ပြည်မြို့မှာပထမဦးဆုံး လမ်းဘေးမှာဖွင့်လှစ်တဲ့ ကုသိုလ်တော် အခမဲ့စာကြည့်တိုက်ကိုလူငယ်တွေဦးစီးဖွင့်လှစ်

မတ် ၉ ။ လမင်း (VOM)

ကုသိုလ်တော် စာကြည့်တိုက် ကို ကုသိုလ်တော် ပရဟိတအသင်းက လူငယ်တွေဦးဆောင်ဖွင့်လှစ်တာဖြစ်ပြီး လူငယ်တွေအလွယ်တကူငှားရမ်းနိုင်ဖို့  ပြည်မြို့မှာရှိတဲ့ ကိုးသောင်းရပ်ကွက် ၊ ရွှေတချောင်းလမ်းဘေးက ကိုးသောင်းကျောင်းတိုက်အနီးနားမှာ  ဖွင့်လှစ်ခဲ့ တာဖြစ်ပါတယ်။

 

” နွေရာသီကျောင်းပိတ်ရက်အားလပ်ရက်တွေမှာကလေးသူငယ်တွေအနေနဲ့ စာဖတ်အားကောင်းလာအောင်စာဖတ်တဲ့အလေ့အကျင့်တွေဖြစ်လာအောင်နဲ့အသိပညာဗဟုသုတတွေရလာအောင်ဆိုပြီး ဖွင့်ဖြစ်ခဲ့တာပါဒီစာကြည့်တိုက်လေးကြောင့်ကလေးတွေစာဖတ်အားကောင်းပြီးအသိပညာတိုးတက်လာမယ်လို့ယုံကြည်တယ် ” ဟု စာကြည့်တိုက်ကိုဦးဆောင်ဖွင့်လှစ်ခဲ့သူ ကိုပိုးပိုးကဟြေပါတယ် ။

 

အဲ့ဒီ အခမဲ့စာကြည့်တိုက်လေးမှာ သုတ၊ရသ မျိုးစုံပါဝင်တဲ့ စာအုပ်များ မြန်မာ့သမိုင်းတလျောက်လွတ်လပ်ရေးကြိုးပမ်းခဲ့တဲ့ အကြောင်းအရာများပါဝင်သောစာအုပ်များ ၊ ရယ်ရွှင်မြူး ၊ ဘိုဘို ကာတွန်းစာအုပ်များအပြင် အခြားဝထ္တုတိုစာအုပ်တွေကိုလည်း အခမဲ့ဖတ်ရှု့နိုင်သလို အခမဲ့ငှါးရမ်းနိုင်မှာလည်းဖြစ်ပါတယ်

လမ်းဘေးအခမဲ့စာကြည့်တိုက်လေးကို မတ်လ ၃ ရက်နေ့ကစတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ကလေးလူငယ်တွေ လာရောက်ငှါးရမ်းဖတ်ရှု့နေကြတယ်လို့ သိရပါတယ်။

#voiceofmyanmar #ပြည်မြို့ #စာကြည့်တိုက် #ကုသိုလ်တော်

Related posts

Leave a Comment

VOM News

FREE
VIEW