မင်းပြား၊ မတ် ၂၆-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်မှာ ဈေးဝယ်ပြီးပြန်လာတဲ့ စက်လှေတစ်စီးကို တပ်မတော်က ပစ်ခတ်လိုက်တဲ့အတွက် စက်လှေမောင်းလာသူမှာ ကျည်ထိဒဏ်ရာရရှိသွားခဲ့ပါတယ်။ အဲ့ဒီစက်လှေဟာ မင်းပြားမြို့နယ် ပန်းမြောင်းကြီးချောင်း၊ ကုလားမတောင်ကျေးရွာကဖြစ်ပြီး စက်လှေပေါ်မှာ ရွာသား ၄ ဦးလိုက်ပါခဲ့တဲ့အနက် စက်လှေမောင်းနှင်သူ မောင်ဝင်းဌေ ၂၇ နှစ်ရဲ့ ခြေထောက်ကို ကျည်ထိသွားခဲ့တာဖြစ်ပါတယ်။ “စစ်တပ်ကပစ်လို့ ဒဏ်ရာရရှိသွားတယ်ဆိုတာ ဟုတ်ပါတယ်။ ရာမောင်တံတားနာမှာရှိတဲ့ အမ်းသားရွာကမ်းကနေ ပစ်တာပါ။ အဲ့ဒီကသူတို့စက်လှေကိုခေါ်တယ်လို့ပြောတယ်။ စက်သံနဲ့ဆိုတော့မကြားဘူးပေါ့။ ပြီးတော့ ခါတိုင်းလည်း ဒီလိုသွားနေကျဆိုတော့ သတိမထားတာလည်းဖြစ်နိုင်တယ်။ စက်လှေမရပ်လို့ဆိုပြီး ပစ်လိုက်တာလို့သိရပါတယ်။ ခြေထောက်မှာ ထိသွားတယ်။ ခန္ဓာကိုယ်မှာလည်းနည်းနည်းထိတာတွေရှိတယ်။”လို့ မင်းပြားမြို့ ဦးသိန်းစံကပြောပါတယ်။ အဲ့ဒီစက်လှေပေါ်မှာ အမျိုးသမီးနှစ်ဦးနဲ့ အမျိုးသားနှစ်ဦးပါပြီး မင်းပြားမြို့ကဈေးဝယ်ပြီးတော့ ပြန်လာတဲ့အချိန့်  မတ်လ ၂၅ ရက်နေ့ နေ့လည် ၂ နာရီနီးပါးလောက်မှာ အခုလိုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။…
Read MoreMonth: March 2019
ထိုင်းရွေးကောက်ပွဲ မသမာမှုတွေရှိနေတယ်လို့ ၀န်ကြီးချုပ်ဟောင်း သက်ဆင်စွပ်စွဲ
ဘန်ကောက်၊ မတ်-၂၆ ထိုင်းနိုင်ငံမှာ မတ် ၂၄ ရက်ကပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲမှာ မသမာမှုတွေရှိနေတယ်လို့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်က စွပ်စွဲပြောကြားလိုက်ပါတယ်။ ၂၀၀၆ ခုနှစ်က ၀န်ကြီးချုပ်ရာထူးကနေ ဖြုတ်ချခံရပြီး ပြည်ပမှာ တိမ်းရှောင်နေထိုင်နေတဲ့ မစ္စတာသက်ဆင်က ရွေးကောက်ပွဲမှာ ရှေ့နောက်မညီတဲ့ မသမာမှုတွေ အတွက် စိုးရိမ်မိတယ်လို့ ထုတ်ဖော်ပြောဆိုပါတယ်။ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲဟာ မစ္စတာသက်ဆင်ရဲ့ ညီမဖြစ်သူ ယင်လပ်ကိုဖြုတ်ချခဲ့တဲ့ ၂၀၁၄ ခုနှစ်က စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံးအကြိမ်ကျင်းပခဲ့တာလည်းဖြစ်ပါတယ်။ ရွေးကောက်ပွဲအစောပိုင်း ရလဒ်များအရ စစ်တပ်လိုလားတဲ့ ပလန်ပရာချာရပ်သ်ပါတီက မဲအရေအတွက် ပိုမိုရရှိနေပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲမှာ မဲပေးသူဦးရေနဲ့ မဲမမာဏ ကွာဟမှုတွေနဲ့ပတ်သက်လို့ တိုင်ကြားမှုတွေလည်း အများအပြားရှိနေပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အချက်အလက်တွေအစီရင်ခံရာမှာ မဲရေတွက်သူတွေရဲ့ အမှားတစ်ချို့ရှိခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ကျင်းပပြီးစီးခဲ့တဲ့ ရွေးကောက်ပွဲရဲ့ တရားဝင် ရလဒ်တွေကိုတော့ မေလအတွင်းမှ ထုတ်ပြန်ကြေညာသွားမှာဖြစ်ပါတယ်။…
Read Moreအကယ်ဒမီပေးပွဲ ဝေဖန်တာတွေကို အစည်းအရုံးဥက္ကဌ ဦးဇင်ဝိုင်းပြောပြီ
ရန်ကုန် မတ် ၂၆- ၂၀၁၉ သင်းသဒ္ဒါ မြန်မာ့ရုပ်ရှင်ထူးချွှန်ဆု အကယ်ဒမီပေးပွဲကို မတ် ၂၃ ရက်မှာ ကျင်းပခဲ့ပြီး ဆုပေးပွဲပြီးနောက် ဝေဖန်တာတွေနဲ့ပတ်သက်လို့ အကယ်ဒမီပေးပွဲပြီးတိုင်း အသံတွေညံနေတယ်ဆိုတာ နှစ်စဉ်နှစ်တိုင်းအကယ်ဒမီပေးခဲ့တဲ့ သက်တမ်း တစ် လျှောက်မှာ ရှိခဲ့တဲ့ ပြဿနာပါလို့ ရုပ်ရှင်အစည်းအရုံးဥက္ကဌ ဦးဇင်ဝိုင်းက ပြောဆိုလိုက်ပါတယ်။ ”ကျွန်တော်တို့ဆီမှာ ပရိသတ်ကတော့ မျိုးစုံရှိပါတယ်။ တစ်ဦးနဲ့ တစ်ဦးကလည်း အကြိုက်ချင်း တူမှာ မဟုတ်ပါဘူး။ အကယ်ဒမီပေးပွဲပြီးတိုင်း အသံတွေညံနေတယ်ဆိုတာ နှစ်စဉ်နှစ်တိုင်းအကယ်ဒမီပေးခဲ့တဲ့ သက်တမ်း တစ် လျှောက်မှာ ရှိခဲ့တဲ့ ပြဿနာပါ။သေသေချာချာတာ တစ်ခုကတော့ ကျွန်တော်ထက် ဆရာဦးကြည်စိုးထွန်း လည်း ပြောသွားပြီ ဖြစ်ပါတယ်။လူပေါင်း ၄၅ ဦးနဲ့ တစ်ဦးနဲ့ တစ်ဦး ညှိနှိုင်းလို့ မရအောင် ကျွန်တော်တို့ စီစဉ် ထားတာဖြစ်ပါတယ်။ ၄၅ ဦးကတော့ သူတို့ရဲ့…
Read Moreမြောက်ဦးမြို့နယ်အတွင်း တပ်မတော်နဲ့ AA အဖွဲ့တို့ တိုက်ပွဲပြန်လည်ဖြစ်ပွား
