အွန်လိုင်းကနေ ခင်မင်ခဲ့သူကို သွားရောက်တွေ့ဆုံခဲ့တဲ့ အမျိုးသမီး ရွှေထည်ပစ္စည်းတွေ လုယက်ခံရ

  စစ်ကိုင်း မတ် ၂၆-၂၀၁၉ မောင်တာရာ(VOM) စစ်ကိုင်းမြို့မှာ အွန်လိုင်းကနေ ခင်မင်ခဲ့သူကို သွားရောက်တွေ့ဆုံခဲ့တဲ့ အမျိုးသမီးရဲ့ ရွှေထည်ပစ္စည်းတွေ လုယက်ခံမှုဖြစ်ပွားခဲ့ပြီး ပြစ်မှုကျူးလွန်သူကို အခုလ ၂၅ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကိုင်းမြို့မရဲစခန်းက သိရပါတယ်။ အမရပူရမြို့နယ်နေ မ××××၊ ၂၄နှစ်မှာ အခုလ ၉ ရက်နေ့ မနက်(၆)နာရီ အချိန်ခန့်မှာ လူမှုကွန်ယက်စာမျက်နှာမှာ ခင်မင်ရင်းနှီးခဲ့တဲ့ ဝက်လက်မြို့နယ်၊ကမ်းဖြူကျေးရွာနေ ထက်နေအောင် (ခ)ထက်မြတ်အောင်၊ ၂၇နှစ်ဆိုသူကနေ တွေ့ဆုံလိုကြောင်း ပြောတဲ့ အတွက် မန္တလေးမြို့ရှိ စွယ်တော်ဘုရားမှာ သွားရောက်တွေ့ဆုံခဲ့ပါတယ်။ အဲလို သွားရောက် တွေ့ဆုံတဲ့အခါမှာ ထက်နေအောင် (ခ)ထက်မြတ်အောင်က စစ်ကိုင်းဘက်ကို ဘုရားဖူးသွားဖို့  ပြောဆိုခေါ်ဆောင်ခဲ့တဲ့ အတွက် မ×××× က ထက်နေအောင်(ခ)ထက်မြတ်အောင်ရဲ့ ဆိုင်ကယ်နဲ့ လိုက်ပါလာခဲ့ရာမှာ စစ်ကိုင်းမြို့၊ တင်းတိပ်ရပ်ကွက် ကောင်းမှုတော်ဘုရားမြောက်ဘက်အနီး ရောက်ရှိတဲ့ အခါ ထက်နေအောင်(ခ)…

