လေးမြို့မြစ်​ကြောင်းအတွင်း တိုက်​ပွဲထပ်​မံဖြစ်​ပွား ကျေးရွာတစ်​ရွာပိတ်​မိနေ

မြောက်​ဦး၊ မတ်​ ၉-၂၀၁၉ ခိုင်​လင်းစံ(VOM)   ရခိုင်​ပြည်​နယ်​ မြောက်​ဦးမြို့နယ်​ လေးမြို့မြစ်​ကြောင်းအတွင်းမှာ မတ်​လ ၈ ရက်​နေ့ညနေပိုင်းကစပြီး တိုက်​ပွဲတွေ ပြန်​လည်​ဖြစ်​ပွားနေကြတာဖြစ်​ပါတယ်​။ အဲ့ဒီတိုက်​ပွဲဟာ လေးမြို့မြစ်​အထက်​ပိုင်း ခြတ်​ချောင်းကျေးရွာရဲ့မြောက်​ဘက်​ စာပေါင်​ကျေးရွာအနီးမှာ ဖြစ်​ပွားနေကြတာဖြစ်​ပါတယ်​။   “တိုက်​ပွဲက မနေ့ညနေပိုင်းကနေ စဖြစ်​တယ်​လို့သိရပါတယ်​။ အသံတွေလည်း ကြားရတယ်​။ ပြင်းပြင်းထန်​ထန်​ဖြစ်​နေကြတာပါ။ ကျွန်​တော်​တို့ ရွာနားက ဘုရားကြီးရွာမှာလည်း စစ်​သားတွေရှိနေပါတယ်​။”လို့ ခြိတ်​ချောင်းကျေးရွာသားတစ်​ဦးက ပြောပါတယ်​။   အဲ့ဒီတိုက်​ပွဲကြောင့်​ ခြိတ်​ချောင်းချောင်းထဲမှာရှိတဲ့ စာပေါင်​ကျေးရွာသားတွေဟာ ထွက်​ပြေးတိမ်းရှောင်​လို့မရဘဲ ပိတ်​မိနေကြတာဖြစ်​ပါတယ်​။   “ခြိတ်​ချောင်းထဲမှာ ရှိတဲ့ စာပေါင်​ကျေးရွာသားတွေ ပိတ်​မိနေပါတယ်​။ လောလောဆယ်​တော့ ထွက်​လာဖို့အခက်​အခဲရှိနိုင်​တဲ့အတွက်​ ရွာမှာပဲရှိနေကြပါတယ်​။ သူတို့လာမယ်​လမ်းမှာဖြစ်​နေတာဆိုတော့ တခြားသွားစရာလည်းမရှိဘူး။”လို့ ဆက်​လက်​ပြောကြားပါတယ်​။   ဒါ့ကြောင့်​ ခြိတ်​ချောင်းကျေးရွာနဲ့ အနီးဝန်းကျင်​မှာရှိတဲ့ ကျေးရွာတချို့ ထွက်​ပြေးလာကြတဲ့အတွက်​ စင်္ဘောကိုင်း စစ်​ဘေးရှောင်​စခန်းကို လူဦးရေ ၂၉၀ ခန့်​ ဒီကနေ့ရောက်​ရှိလာတယ်​လို့…