မြောက်ဦး၊ မတ် ၂၆-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်၊ မြောက်ပိုင်းဒေသက မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းမှာ တပ်မတော်နဲ့ AA အဖွဲ့တို့ ဒီကနေ့မနက်ပိုင်းက တိုက်ပွဲတွေပြန်လည်ဖြစ်ပွားခဲ့ကြတာဖြစ်ပါတယ်။ အဲ့ဒီတိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာကနေ မြောက်ဦးမြို့ရဲ့မြောက်ပိုင်း ၁၆ မိုင်ခန့်အကွာ တောင်ဦးကျေးရွာအနီးမှာ ပြီးခဲ့တဲ့ညက ၄ နာရီခန့်အကြာ အပြန်အလှန်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ကြတာဖြစ်ပါတယ်။ “တိုက်ပွဲက ဒီမနက် ၁ နာရီခွဲလောက်ကနေ စဖြစ်တယ်။ ၅ နာရီလောက်မှ ပြီးတယ်။ မကျည်းကုန်းနားမှာဖြစ်ကြတာပါ။ နှစ်ဖက်တိုက်ပွဲဖြစ်တယ်လို့ သိရပါတယ်။ ဒီမနက်ပိုင်းအထိတော့ တပ်မတော်က ရှင်းလင်းမှုတွေလုပ်တယ်လို့ထင်တာပေါ့။ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်မှုတွေပြုလုပ်နေတာတော့ တွေ့ရတယ်။”လို့ မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်ကပြောပါတယ်။ တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း နှစ်ဖက်အပြန်အလှန်တိုက်ခိုက် ပစ်ခတ်မှုတွေကြောင့် တိုက်ပွဲဖြစ်ပွားတဲ့နေရာနဲ့ တစ်မိုင်လောက်ကွာဝေးတဲ့ တောင်ဦးကျေးရွာက နေအိမ်တစ်လုံးကို လက်နက်ကြီးကျည်ကျရောက်ပြီး ထိခိုက်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။ “လက်နက်ကြီးနဲ့ပစ်ခတ်တာတွေရှိတယ်။ လက်နက်ကြီးကျည်ကျလို့ ကျွန်တော်တို့ရွာက ဦးအောင်သိန်းလှိုင်တို့အိမ်မှာ ဗုံးဆံကျလို့ ခေါင်မိုးတွေဘာတွေ…
Read Moreလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ စိတ်ကူးယဉ်ပြီး မဖြစ်နိုင်တာတွေမတောင်းဆိုဖို့ တပ်မတော်ပြော
မတ် ၂၆-၂၀၁၉ ကိုထွန်း(နေပြည်တော်) မနေ့ကပြုလုပ်တဲ့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ စိတ်ကူးယာဉ်ပြီးမလုပ်ဖို့ နဲ့ မဖြစ်နိုင်တာတွေမတောင်းဆိုဖို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။ “တချို့သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ငယ်အချို့ပေါ့ သူတို့ ကပြောရရင်တော့ ကလေးအတွေးနဲ့စိတ်ကူးယာဉ်ပြီး မလုပ်သင့်မလုပ်ထိုက်တာတွေမလုပ်ဖို့ လိုတယ်။နောက်တစ်ခုက မဖြစ်နိုင်တာတွေ မတောင်းဆိုဖို့ လိုတယ်”တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်ချုပ်စိုးနိုင်ဦးက ပြောပါတယ်။ အဓိကအနေနဲ့ တပ်မတော်က အပစ်ရပ်ပေးထားတဲ့ ကာလအတွင်းမှာ တိုက်ပွဲဖြစ်ပွားတာ နယ်မြေကျော်လွန်လှုပ်ရှားတာ ဆက်ကြေးကောက်ခံတာတွေနဲ့ လူသစ်စုဆောင်းတာ အစရှိတာတွေကို တစ်ဖွဲ့ချင်းစီအလိုက် ရှင်းလင်းပြောဆိုခဲ့တာပါ။ အပစ်အခတ်ရပ်စဲပေးထားတဲ့ ကာလကို တပ်မတော်က လေးလသတ်မှတ်ပေးထားတာဖြစ်ပြီး လက်ရှိအချိန်မှာ အပစ်ရပ်ကာလကုန်ဆုံးဖို့ နီးကပ်လာပြီဖြစ်ပါတယ်။ “လေးလဆိုပေမယ့်လို့ ရက်အာြးးဖင့်ဆိုရင် ရက်ပေါင်း ၁၃၀ ရှိပါတယ်။ဒီကာလဟာဆိုရင် တကယ်တန်းငြိမ်းချမ်းရေးကိုလိုလားပြီးခါမှ ဆောင်ရွက်မယ်ဆိုရင် လုံလောက်တဲ့ အချိန်ကာလဖြစ်ပါတယ်။ဒါကြောင့်အချိန်ကာလကို တွက်ချက်ပြီးသတ်မှတ်ပေးထားတာဖြစ်ပါတယ်”လို့ ဗိုလ်ချုပ် စိုးနိုင်ဦးကပြောပါတယ်။ အပစ်အခတ်ရပ်စဲထားတဲ့ကာလအတွင်းမှာ ငြိမ်းချမ်းရေးအတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုငှာန NRPC နဲ့…
Read Moreမင်္ဂလာပါ ဆရာမ
အသားညိုစိမ့်စိမ့် ၊ပိန်ပိန်ပါးပါးနဲ့ သွက်သွက်လက်လက်ပဲရှိသေးတယ်။သူ့ကြည့်လိုက်ရင် အသက်ခြောက်ဆယ်ကျော်လို့ ဘယ်သူမှထင်မှာမဟုတ်ဘူး။အဲ့ဒါကြောင့်ပဲ သူပြသနာတက်တယ်။အသက်ခြောက်ဆယ်ထက် သုံးနှစ်ကျော်လုပ်လို့ ဆိုပြီး သူ့ကိုငွေကျပ်သိန်းခုနှစ်ဆယ်ကျော် ပြန်လျော်ဖို့ ဆုံးဖြတ်ခံခဲ့ရတယ်။သူက ဆရာမ ဒေါ်မာမာမြင့်ပါ။အထက ၁၂ ကျောင်းက အလယ်တန်းပြတစ်ဦးဖြစ်ပြီး စာအသင်အပြကောင်းသူ ၊လူချစ်လူခင်များသူလို့ ပြောရမယ်။ ကျွန်တော်နဲ့တွေ့တော့ ကျွန်တော်သူ့ကို မင်္ဂလာပါ ဆရာမလို့ နုတ်ဆက်လိုက်တယ်။ သူလည်းပေါ့ပေါ့ပါးပါးနဲ့ ပြုံးပြပြီး ပြန်နုတ်ဆက်တယ်။တကယ်တော့ ဒီလိုပြသနာတက်ထားသူတစ်ယောက်ကို ခစေ့တွင်းကျ အင်တာဗျုးဖို့ ဆိုတာ အားနာစရာကောင်းသလို ၀မ်းနည်းစရာတွေလည်း ပါလာနိုင်တယ်လေ။ သူပေါ့ပေါ့ပါးပါးပြုံးပြပေမယ့် စိတ်ဆင်းရဲခဲ့ရတဲ့ပုံကတော့မပျောက်သေးပါဘူး၊မျက်တွင်းတွေကျနေသလို နည်းနည်းလည်းနွမ်းနေပုံပဲ။ ပြီးတော့ သူကပဲစပြောတယ်။ အသိတွေက မီဒီယာတွေနဲ့ အင်တာဗျုးဆက်မလုပ်ဖို့ တားထားတယ်တဲ့။ဒါပေမယ့် တိုင်းမှူးလာလှူတဲ့ကိစ္စကတော့ ပြောရဦးမှာပဲ ဆိုပြီး “ဆရာမလျော်ရမယ့်ငွေကို တိုင်းမှူးက လာလှူသွားတယ်။ခုနှစ်ဆယ့်ရှစ်သိန်းလာလှူသွားတယ်”ဆိုပြီးပြောတယ်။ ဒါပြီးတော့ အင်တာဗျူးရအောင်ဆိုသူ့အခန်းထဲခေါ်သွားတယ်။သူ့အခန်းဆိုတာက တစည(တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ) ၀င်းထဲက လိုင်းခန်းလေးပါ။ကျွန်တော်အမြင်အရဆို ဆယ်ပေပတ်လည်လောက်ပဲရှိမယ်။ပစ္စည်းတွေကလည်း များများစားစားမရှိဘူး၊ဟင်းချက်စရာတွေတင်ထားတဲ့ စင်လေးရယ်၊ထိုင်ခုံလေးတွေရယ်။ဝှိုက်ဘုတ်တစ်ချက်ရယ်။ကျွန်တော်သတိထားမိတာက အိပ်ရာမရှိတာပါ၊အဲ့ဒီသံမံတလင်းခင်းထားတဲ့အခန်းထဲမှာ…
Read Moreမြောက်ဦးမြို့နယ်အတွင်းမှ မရမာကြီးလူမျိုး ၄ ဦးပျောက်ဆုံးနေ
မြောက်ဦး၊ မတ် ၂၅-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့အရှေ့ဘက် လေးမြို့မြစ်ကမ်းနေဘေးကျေးရွာတစ်ရွာဖြစ်တဲ့ ရော်မတီကျေးရွာက ရခိုင်တိုင်း ရင်းသားမျိုးနွယ်စုဝင် မရမာကြီးလူမျိုး ၄ ဦးတို့မှာ လေးမြို့မြစ်ကြောင်းအတွင်းပျောက်ဆုံးနေကြောင်း ကျေးရွာသားတွေက ပြောပါတယ်။ အဲ့ဒီပျောက်ဆုံးနေသူ ရော်မတီကျေးရွာသားတွေဟာ လေးမြို့မြစ်ကြောင်းအတွင်းမှာ ပဲအရောင်းအဝယ်ပြုလုပ်နေသူတွေ ဖြစ်ကြပြီး ပဲဝယ်ယူရန်သွားရောက်နေတုန်းမှာ အခုလိုပျောက်ဆုံးသွားခဲ့တာဖြစ်ပါတယ်။ “ပျောက်နေတာ လေးငါးရက်လောက်ရှိပါပြီ။ ကျွန်တော်တို့ရွာသားလေးယောက်က လှေနှစ်စီးနဲ့ ပဲတင်ဖို့ အထက်ပိုင်းကိုသွားခဲ့ကြတာပါ။ နှစ်ယောက်က ၂၁ ရက်နေ့က ရွာကနေအသွားမှာ ပျောက်သွားတာဖြစ်ပြီးတော့ နောက်နှစ်ယောက်က အထက်ပိုင်းကနေ ပဲတင်ပြီးပြန်အဆင်းမှာ ပျောက်သွားတာပါ။”လို့ ကျေးရွာသားတစ်ဦးကပြောပါတယ်။ အဲ့ဒီပျောက်ဆုံးနေသူလေးဦးတို့ဟာ မတ်လ ၂၁ ရက်နဲ့ ၂၂ ရက်နေ့တွေမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ လေးမြို့မြစ်ကြောင်းအတွင်းက ဘုရားကြီးကျေးရွာနဲ့ ခြိတ်ချောင်းကျေးရွာအနီးမှာ လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုက ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာဖြစ်တယ်လို့ သတင်းရကြောင်း ရွာသားတွေကပြောပါတယ်။ “ပျောက်နေတဲ့လေးယောက်မှာ ၂၁ ရက်နေ့က ဘော်ရှောနဲ့ နိုင်နိုင်ဦးပါ။…
Read Moreလွတ်လပ်ရေး ကြိုးပမ်းမှုမှာပါခဲ့သူ ပြည်သူ့ရဲဘော်ဦးမျိုးထွဋ် ကွယ်လွန်
