စစ်ဘေးရှောင်ကျေးရွာသားတွေ နေရပ်ပြန်နိုင်ရေး တပ်မတော်စစ်ကြောင်းတွေ ကျေးရွာနဲ့လွတ်ကင်းရာကို ဆုတ်ခွာပေးဖို့ဒေသခံတွေလိုလား

မြောက်ဦး၊ မတ် ၉-၂၀၁၉

ခိုင်လင်းစံ (VOM)

 

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်အတွင်းမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် ကျေးရွာသားတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးနေကြရပြီး ဒီကနေ့ မတ်လ ၉ ရက်နေ့အထိဆိုရင် နေရပ်စွန့်ခွာနေကြရတဲ့ ဒေသခံတိုင်းရင်းသားအရေ အတွက်ဟာ တစ်သောင်းကျော်အထိ ရှိလာနေပြီဖြစ်တယ်လို့ စာရင်းတွေအရသိရပါတယ်။

 

ဒါ့အပြင် အခုလိုမျိုးတိုက်ပွဲတွေအတွင်းမှာ ကျေးရွာတွေကို လက်နက်ကြီးကျည်တွေ ကျရောက်တဲ့အတွက် ထိခိုက်မှုတွေရှိနေသလို အရပ်သားသေဆုံးမှုတွေလည်း များပြားလာနေတာကြောင့် စိုးရိမ်ကြောက်လန့်မှုတွေနဲ့ ရင်ဆိုင်နေကြရပြီး နေရပ်ပြန်ဖို့အခက်အခဲတွေရှိနေကြတာဖြစ်ပါတယ်။

 

ဒါ့ကြောင့် ဒေသခံတွေရဲ့ စိုးရိမ်စိတ်တွေလျော့ကျစေရေးနဲ့ လုံခြုံစိတ်ချစွာနေရပ်ပြန်နိုင်ရေးတို့အတွက် ကျေးရွာအတွင်းမှာတပ်စွဲနေကြတဲ့ တပ်မတော်စစ်ကြောင်းတွေကို လူတွေနဲ့ဝေးသို့ ဆုတ်ခွာပေးဖို့ စစ်ဘေးရှောင်တွေက တောင်းဆိုလိုက်ပါတယ်။

 

#voiceofmyanmar #မြောက်ဦး #စစ်ဘေးရှောင် #တပ်မတော်စစ်ကြောင်း

 

Related posts

Leave a Comment

VOM News

FREE
VIEW