Read More

မျက်နှာမဲကြီးရဲ့ ကျိန်စာ မှတ်တမ်းရုပ်ရှင်မှာ ဘာတွေတင်ပြထားလဲ

ရန်ကုန် မတ် ၉ -၂၀၁၉ TGH (VOM)   မြန်မာပြည်ဖွံ့ဖြိုးတိုးတက်ဖို့ ပြည်သူလူထုဘက်က ဘာတွေပေးဆပ်နေရသလဲ ? ရင်းနှီးမြှပ်နှံကြတဲ့ ကုမ္ဗဏီတွေက တရားဥပဒေစိုးမိုးရေးနဲ့ ကတိကဝတ်တွေကို ဘယ်လို လက်တလုံးခြားလုပ်နေသလဲ ? စွမ်းအင်လိုအပ်ချက်အတွက် အစိုးရကဘယ်လိုတွေစဉ်းစားမှာလဲ ? တရုတ်အစိုးရနောက်ကွယ်မှာရှိနေတဲ့ ကုမ္ဗဏီကြီးတွေအကြောင်း ကို ဒါရိုက်တာဥာဏ်ကြီးက ၈လကျော်ကြာ စုံစမ်းရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင်ကို ဒီကနေ့ ရန်ကုန်က Orchid ဟိုတယ်မှာ ပြသခဲ့ပါတယ်။ သိဂီ  င်္ထွန်းက သတင်းပေးပို့ထားပါတယ်။   #voiceofmyanmar #ဥာဏ်ကြီး#မျက်နှာမဲကြီးရဲ့ကျိန်စာ #မှတ်တမ်းရုပ်ရှင်

Read More

ဖေဖော်ဝါရီလအတွင်း တစ်နိုင်ငံလုံး လောင်းကစားမှု ၃၀၀ ကျော် ဖမ်းမိတဲ့အထဲမှာ ရန်ကုန်တိုင်းက အများဆုံးဖြစ်

မတ် -၂၀၁၉ သစ်တော်(VOM) ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းက တစ်နိုင်ငံလုံးမှာ လောင်းကစားမှု ၃၀၀ ကျော်ဖမ်းမိခဲ့ပြီး ရန်ကုန်တိုင်းအတွင်းမှာ အများဆုံးဖမ်းဆီးရမိခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။ ဖမ်းဆီးရရှိမှု အရေအတွက်အနေနဲ့ကတော့ ရန်ကုန်တိုင်းထဲမှာ ၁၅၄ မှုနဲ့ အများဆုံးဖမ်းမိခဲ့ပြီး ပဲခူးတိုင်းမှာ အမှု ၅၀၊ ဧရာဝတီတိုင်းမှာ ၃၃ မှုနဲ့ မန္တလေးတိုင်းမှာ ၂၉ မှု ဖမ်းဆီးရမိခဲ့ပါတယ်။ ဒ့ါအပြင်ဖေဖော်ဝါရီလအတွင်း လောင်းကစားဖမ်းဆီးမှုဟာ ရခိုင်ပြည်နယ်မှာ ၂ မှု ကရင်ပြည်နယ်မှာ ၃မှု နေပြည်တော်မှာ ၆မှု ကချင်ပြည်နယ်မှာ ၇ မှု မွန်ပြည်နယ်မှာ ၁၆ မှု မကွေးတိုင်းဒေသကြီးမှာ ၂၁မှုစစ်ကိုင်းတိုင်းမှာ၈မှုဖမ်းဆီးရမိတယ်လို့ထုတ်ပြန်ထားတဲ့စာရင်းတွေအရသိရပါတယ်။ လောင်းကစားမှုတွေထဲမှာ နှစ်လုံးထီက ၁၄၇ မှုနဲ့အများဆုံးဖြစ်ပြီး ဖဲက ၆၄ မှု၊ ချဲထီက အမှု ၅၀ ဖြစ်ပြီးဒီအမှုတွေအတွက် တရားခံ ၈၃၄ ယောက်ဖမ်းဆီးထားပြီးလောင်းကြေးငွေကျပ်သိန်း၃၂၀ကျော်ဖမ်းဆီးမိတယ်လို့လည်းသိရပါတယ်။…

Read More

စစ်ဘေးရှောင်ကျေးရွာသားတွေ နေရပ်ပြန်နိုင်ရေး တပ်မတော်စစ်ကြောင်းတွေ ကျေးရွာနဲ့လွတ်ကင်းရာကို ဆုတ်ခွာပေးဖို့ဒေသခံတွေလိုလား

