ရက်က အခမ်းအနားတစ်ခုကျင်းပပြီး အသိအမှတ်ပြုခဲ့တာဖြစ်ပါတယ်။ Tanaka ကို ၁၉၀၃ ခုနှစ် ဇန်န၀ါရီ ၂ ရက်နေ့မှာမွေးဖွားခဲ့တာဖြစ်ပါတယ်။ ၁၉၂၂ ခုနှစ်မှာ Hideo Tanaka နဲ့လက်ထပ်ခဲ့ပြီး ကလေးလေးယောက်မွေးဖွားခဲ့ကာ နောက်ထပ်ကလေးငယ်တစ်ဦးကို မွေးစားခဲ့ပါတယ်။ ယခင်က အသက်ရှင်လျက်ရှိတဲ့ အသက်အကြီးလူအဖြစ် သတ်မှတ်ခံရသူမှာလည်း ဂျပန်အမျိုးသမီးတစ်ဦးဖြစ်သူ Chiyo Miyako ဖြစ်ပြီး လွန်ခဲ့တဲ့ ဇူလိုင်လက အသက် ၁၁၇ နှစ်အရွယ်မှာ…
Read Moreသုံးရောင်ခြယ်ဇာတ်ကား အကယ်ဒမီဇကာတင်မပါလို့ စိတ်မကောင်းဖြစ်တယ်ဆိုတဲ့ ခန့်စည်သူ
ရန်ကုန် မတ် ၉ -၂၀၁၉ သင်းသဒ္ဒါ ၂၀၁၈ ခုနှစ်အတွက် အကယ်ဒမီ ပထမအကြိမ်ဇကာတင် ၂၅ကားထွက်ပေါ်ခဲ့တဲ့အပေါ်မှာ အကယ်ဒမီ ခန့်စည်သူ ကတော့ သုံးရောင်ခြယ်ဇာတ်ကား အကယ်ဒမီဇကာတင်မပါလို့ စိတ်မကောင်းဖြစ်တယ်လို့ ဆိုပါတယ်။ ” အကယ်ဒမီ အတွက် ကျွန်တော် တော်တော်လေးကို စိတ်မကောင်းဖြစ်ရတာကတော့ သုံးရောင်ခြယ် ဇာတ် ကားကတော့ ရည်ရွယ်ချက်ကောင်းကောင်းနဲ့ ရိုက်ထားတယ်။ ထုတ်လုပ်သူကလည်း ငွေရေးကြေးရေး ကြောင့် ရိုက်ကူးတာ မဟုတ်ပဲ တိုက်ရဲ့ Image နဲ့ ကိုယ့်ရိုက်ချင်တဲ့ ဇာတ်လမ်းလေးပေါ့။ ဟာသကားလည်း မဟုတ်ဘူး။”လို့ ပြောပါတယ်။ အဆိုပါ ဇာတ်ကားကိုတော့ ခန့်စည်သူ ၊ နေမျိုးအောင် ၊ ရွှေသမီး ၊အိချောပို နဲ့ စတဲ့ အနုပညာရှင်တွေ ပါဝင်သရုပ်ဆောင်ထားပြီးတော့ အရုပ်ပိုင်း နဲ့ အသံပိုင်း ထိုင်းနဲ့ အိန္ဒိယတို့တွင် အကောင်းဆုံး ပြန်လည်…
Read Moreရိုဟင်ဂျာတွေနေရပ်ပြန်ရေး ငွေကြေးကမ်းလှမ်းမှု မပြုခဲ့ဘူးလို့ တရုတ်ငြင်းဆို
ဒါကာ၊ မတ်-၉-၂၀၁၉ မျိုးဆက် (VOM) ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာတွေ မြန်မာနိုင်ငံကို ပြန်လည်နေထိုင်ရေးအတွက် တရုတ်နိုင်ငံက ငွေကြေးပေးမယ်လို့ ကမ်းလှမ်းခဲ့တယ်ဆိုတဲ့ သတင်းတွေကို တရုတ်နိုင်ငံက ငြင်းဆိုလိုက်ပါတယ်။ ရိုဟင်ဂျာတွေ ရခိုင်ပြည်နယ်မှာ ပြန်လည်နေထိုင်ရေးအတွက် ငွေကြေးပေးမယ်ဆိုတဲ့ ကမ်းလှမ်းမှုမျိုး လုံးဝမလုပ်ခဲ့ဘူးလို့ ဒါကာအခြေစိုက် တရုတ်သံရုံးတာဝန်ရှိသူတစ်ဦးက ငြင်းဆိုပါတယ်။ တရုတ်အစိုးရရဲ့ အာရှရေးရာ အထူးသံတမန် ဆွန်းကော်ရှန်းဟာ မတ်လ ၃ ရက်နေ့က ကော့ဘဇားက ရိုဟင်ဂျာတွေနဲ့ တွေ့ဆုံစဉ်မှာ မြန်မာနိုင်ငံကို ပြန်မယ်ဆိုရင် မိသားစုတစ်စုကို အမေရိကန် ဒေါ်လာ ၆၀၀၀ ပေးမယ်လို့ ကမ်းလှမ်းခဲ့ကြောင်း Benar News သတင်းဌာနက ဖော်ပြပြီးနောက် ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ တရုတ်သံရုံးက ဒီကိစ္စကို ငြင်းဆိုလိုက်တာဖြစ်ပါတယ်။ အဆိုပါသတင်းကိုတော့ အမည်မဖော်လိုသူ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနက တာဝန်ရှိသူတစ်ဦးနဲ့ ရိုဟင်ဂျာအရေးဆောင်ရွက်နေတဲ့ NGO…
Read More