ဧပြီ ၆-၂၀၁၉
ဂျန်ကိုးလ်
ဧပြီ၆ရက်မနက်၈နာရီခန့်က ပဲခူးတိုင်းပန်းတောင်းမြို့နယ်ဥသျှစ်ပင်မြို့ရတနာပုံရပ်ကွက် ဇီဇ၀ါ၎လမ်းက လှိုင်ရတနာ ပညာရိပ်မွန် အမျိုးသမီးသီးသန့်ဘော်ဒါဆောင်တလုံး မီးလောင်ဆုံးရှုံခဲ့တယ်လို့သိရပါတယ်။
မနက်ခင်းစာချက်ပြုတ်တဲ့မီးကြွင်းမီးကျန်ကနေ မီးလောင်မှုကြောင့်သွပ်မိုး ကျောက်ပြားကာ၂ထပ်အိမ်တလုံးနဲ့ခေါင်းရင်းအိမ်တခြမ်းမီးဟပ်မီးကျွမ်းထိခိုက်မှု ရှိခဲ့တယ်လို့မီးသတ်တပ်ဖွဲ့ရဲ့မှတ်တမ်းတွေအရ သိရပါတယ်။
“အဓိက က မီးသတ်ကိုသတင်းပို့တာနောက်ကျလို့ မီးသတ်ကားက၄စီးတောင်ရှိတာ မြို့ထဲဆိုတော့၃မိနစ်နဲ့မီးသတ်ကားရောက်လာတယ်”လို့ပြည်တော်သာအုပ်ချုပ်ရေးမှူးဦးအောင်ကိုကပြောပါတယ်။မီးလောင်ရာကို ရပ်ကွက်နေပြည်သူတွေ မြို့သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ မီးသတ်တပ်ဖွဲ့တွေ ပူးပေါင်းငြိမ်းသတ်ခဲ့ကြပြီး ၅မိနစ်အတွင်းမီးညွန့်ချိုးနိုင်ခဲ့တယ်လို့ရပ်ကွက်နေပြည်သူတွေကပြောပါတယ်။
“အမှုကို မီးသတ်လက်ထောက်ဦးစီးမှူးကျော်ကိုကိုကတရားလိုပြုလုပ်ပြီး ဥသျှစ်ပင်နယ်မြေရဲစခန်းမှာဒုရဲအုပ်သော်ဇင်ထွဋ်က (ပ)၃၁/၂၀၁၉ ပုဒ်မ၂၈၅နှင့်အမှုစစ်အဖြစ်ဆောင်ရွက်နေတယ်”လို့ရဲအုပ်ဝင်းကိုကပြောပါတယ်။
ဥသျှစ်ပင်နယ်မြေ မကျီးထုံးကျေးရွာမှာလည်းမနေ့ကဧပြီ၅ရက်မှာအိမ်တလုံးမီးလောင်ဆုံးရှုံးခဲ့သေးတယ်လို့သိရပါတယ်။
#voiceofmyanmar #မီးလောင် #ပဲခူးတိုင်း #ဥသျှစ်ပင်မြို့