ရန်ကုန်-အောက်တိုဘာ-၁၂-၂၀၂၆ EP(VOM) တိုးချဲ့လာတဲ့ မြို့ဧရိယာကြောင့် ရန်ကုန်မြို့ရဲ့ မြောက်ဘက်ပိုင်းမှာ ငါးနှစ်အတွင်း သစ်တောမြေဧရိယာ ၄၆၄ စတုရန်းကီလိုမီတာ ပြုန်းတီးခဲ့ကြောင်း ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP)က သတင်းထုတ်ပြန်လိုက်ပါတယ်။ ပြုန်းတီးခဲ့တဲ့ သစ်တောတွေဟာ မြင်သာအောင် ပြောရရင် ဘောလုံးကွင်းပေါင်း ခြောက်သောင်းငါးထောင်ခန့် ကျယ်ဝန်းတဲ့ ဧရိယာ ဖြစ်ပါတယ်။ အခုလို သစ်တောတွေ ပြုန်းတီးလာခြင်းဟာ သစ်တောမြေတွေအစား မြို့ဧရိယာတွေ ချဲ့ထွင်လာခြင်း ၊ စိုက်ပျိုး မွေးမြူးရေးနေရာတွေ ချဲ့ထွင်လာခြင်းနဲ့ သစ်ထုတ်ခြင်းတွေကြောင့် ဖြစ်တယ်လို့ သုတေသန အစီရင်ခံစာတွင် ဖော်ပြထားပါတယ်။ သစ်တောပြုန်းတီးမှု ရှိတဲ့ မြို့နယ်တွေကတော့ ရန်ကုန်မြို့ မြောက်ပိုင်းမှာရှိတဲ့ လှည်းကူးမြို့နယ် ၊ မှော်ဘီ မြို့နယ်နဲ့ တိုက်ကြီး မြို့နယ်တို့ ဖြစ်ပါတယ်။ အဲ့ဒီ မြို့နယ် သုံးခု ထဲက လှည်းကူးမြို့နယ်က သစ်တောဧရိယာ အများဆုံးရှုံးပြီး စုစုပေါင်း သစ်တောပြုန်းတီးမှုရဲ့ ၉၀…
Read MoreDay: October 12, 2026
ဆောက်လုပ်ရေး လုပ်ငန်းတွေ ပြိုလဲတော့မှာလား
နှင်းနု(VOM) ကိုတင်အေးတယောက် နေ့ဘက် အလုပ်လုပ်ရတဲ့ နေစားအလုပ်က ရပ်နားထားရတာ ဒီနေ့နဲဆိုရင် အလုပ်လက်မဲ့ ဖြစ်တာ ရက်နှစ်ဆယ်လောက်ရှိပြီ။ ကိုတင်အေးက ဆောက်လုပ်ရေး ဆိုက်ဒ်တစ်ခုမှာ ကုန်တင် ၊ ကုန်ချ ၊ ကုန်ပို့ အလုပ်ကို လုပ်ရတာပါ။ ဆန်ကအစ တပြည်ချင်းဝယ်စားနေရတော့ အလုပ်မရှိရင် မိသားစု စားဝတ်နေရေးက သိသိသာသာ ထိခိုက်ပါတယ်။ မိသားစု စားဝတ်နေရေး နှပ်မှန်ဖို့ ကိုတင်အေး တယောက်အလုပ်နှစ်ခု လုပ်ပါတယ်။ နေ့ခင်းဘက်ဆိုရင် ဆောက်လုပ်ရေး ဆိုက်ဒ်ထဲမှာ နေ့စားလုပ်ပြီး ညဘက်ရောက်ရင် အလယ်တန်းကျောင်းတခုမှာ ညစောင့်လုပ်ပါတယ်။ ညစောင့်အလုပ်ကလေးရှိလို့ ထမင်းမငတ်ပေမယ့်။ တက်လာတဲ့ ကုန်စျေးနှုန်းနဲ့ လစာ လောက်ငှဖို့ ချွေတာစားရတာပါ။ ကိုတင်အေး စိတ်ညစ်တယ်လို့သာ အသွင်သွင် ငြီးငြူးနေရပါတယ်။ ကိုတင်အေးက ပြည်မြို့က ဆောက်လုပ်ရေး လုပ်ငန်းခွင် တခုမှာ အလုပ်လုပ်နေတာပါ။ ဆောက်လုပ်ရေး လုပ်ငန်းရှင်က ရန်ကုန်မြို့က…
Read Moreပခုက္ကူမှာ ၈တန်းကျောင်းသားပါဝင်တဲ့ အနုကြမ်းစီးအဖွဲ့က ၂ယောက်ဖမ်းဆီးရမိ
ပခုက္ကူ -အောက်တိုဘာ ၁၂-၂၀၂၆ NP(VOM) မကွေးတိုင်း၊ ပခုက္ကူမြို့၊ မြိုရှောင်လမ်းမှာ အောက်တိုဘာ ၅ရက် ည ၈နာရီဝန်းကျင်က မိတ်ဆွေအိမ်ဆောက်ပစ္စည်းဆိုင်ကို အမည်မသိလူငယ်တစု ရောက်ရှိလာပြီး ဧည့်စာရင်စစ်မယ် ဆိုကာ အနုကြမ်းစီးမှု ဖြစ်ခဲ့ပါတယ်။ အဲဒီ ဖြစ်စဥ်မှာ အနုကြမ်းစီးတဲ့အဖွဲ့ထဲက ၈တန်းကျောင်းသားအပါဝင် ကျူးလွန်သူနှစ်ဦးကိုဖမ်းဆီးရမိထားတယ်လို့ လုံခြုံရေးနဲ့နီးစပ်သူကပြောပါတယ်။ ” အောက်တိုဘာလ၅ရက်ည၇နာရီကျော်က မြို့ရှောင်လမ်းက မိတ်ဆွေ အိမ်ဆောက်ပစ္စည်း ဆိုင်ပိတ်ချိန်မှာ ဦးထုပ်နဲ့ မာခ်စ်တပ်ထားတဲ့လူငယ်တွေကရောက်လာတယ် ။ ဧည့်စာရင်းစစ်မယ်ဆိုပြီးတံခါးဖွင့်ခိုင်းတယ်။ အဲဒီချိန်မှာ ဓါးရှည်ကိုင်ဆောင်သူ သုံးဦးဆိုင်ထဲဝင်လာပြီးအားလုံးဝပ်နေကြလို့ပြောဆိုပြီး ဆိုင်ရှင်အမျိုးသမီးရဲ့လည်ဂုတ်ပေါ်ဓါးရှည်တင်ပြီး အော်ရင်သတ်ပြစ်မယ် ၊ ဆိုင်ကို မီးရှို့မယ်လို့ ခြိမ်းခြောက်ပြီး ပိုက်ဆံပေး ပိုက်ဆံမရှိရင် Kpayပေးဆိုကာ ဆိုင်ရှင်ကို password မေးပြီး ဖုန်းနှစ်လုံးနဲ့ ကေပေသိန်း၂၀ယူသွားတယ်” လို့ ဆိုင်ရှင်နဲ့နီစပ်သူကပြောပါတယ်။ အောက်တိုဘာလ ၇ရက်နေ့ မှာ အမျိုးသမီးတယောက် ဓားမြှောင်ပြ ဆိုင်ကယ် ဖုန်းနဲ့…
Read More