မြောက်ဦး၊ မတ် ၉-၂၀၁၉ ခိုင်လင်းစံ (VOM)   ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်အတွင်းမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် ကျေးရွာသားတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးနေကြရပြီး ဒီကနေ့ မတ်လ ၉ ရက်နေ့အထိဆိုရင် နေရပ်စွန့်ခွာနေကြရတဲ့ ဒေသခံတိုင်းရင်းသားအရေ အတွက်ဟာ တစ်သောင်းကျော်အထိ ရှိလာနေပြီဖြစ်တယ်လို့ စာရင်းတွေအရသိရပါတယ်။   ဒါ့အပြင် အခုလိုမျိုးတိုက်ပွဲတွေအတွင်းမှာ ကျေးရွာတွေကို လက်နက်ကြီးကျည်တွေ ကျရောက်တဲ့အတွက် ထိခိုက်မှုတွေရှိနေသလို အရပ်သားသေဆုံးမှုတွေလည်း များပြားလာနေတာကြောင့် စိုးရိမ်ကြောက်လန့်မှုတွေနဲ့ ရင်ဆိုင်နေကြရပြီး နေရပ်ပြန်ဖို့အခက်အခဲတွေရှိနေကြတာဖြစ်ပါတယ်။   ဒါ့ကြောင့် ဒေသခံတွေရဲ့ စိုးရိမ်စိတ်တွေလျော့ကျစေရေးနဲ့ လုံခြုံစိတ်ချစွာနေရပ်ပြန်နိုင်ရေးတို့အတွက် ကျေးရွာအတွင်းမှာတပ်စွဲနေကြတဲ့ တပ်မတော်စစ်ကြောင်းတွေကို လူတွေနဲ့ဝေးသို့ ဆုတ်ခွာပေးဖို့ စစ်ဘေးရှောင်တွေက တောင်းဆိုလိုက်ပါတယ်။   #voiceofmyanmar #မြောက်ဦး #စစ်ဘေးရှောင် #တပ်မတော်စစ်ကြောင်း  

Read More

သက်ရှိထင်ရှား အသက်အရှည်ဆုံးပုဂ္ဂိုလ်အဖြစ် အသက် ၁၁၆ နှစ်အရွယ်ဂျပန်အဖွား ဂင်းနစ်စံချိန်တင်

တိုကျို၊ မတ်-၉-၂၀၁၉ မျိုးဆက် (VOM)   ကမ္ဘာပေါ်တွင် သက်ရှိထင်ရှားရှိတဲ့ အသက်အရှည်ဆုံး ပုဂ္ဂိုလ်အဖြစ် ဂျပန်နိုင်ငံမှ အသက် ၁၁၆ နှစ်အရွယ်အမျိုးသမီးတစ်ဦးကို ကမ္ဘာ့စံချိန် ဂင်းနစ်မှတ်တမ်းမှာ ထည့်သွင်းသတ်မှတ်လိုက်ပါတယ်။ Kane Tanaka လို့အမည်ရတဲ့ အဆိုပါ ဂျပန်အမျိုးသမီးကို ဂျပန်နိုင်ငံအနောက်တောင်ပိုင်း ဖူကူအိုကာရှိ ၎င်းနေထိုင်ရာ စောင့်ရှောက်ရေးဂေဟာမှာ မတ် ၉ ရက်က အခမ်းအနားတစ်ခုကျင်းပပြီး အသိအမှတ်ပြုခဲ့တာဖြစ်ပါတယ်။   Tanaka ကို ၁၉၀၃ ခုနှစ် ဇန်န၀ါရီ  ၂ ရက်နေ့မှာမွေးဖွားခဲ့တာဖြစ်ပါတယ်။ ၁၉၂၂ ခုနှစ်မှာ Hideo Tanaka နဲ့လက်ထပ်ခဲ့ပြီး ကလေးလေးယောက်မွေးဖွားခဲ့ကာ နောက်ထပ်ကလေးငယ်တစ်ဦးကို မွေးစားခဲ့ပါတယ်။   ယခင်က အသက်ရှင်လျက်ရှိတဲ့ အသက်အကြီးလူအဖြစ် သတ်မှတ်ခံရသူမှာလည်း ဂျပန်အမျိုးသမီးတစ်ဦးဖြစ်သူ Chiyo Miyako ဖြစ်ပြီး လွန်ခဲ့တဲ့ ဇူလိုင်လက အသက် ၁၁၇ နှစ်အရွယ်မှာ…

