လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ စိတ်ကူးယဉ်ပြီး မဖြစ်နိုင်တာတွေမတောင်းဆိုဖို့ တပ်မတော်ပြော

မတ် ၂၆-၂၀၁၉

ကိုထွန်း(နေပြည်တော်)

မနေ့ကပြုလုပ်တဲ့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ စိတ်ကူးယာဉ်ပြီးမလုပ်ဖို့ နဲ့ မဖြစ်နိုင်တာတွေမတောင်းဆိုဖို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

“တချို့သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ငယ်အချို့ပေါ့ သူတို့ ကပြောရရင်တော့ ကလေးအတွေးနဲ့စိတ်ကူးယာဉ်ပြီး မလုပ်သင့်မလုပ်ထိုက်တာတွေမလုပ်ဖို့ လိုတယ်။နောက်တစ်ခုက မဖြစ်နိုင်တာတွေ မတောင်းဆိုဖို့ လိုတယ်”တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်ချုပ်စိုးနိုင်ဦးက ပြောပါတယ်။

အဓိကအနေနဲ့ တပ်မတော်က အပစ်ရပ်ပေးထားတဲ့ ကာလအတွင်းမှာ တိုက်ပွဲဖြစ်ပွားတာ နယ်မြေကျော်လွန်လှုပ်ရှားတာ ဆက်ကြေးကောက်ခံတာတွေနဲ့ လူသစ်စုဆောင်းတာ အစရှိတာတွေကို တစ်ဖွဲ့ချင်းစီအလိုက် ရှင်းလင်းပြောဆိုခဲ့တာပါ။

အပစ်အခတ်ရပ်စဲပေးထားတဲ့ ကာလကို တပ်မတော်က လေးလသတ်မှတ်ပေးထားတာဖြစ်ပြီး လက်ရှိအချိန်မှာ အပစ်ရပ်ကာလကုန်ဆုံးဖို့ နီးကပ်လာပြီဖြစ်ပါတယ်။

“လေးလဆိုပေမယ့်လို့ ရက်အာြးးဖင့်ဆိုရင် ရက်ပေါင်း ၁၃၀ ရှိပါတယ်။ဒီကာလဟာဆိုရင် တကယ်တန်းငြိမ်းချမ်းရေးကိုလိုလားပြီးခါမှ ဆောင်ရွက်မယ်ဆိုရင် လုံလောက်တဲ့ အချိန်ကာလဖြစ်ပါတယ်။ဒါကြောင့်အချိန်ကာလကို တွက်ချက်ပြီးသတ်မှတ်ပေးထားတာဖြစ်ပါတယ်”လို့ ဗိုလ်ချုပ် စိုးနိုင်ဦးကပြောပါတယ်။

အပစ်အခတ်ရပ်စဲထားတဲ့ကာလအတွင်းမှာ ငြိမ်းချမ်းရေးအတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုငှာန NRPC နဲ့ EAOဆွေးနွေးမှု လေးကြိမ်အထိဆောင်ရွက်ထားခဲ့ပြီးဖြစ်ပါတယ်။

#voiceofmyanmar #NRPC #EAO #ငြိမ်းချမ်းရေး #အပစ်အခတ်ရပ်စဲ

Related posts

Leave a Comment

VOM News

FREE
VIEW