Read More

ဈေးဝယ်ပြီးပြန်လာတဲ့စက်လှေကို တပ်မတော်ပစ်ခတ်လို့ ရွာသားတစ်ဦး ထိခိုက်

  မင်းပြား၊ မတ် ၂၆-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်မှာ ဈေးဝယ်ပြီးပြန်လာတဲ့ စက်လှေတစ်စီးကို တပ်မတော်က ပစ်ခတ်လိုက်တဲ့အတွက် စက်လှေမောင်းလာသူမှာ ကျည်ထိဒဏ်ရာရရှိသွားခဲ့ပါတယ်။ အဲ့ဒီစက်လှေဟာ မင်းပြားမြို့နယ် ပန်းမြောင်းကြီးချောင်း၊ ကုလားမတောင်ကျေးရွာကဖြစ်ပြီး စက်လှေပေါ်မှာ ရွာသား ၄ ဦးလိုက်ပါခဲ့တဲ့အနက် စက်လှေမောင်းနှင်သူ မောင်ဝင်းဌေ ၂၇ နှစ်ရဲ့ ခြေထောက်ကို ကျည်ထိသွားခဲ့တာဖြစ်ပါတယ်။ “စစ်တပ်ကပစ်လို့ ဒဏ်ရာရရှိသွားတယ်ဆိုတာ ဟုတ်ပါတယ်။ ရာမောင်တံတားနာမှာရှိတဲ့ အမ်းသားရွာကမ်းကနေ ပစ်တာပါ။ အဲ့ဒီကသူတို့စက်လှေကိုခေါ်တယ်လို့ပြောတယ်။ စက်သံနဲ့ဆိုတော့မကြားဘူးပေါ့။ ပြီးတော့ ခါတိုင်းလည်း ဒီလိုသွားနေကျဆိုတော့ သတိမထားတာလည်းဖြစ်နိုင်တယ်။ စက်လှေမရပ်လို့ဆိုပြီး ပစ်လိုက်တာလို့သိရပါတယ်။ ခြေထောက်မှာ ထိသွားတယ်။ ခန္ဓာကိုယ်မှာလည်းနည်းနည်းထိတာတွေရှိတယ်။”လို့ မင်းပြားမြို့ ဦးသိန်းစံကပြောပါတယ်။ အဲ့ဒီစက်လှေပေါ်မှာ အမျိုးသမီးနှစ်ဦးနဲ့ အမျိုးသားနှစ်ဦးပါပြီး မင်းပြားမြို့ကဈေးဝယ်ပြီးတော့ ပြန်လာတဲ့အချိန့်  မတ်လ ၂၅ ရက်နေ့ နေ့လည် ၂ နာရီနီးပါးလောက်မှာ အခုလိုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။…

Read More

ထိုင်းရွေးကောက်ပွဲ မသမာမှုတွေရှိနေတယ်လို့ ၀န်ကြီးချုပ်ဟောင်း သက်ဆင်စွပ်စွဲ

  ဘန်ကောက်၊ မတ်-၂၆ ထိုင်းနိုင်ငံမှာ မတ် ၂၄ ရက်ကပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲမှာ မသမာမှုတွေရှိနေတယ်လို့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်က စွပ်စွဲပြောကြားလိုက်ပါတယ်။ ၂၀၀၆ ခုနှစ်က ၀န်ကြီးချုပ်ရာထူးကနေ ဖြုတ်ချခံရပြီး ပြည်ပမှာ တိမ်းရှောင်နေထိုင်နေတဲ့ မစ္စတာသက်ဆင်က ရွေးကောက်ပွဲမှာ ရှေ့နောက်မညီတဲ့ မသမာမှုတွေ အတွက် စိုးရိမ်မိတယ်လို့ ထုတ်ဖော်ပြောဆိုပါတယ်။ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲဟာ မစ္စတာသက်ဆင်ရဲ့ ညီမဖြစ်သူ ယင်လပ်ကိုဖြုတ်ချခဲ့တဲ့ ၂၀၁၄ ခုနှစ်က စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံးအကြိမ်ကျင်းပခဲ့တာလည်းဖြစ်ပါတယ်။ ရွေးကောက်ပွဲအစောပိုင်း ရလဒ်များအရ စစ်တပ်လိုလားတဲ့ ပလန်ပရာချာရပ်သ်ပါတီက မဲအရေအတွက် ပိုမိုရရှိနေပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲမှာ မဲပေးသူဦးရေနဲ့ မဲမမာဏ ကွာဟမှုတွေနဲ့ပတ်သက်လို့ တိုင်ကြားမှုတွေလည်း အများအပြားရှိနေပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အချက်အလက်တွေအစီရင်ခံရာမှာ မဲရေတွက်သူတွေရဲ့ အမှားတစ်ချို့ရှိခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ကျင်းပပြီးစီးခဲ့တဲ့ ရွေးကောက်ပွဲရဲ့ တရားဝင် ရလဒ်တွေကိုတော့ မေလအတွင်းမှ ထုတ်ပြန်ကြေညာသွားမှာဖြစ်ပါတယ်။…