Read More

သုံးရောင်ခြယ်ဇာတ်ကား အကယ်ဒမီဇကာတင်မပါလို့ စိတ်မကောင်းဖြစ်တယ်ဆိုတဲ့ ခန့်စည်သူ

ရန်ကုန် မတ် ၉ -၂၀၁၉ သင်းသဒ္ဒါ ၂၀၁၈ ခုနှစ်အတွက် အကယ်ဒမီ ပထမအကြိမ်ဇကာတင် ၂၅ကားထွက်ပေါ်ခဲ့တဲ့အပေါ်မှာ အကယ်ဒမီ ခန့်စည်သူ ကတော့ သုံးရောင်ခြယ်ဇာတ်ကား အကယ်ဒမီဇကာတင်မပါလို့ စိတ်မကောင်းဖြစ်တယ်လို့ ဆိုပါတယ်။ ” အကယ်ဒမီ အတွက် ကျွန်တော် တော်တော်လေးကို စိတ်မကောင်းဖြစ်ရတာကတော့ သုံးရောင်ခြယ် ဇာတ် ကားကတော့ ရည်ရွယ်ချက်ကောင်းကောင်းနဲ့ ရိုက်ထားတယ်။ ထုတ်လုပ်သူကလည်း ငွေရေးကြေးရေး ကြောင့် ရိုက်ကူးတာ မဟုတ်ပဲ တိုက်ရဲ့ Image နဲ့ ကိုယ့်ရိုက်ချင်တဲ့ ဇာတ်လမ်းလေးပေါ့။ ဟာသကားလည်း မဟုတ်ဘူး။”လို့ ပြောပါတယ်။ အဆိုပါ ဇာတ်ကားကိုတော့ ခန့်စည်သူ ၊ နေမျိုးအောင် ၊ ရွှေသမီး ၊အိချောပို နဲ့ စတဲ့ အနုပညာရှင်တွေ ပါဝင်သရုပ်ဆောင်ထားပြီးတော့ အရုပ်ပိုင်း နဲ့ အသံပိုင်း ထိုင်းနဲ့ အိန္ဒိယတို့တွင် အကောင်းဆုံး ပြန်လည်…

Read More

ရိုဟင်ဂျာတွေနေရပ်ပြန်ရေး ငွေကြေးကမ်းလှမ်းမှု မပြုခဲ့ဘူးလို့ တရုတ်ငြင်းဆို

ဒါကာ၊ မတ်-၉-၂၀၁၉ မျိုးဆက် (VOM)   ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာတွေ မြန်မာနိုင်ငံကို ပြန်လည်နေထိုင်ရေးအတွက် တရုတ်နိုင်ငံက ငွေကြေးပေးမယ်လို့ ကမ်းလှမ်းခဲ့တယ်ဆိုတဲ့ သတင်းတွေကို တရုတ်နိုင်ငံက ငြင်းဆိုလိုက်ပါတယ်။   ရိုဟင်ဂျာတွေ ရခိုင်ပြည်နယ်မှာ ပြန်လည်နေထိုင်ရေးအတွက် ငွေကြေးပေးမယ်ဆိုတဲ့ ကမ်းလှမ်းမှုမျိုး လုံးဝမလုပ်ခဲ့ဘူးလို့ ဒါကာအခြေစိုက် တရုတ်သံရုံးတာဝန်ရှိသူတစ်ဦးက ငြင်းဆိုပါတယ်။   တရုတ်အစိုးရရဲ့ အာရှရေးရာ အထူးသံတမန် ဆွန်းကော်ရှန်းဟာ မတ်လ ၃ ရက်နေ့က ကော့ဘဇားက ရိုဟင်ဂျာတွေနဲ့ တွေ့ဆုံစဉ်မှာ မြန်မာနိုင်ငံကို ပြန်မယ်ဆိုရင် မိသားစုတစ်စုကို အမေရိကန် ဒေါ်လာ ၆၀၀၀ ပေးမယ်လို့ ကမ်းလှမ်းခဲ့ကြောင်း Benar News သတင်းဌာနက ဖော်ပြပြီးနောက် ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ တရုတ်သံရုံးက ဒီကိစ္စကို ငြင်းဆိုလိုက်တာဖြစ်ပါတယ်။   အဆိုပါသတင်းကိုတော့ အမည်မဖော်လိုသူ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနက တာဝန်ရှိသူတစ်ဦးနဲ့ ရိုဟင်ဂျာအရေးဆောင်ရွက်နေတဲ့ NGO…