မေမြို့ မတ် ၂၅-၂၀၁၉ ဦးမျိုထွဋ် (ခ) ရဲဘော် သက်ပြင်း(အဘ-ဦးဘိုးငွေ) အသက်(၉၂)နှစ် ဟာ ၂၅.၃.၂၀၁၉ မနက် ၅:၄၅ မှာ ကွယ်လွန်ခဲ့ပ်တယ်။ အသက် (၁၄)နှစ်ကတည်းက စတင်၍ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုတွင် ပါဝင်ခဲ့သူဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်းတည်ထောင်သော ပြည်သူ့ရဲဘော်အဖွဲ့ချုပ်မှာ နောက်ဆုံး အထွေထွေအတွင်းရေးမှူးတာဝန်ကို ထမ်းဆောင်ခဲ့ပါတယ်။ ကိုကိုးကျွန်းတွင် (၃)နှစ်ကျော် အကျဉ်းကျခဲ့ပြီး နောက်ဆုံး ကိုကိုးကျွန်းဖျက်သိမ်းသည်အထိ အစာငတ်ခံ တိုက်ပွဲများတွင် ဦးဆောင်ပါဝင်ခဲ့သူလည်းဖြစ်ပါတယ်။ ကိုကိုးကျွန်းဖျက်သိမ်းပြီးနောက် အင်းစိန်အကျဉ်းထောင်တွင် ဆက်လက်အကျဉ်းကျခဲ့ပြီး ကျွန်းပြန်များတွင် နောက်ဆုံးမှ လွတ်မြောက်လာခဲ့တာပါ။ မဆလ ၊နဝတ ၊ နအဖ စစ်အာဏာရှင်ခေတ် တလျှောက်လုံး မည်သည့်စစ်အာဏာရှင်နှင့်မှ ပူးပေါင်းခဲ့ခြင်းမရှိခဲ့ပဲ အစဉ်ထာဝရ ပြည်သူလူထုဘက်မှ ရပ်တည်ကာ လယ်သမားအကျိုးပြု ဆောင်းပါးများ နိုင်ငံရေးဆောင်းပါးများ နိုင်ငံအကျိုးပြု ဆောင်းပါးများကို သက်ပြင်း(ရမည်းသင်း) ဗိုလ်မျိုးထွဋ်(ကိုကိုးကျွန်းပြန်) ကလောင်အမည်များဖြင့် ရေးသားခဲ့ပါတယ်။ မလညပ…
Read Moreသေနတ်သမားတွေလက်ချက်ကြောင့် မာလီနိုင်ငံက ရွာသား ၁၃၀ ကျော်သေဆုံး
ဘာမာကို ၊မတ်၂၄-၂၀၁၉ မျိုးဆက် (VOM) မာလီနိုင်ငံအလယ်ပိုင်း ကျေးရွာတစ်ရွာမှာ မတ် ၂၃ ရက်က သေနတ်သမားတွေရဲ့ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဖူလာနီမျိုးနွယ်စုက ရွားသား ၁၃၄ ဦးသေဆုံးသွားတယ်လို့ ဒေသခံ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ဒီဖြစ်ရပ်ဟာ မျိုးနွယ်စုတွေနဲ့ ဂျီဟတ်တွေအကြားမကြားသေးမီက အကြမ်းဖက်မှုတွေထဲက အသေအပျောက်အများဆုံးဖြစ်ရပ်တစ်ဖြစ်ပါတယ်။ မာလီနိုင်ငံ၊ မော့ပ်တီဒေသအတွင်းရှိ အိုဂါဆာဂူးကျေးရွာ နေအိမ်တွေထဲက ရွာသားတွေကို သေနတ်သမားတွေက မတိုက်ခိုက်မီက ကျေးရွာကို ၀ိုင်းထားခဲ့ကြတယ်လို့ ဒေသတွင်းအရာရှိတစ်ဦးက ပြောပါတယ်။ ဒီတိုက်ခိုက်မှုဟာ ဖူလာနီမျိုးနွယ်စုအသိုင်းအဝန်းကို အဓိကပစ်မှတ်ထား ပြုလုပ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ မျိုးနွယ်စုတွေနဲ့ ဂျီဟတ်တို့ရဲ့ အကြမ်းဖက်တာတွေ ပိုမိုများပြားလာတာနဲ့ ပတ်သက်ပြီး မာလီနိုင်ငံမှာ လက်တလောရှိနေတဲ့ ကုလသမဂ္ဂသံကိုယ်စားလှယ်တွေက စိုးရိမ်နေကြပါတယ်။ တိုက်ခိုက်မှုကြောင့် သေဆုံးသူတွေထဲမှာ ကိုယ်ဝန်ဆောင်တွေ၊ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေ ပါဝင်ပြီး သေဆုံးသူတွေဟာ သေနတ်တွေ ဓားတွေနဲ့ သတ်ဖြတ်ခံခဲ့ရတာဖြစ်တယ်လို့ ဒေသတွင်းလုံခြုံရေးအရာရှိတစ်ဦးက အေအက်ဖ်ပီသတင်းဌာနကို ပြောပါတယ်။…
Read Moreစစ်တပ်က အာဏာသိမ်းအပြီး ငါးနှစ်ကြာပြီးနောက် ထိုင်းမှာ ရွေးကောက်ပွဲကျင်းပနေ
ဘန်ကောက်၊ မတ်၂၄-၂၀၁၉ မျိုးဆက် (VOM) ထိုင်းနိုင်ငံမှာ ၂၀၁၄ခုနှစ်အတွင်း စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် ပထမဆုံးအကြိမ်အထွေထွေ ရွေးကောက်ပွဲကို ကျင်းပပြုလုပ်နေပြီး မဲဆန္ဒရှင် သန်း၅၀မှာ မဲရုံတွေကို သွားရောက်မဲပေးနေကြပါတယ်။ ထိုင်းနိုင်ငံဟာ နိုင်ငံရေးမတည်ငြိမ်မှုတွေရဲ့ ရိုက်ခတ်မှုဒဏ်ကို ခံနေရတာ နှစ်ချီကြာမြင့်နေပြီဖြစ်ပြီး စစ်တပ်ကို ထောက်ခံသူတွေနဲ့ ရာထူးကနေဖယ်ရှားခံရသော ဝန်ကြီးချုပ်သက်ဆင်ရှင်နာဝပ်ကို ထောက်ခံ သူတွေအကြား အငြင်းပွားမှုတွေကလည်း ကြီးမားကျယ်ပြန့်လျက်ရှိနေပါတယ်။ ၂၀၁၄ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းပြီးနောက် အာဏာပြန်လွှဲပေးဖို့နဲ့ ဒီမိုကရေစီစနစ်ပြန်လည်ပေါ်ထွန်းဖို့ ကတိပြုခဲ့ပေမယ့်လည်း ရွေးကောက်ပွဲကို အကြိမ်ကြိမ်ရွှေ့ဆိုင်းခဲ့ပါတယ်။ လက်ရှိရွေးကောက်ပွဲမှာ ရွေးကောက်ပွဲရလဒ် ဘယ်လိုတွေပဲ ထွက်ပေါ်လာပါစေ စစ်တပ်က နိုင်ငံရေးမှာ ပါဝင်ခွင့် ကျိန်းသေဆက်ရမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်တစ်ရပ်ကို စစ်တပ်က ပြဌာန်းထားတယ်လို့ ဝေဖန်သူတွေကဆိုပါတယ်။ ၂၀၁၁ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်ပြုလုပ်တဲ့ ရွေးကောက်ပွဲမှ မဲပေးသူဦးရေဟာ အရင်ကထက် မြင့်မားလိမ့်မယ်လို့ မျှော်မှန်းထားကြပါတယ်။ ရွေးကောက်ပွဲကာလအတွင်းမှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ တရားဥပဒေကို…
Read More