Read More

အကယ်ဒမီပေးပွဲ ဝေဖန်တာတွေကို အစည်းအရုံးဥက္ကဌ ဦးဇင်ဝိုင်းပြောပြီ

  ရန်ကုန် မတ် ၂၆- ၂၀၁၉ သင်းသဒ္ဒါ   မြန်မာ့ရုပ်ရှင်ထူးချွှန်ဆု အကယ်ဒမီပေးပွဲကို မတ် ၂၃ ရက်မှာ ကျင်းပခဲ့ပြီး ဆုပေးပွဲပြီးနောက် ဝေဖန်တာတွေနဲ့ပတ်သက်လို့ အကယ်ဒမီပေးပွဲပြီးတိုင်း အသံတွေညံနေတယ်ဆိုတာ နှစ်စဉ်နှစ်တိုင်းအကယ်ဒမီပေးခဲ့တဲ့ သက်တမ်း တစ် လျှောက်မှာ ရှိခဲ့တဲ့ ပြဿနာပါလို့ ရုပ်ရှင်အစည်းအရုံးဥက္ကဌ ဦးဇင်ဝိုင်းက ပြောဆိုလိုက်ပါတယ်။ ”ကျွန်တော်တို့ဆီမှာ ပရိသတ်ကတော့ မျိုးစုံရှိပါတယ်။ တစ်ဦးနဲ့ တစ်ဦးကလည်း အကြိုက်ချင်း တူမှာ မဟုတ်ပါဘူး။ အကယ်ဒမီပေးပွဲပြီးတိုင်း အသံတွေညံနေတယ်ဆိုတာ နှစ်စဉ်နှစ်တိုင်းအကယ်ဒမီပေးခဲ့တဲ့ သက်တမ်း တစ် လျှောက်မှာ ရှိခဲ့တဲ့ ပြဿနာပါ။သေသေချာချာတာ တစ်ခုကတော့ ကျွန်တော်ထက် ဆရာဦးကြည်စိုးထွန်း လည်း ပြောသွားပြီ ဖြစ်ပါတယ်။လူပေါင်း ၄၅ ဦးနဲ့ တစ်ဦးနဲ့ တစ်ဦး ညှိနှိုင်းလို့ မရအောင် ကျွန်တော်တို့ စီစဉ် ထားတာဖြစ်ပါတယ်။ ၄၅ ဦးကတော့ သူတို့ရဲ့…

Read More

မြောက်ဦးမြို့နယ်အတွင်း တပ်မတော်နဲ့ AA အဖွဲ့တို့ တိုက်ပွဲပြန်လည်ဖြစ်ပွား

မြောက်ဦး၊ မတ် ၂၆-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်၊ မြောက်ပိုင်းဒေသက မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းမှာ တပ်မတော်နဲ့ AA အဖွဲ့တို့ ဒီကနေ့မနက်ပိုင်းက တိုက်ပွဲတွေပြန်လည်ဖြစ်ပွားခဲ့ကြတာဖြစ်ပါတယ်။ အဲ့ဒီတိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာကနေ မြောက်ဦးမြို့ရဲ့မြောက်ပိုင်း ၁၆ မိုင်ခန့်အကွာ တောင်ဦးကျေးရွာအနီးမှာ ပြီးခဲ့တဲ့ညက ၄ နာရီခန့်အကြာ အပြန်အလှန်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ကြတာဖြစ်ပါတယ်။ “တိုက်ပွဲက ဒီမနက် ၁ နာရီခွဲလောက်ကနေ စဖြစ်တယ်။ ၅ နာရီလောက်မှ ပြီးတယ်။ မကျည်းကုန်းနားမှာဖြစ်ကြတာပါ။ နှစ်ဖက်တိုက်ပွဲဖြစ်တယ်လို့ သိရပါတယ်။ ဒီမနက်ပိုင်းအထိတော့ တပ်မတော်က ရှင်းလင်းမှုတွေလုပ်တယ်လို့ထင်တာပေါ့။ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်မှုတွေပြုလုပ်နေတာတော့ တွေ့ရတယ်။”လို့ မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်ကပြောပါတယ်။ တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း နှစ်ဖက်အပြန်အလှန်တိုက်ခိုက် ပစ်ခတ်မှုတွေကြောင့် တိုက်ပွဲဖြစ်ပွားတဲ့နေရာနဲ့ တစ်မိုင်လောက်ကွာဝေးတဲ့ တောင်ဦးကျေးရွာက နေအိမ်တစ်လုံးကို လက်နက်ကြီးကျည်ကျရောက်ပြီး ထိခိုက်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။ “လက်နက်ကြီးနဲ့ပစ်ခတ်တာတွေရှိတယ်။ လက်နက်ကြီးကျည်ကျလို့ ကျွန်တော်တို့ရွာက ဦးအောင်သိန်းလှိုင်တို့အိမ်မှာ ဗုံးဆံကျလို့ ခေါင်မိုးတွေဘာတွေ…