Read More

ချင်းပြည်နယ် မှာ ၂၀၁၈ ခုနှစ်အတွင်း  မိခင်သေဆုံးမှုဦးရေမှာ ပလက်ဝမြို့နယ်က အများဆုံးဖြစ်နေ

ကလေး မတ် ၁၀ မိုင်ချယ်(VOM) ၂၀၁၈ ခုနှစ် တစ်နှစ်တာကာလ အတွင်း ချင်းပြည်နယ်နယ်မှာ ကလေးမွေးဖွားချိန် မိခင်သေဆုံးမှု (၁၆) ဦးအထိ ရှိခဲ့တာဖြစ်ပြီး အဲ့ဒီထဲက အများစုက ပလက်ဝမြို့နယ်က ဖြစ်တယ်လို့ ချင်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံးကနေ သိရပါတယ်။ မိခင်သေဆုံးမှု စာရင်းကိုစစ်တမ်းကောက်ယူတဲ့အခါမှာ ကိုယ်ဝန်စရှိတဲ့အချိန်ကနေ  ကလေးမွေးဖွားပြီး ၄၂ ရက် ကြာ ကာလကို သတ်မှတ်ကောက်ယူခဲ့တာဖြစ်ပြီး ဒီလိုကောက်ယူခဲ့တဲ့ စစ်တမ်းတွေ အရ ပလက်ဝမြို့နယ် မှာ (၇) ဦး ဟားခါးမြို့နယ် မှာ (၃) ဦး တီးတိန်မြို့နယ်မှာ (၄) ဦး ထန်တလန်မြို့နယ်မှာ ၁ ဦးနဲ့ တွန်းဇံမြို့နယ်မှာ ၁ ဦး စုစုပေါင်း ၁၆ ဦး ရှိပါတယ်။ ဒီလိုသေဆုံးခဲ့သူတွေထဲမှာ ကျေးလက်နေ မိခင်တွေက အများဆုံးဖြစ်ပြီး ဆေးရုံဆေးခန်းနဲ့ ဝေးတာတွေ…

Read More

ပြည်မြို့မှာပထမဦးဆုံး လမ်းဘေးမှာဖွင့်လှစ်တဲ့ ကုသိုလ်တော် အခမဲ့စာကြည့်တိုက်ကိုလူငယ်တွေဦးစီးဖွင့်လှစ်

မတ် ၉ ။ လမင်း (VOM) ကုသိုလ်တော် စာကြည့်တိုက် ကို ကုသိုလ်တော် ပရဟိတအသင်းက လူငယ်တွေဦးဆောင်ဖွင့်လှစ်တာဖြစ်ပြီး လူငယ်တွေအလွယ်တကူငှားရမ်းနိုင်ဖို့  ပြည်မြို့မှာရှိတဲ့ ကိုးသောင်းရပ်ကွက် ၊ ရွှေတချောင်းလမ်းဘေးက ကိုးသောင်းကျောင်းတိုက်အနီးနားမှာ  ဖွင့်လှစ်ခဲ့ တာဖြစ်ပါတယ်။   ” နွေရာသီကျောင်းပိတ်ရက်အားလပ်ရက်တွေမှာကလေးသူငယ်တွေအနေနဲ့ စာဖတ်အားကောင်းလာအောင်စာဖတ်တဲ့အလေ့အကျင့်တွေဖြစ်လာအောင်နဲ့အသိပညာဗဟုသုတတွေရလာအောင်ဆိုပြီး ဖွင့်ဖြစ်ခဲ့တာပါဒီစာကြည့်တိုက်လေးကြောင့်ကလေးတွေစာဖတ်အားကောင်းပြီးအသိပညာတိုးတက်လာမယ်လို့ယုံကြည်တယ် ” ဟု စာကြည့်တိုက်ကိုဦးဆောင်ဖွင့်လှစ်ခဲ့သူ ကိုပိုးပိုးကဟြေပါတယ် ။   အဲ့ဒီ အခမဲ့စာကြည့်တိုက်လေးမှာ သုတ၊ရသ မျိုးစုံပါဝင်တဲ့ စာအုပ်များ မြန်မာ့သမိုင်းတလျောက်လွတ်လပ်ရေးကြိုးပမ်းခဲ့တဲ့ အကြောင်းအရာများပါဝင်သောစာအုပ်များ ၊ ရယ်ရွှင်မြူး ၊ ဘိုဘို ကာတွန်းစာအုပ်များအပြင် အခြားဝထ္တုတိုစာအုပ်တွေကိုလည်း အခမဲ့ဖတ်ရှု့နိုင်သလို အခမဲ့ငှါးရမ်းနိုင်မှာလည်းဖြစ်ပါတယ် လမ်းဘေးအခမဲ့စာကြည့်တိုက်လေးကို မတ်လ ၃ ရက်နေ့ကစတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ကလေးလူငယ်တွေ လာရောက်ငှါးရမ်းဖတ်ရှု့နေကြတယ်လို့ သိရပါတယ်။ #voiceofmyanmar #ပြည်မြို့ #စာကြည့်တိုက် #ကုသိုလ်တော်

Read More

ဆက်လက်ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် မြောက်ဦးမှာ ဒုက္ခသည် ၃၀၀၀ ခန့်ထိတိုးလာ

မြောက်ဦး၊ မတ် ၉-၂၀၁၉ ခိုင်လင်းစံ (VOM)   ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှာ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေး လာခဲ့သူအရေအတွက်ဟာ ၃၀၀၀ ဝန်းကျင်အထိ တိုးလာနေပြီဖြစ်ပါတယ်။ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ အတွင်းမှာ ကယ်ဆယ်ရေးစခန်း ၃ ခုသာရှိခဲ့ရာကနေ နေရပ်စွန့်ခွာထွက်ပြေးလာခဲ့သူတွေ များပြား လာနေတဲ့အတွက် မတ်လ ၅ ရက်နေ့ကစတင်ပြီး ကယ်ဆယ်ရေး စခန်းပေါင်း ၁၀ ခုကိုတိုးချဲ့ဖွင့်လှစ်ခဲ့ရကြောင်း ဒေသခံတွေက ပြောပါတယ်။ “ပထမကတော့ အောက်သကန်စခန်း၊ တိန်ညိုစခန်းနဲ့ စေတီတောင်စခန်းသုံးခုပဲရှိတယ်။ အခုရက်ပိုင်းအတွင်းမှာတော့ လေးမြို့ဒေသမှာဖြစ်တဲ့တိုက်ပွဲတွေကြောင့် ထွက်ပြေးလာခဲ့သူတွေများပြားနေတာကြောင့် စခန်းတွေကိုတိုးချဲ့ပြီးတော့ ဖွင့်လှစ်ပေးထားရပါတယ်။”လို့ ကယ်ဆယ်ရေးစန်းတွေကို ထောက်ပံ့ကူညီပေးနေသူတွေကပြောပါတယ်။ ဖေဖော်ဝါရီလအတွင်းက ရမ်းချောင်းအတွင်းမှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာခဲ့သူ အရေအတွက်ဟာ ၄၀၀ ကျော်သာရှိခဲ့ပေမယ့် လေးမြို့မြစ်ကြောင်းအတွင်းမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဒုက္ခသည် ၂၆၀၀ ကျော်ထိ တိုးလာခဲ့တာဖြစ်ပါတယ်။ “ကျွန်မတို့ရွာနားမှာ တိုက်ပွဲတွေဖြစ်တယ်။ ချေင်းတစ်ဖက်ကဘုရားကြီးရွာမှာ ရှိနေတဲ့စစ်တပ်နဲ့ ပစ်ခတ်ကြတယ်။ ရွာကိုလက်နက်ကြီးကျည်တွေကျတယ်။…

Read More
VOM News

FREE
VIEW