Read More

လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ စိတ်ကူးယဉ်ပြီး မဖြစ်နိုင်တာတွေမတောင်းဆိုဖို့ တပ်မတော်ပြော

မတ် ၂၆-၂၀၁၉ ကိုထွန်း(နေပြည်တော်) မနေ့ကပြုလုပ်တဲ့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ စိတ်ကူးယာဉ်ပြီးမလုပ်ဖို့ နဲ့ မဖြစ်နိုင်တာတွေမတောင်းဆိုဖို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။ “တချို့သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ငယ်အချို့ပေါ့ သူတို့ ကပြောရရင်တော့ ကလေးအတွေးနဲ့စိတ်ကူးယာဉ်ပြီး မလုပ်သင့်မလုပ်ထိုက်တာတွေမလုပ်ဖို့ လိုတယ်။နောက်တစ်ခုက မဖြစ်နိုင်တာတွေ မတောင်းဆိုဖို့ လိုတယ်”တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်ချုပ်စိုးနိုင်ဦးက ပြောပါတယ်။ အဓိကအနေနဲ့ တပ်မတော်က အပစ်ရပ်ပေးထားတဲ့ ကာလအတွင်းမှာ တိုက်ပွဲဖြစ်ပွားတာ နယ်မြေကျော်လွန်လှုပ်ရှားတာ ဆက်ကြေးကောက်ခံတာတွေနဲ့ လူသစ်စုဆောင်းတာ အစရှိတာတွေကို တစ်ဖွဲ့ချင်းစီအလိုက် ရှင်းလင်းပြောဆိုခဲ့တာပါ။ အပစ်အခတ်ရပ်စဲပေးထားတဲ့ ကာလကို တပ်မတော်က လေးလသတ်မှတ်ပေးထားတာဖြစ်ပြီး လက်ရှိအချိန်မှာ အပစ်ရပ်ကာလကုန်ဆုံးဖို့ နီးကပ်လာပြီဖြစ်ပါတယ်။ “လေးလဆိုပေမယ့်လို့ ရက်အာြးးဖင့်ဆိုရင် ရက်ပေါင်း ၁၃၀ ရှိပါတယ်။ဒီကာလဟာဆိုရင် တကယ်တန်းငြိမ်းချမ်းရေးကိုလိုလားပြီးခါမှ ဆောင်ရွက်မယ်ဆိုရင် လုံလောက်တဲ့ အချိန်ကာလဖြစ်ပါတယ်။ဒါကြောင့်အချိန်ကာလကို တွက်ချက်ပြီးသတ်မှတ်ပေးထားတာဖြစ်ပါတယ်”လို့ ဗိုလ်ချုပ် စိုးနိုင်ဦးကပြောပါတယ်။ အပစ်အခတ်ရပ်စဲထားတဲ့ကာလအတွင်းမှာ ငြိမ်းချမ်းရေးအတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုငှာန NRPC နဲ့…

Read More
VOM News

FREE
VIEW