ဖမ်းလို့ မကုန်နိုင်တဲ့  လိုင်စင်မဲ့ကားများ

ရန်ကုန် ၊ ဧပြီ  ၉-၂၀၁၉ TGH (VOM)   လိုင်စင်မဲ့ ကားတွေကို ဖမ်းဆီးအရေးယူမှုတွေလုပ်နေပေမယ့်လည်း ဖမ်းလို့ မကုန်နိုင်ဖြစ်နေတယ်လို့ ယာဉ်ထိန်းတပ်ဖွဲ့မှူးရုံး(နေပြည်တော်)က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။   ဒီနှစ် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ကနေ  မတ်လကုန်အထိ အချိန်သုံးလ အတွင်းမှာဆိုရင်လည်း လိုင်စင်မဲ့ကား ၁၀၀ ကျော်ကို ဖမ်းဆီးအရေးယူမှုတွေပြုလုပ်ထားတယ်လို့ သိရပါတယ်။   “ဖမ်းလေထွက်လေဖြစ်နေတယ် ။လိုင်စင်မဲ့ကားတွေကို တောက်လျှောက်ဖမ်းနေတယ်။ တစ်စီးဖမ်းမိရင် သူတို့က နှစ်စီးလောက်သွင်းနေလားမသိဘူး။”လို့ ယာဉ်ထိန်းတပ်ဖွဲ့မှူးရုံး(နေပြည်တော်)က တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။   လိုင်စင်မဲ့ယာဉ်မောင်းနှင်မှုကို တစ်နိုင်ငံလုံးအတိုင်းအတာ စီမံချက်နဲ့ ဖမ်းဆီးအရေးယူဆောင်ရွက်နေတာဖြစ်ပါတယ်။ဒါကြောင့် ခုနှစ် ဇန်နဝါရီလမှာ လိုင်စင်မဲ့ကား ၄၉ စီး၊ ဖေဖော်ဝါရီလမှာ  ၂၈ စီး၊ မတ်လမှာ လိုင်စင်မဲ့ကား  ၃၄ စီး ဖမ်းဆီးအရေးယူနိုင်ခဲ့တယ်လို့သိရပါတယ်။   ဒါဟာ ပြီးခဲ့တဲ့…

Read More

အကျဉ်းစံ ဒေါက်တာအေးမောင်နဲ့ စာရေးဆရာဝေဟင်အောင်တို့ မိသားစုနဲ့တွေ့ခွင့်ရရှိ

စစ်တွေ၊ ဧပြီ ၉-၂၀၁၉ ခိုင်လင်းစံ(VOM)   ရခိုင်ပြည်နယ်၊ စစ်တွေမြို့အကျဉ်းထောင်ကနေ ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ အင်းစိန်အကျဉ်းထောင်ကို ပြောင်းရွှေ့သွားတဲ့ အမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်နဲ့ စာရေးဆရာဝေဟင်အောင်တို့နှစ်ဦးကို မနေ့ ဧပြီ ၈ ရက်နေ့မှာ မိသားစုတွေ တွေ့ဆုံခွင့်ရရှိခဲ့တာဖြစ်ပါတယ်။   သူတို့နှစ်ဦးဟာ နိုင်ငံတော်ပုန်ကုန်မှု၊ နိုင်ငံတော်အကြည်အညိုပျက်စေမှုပုဒ်မတွေနဲ့ စစ်တွေခရိုင်တရားရုံးကနေ ပြစ်ဒဏ်နှစ် ၂၀ စီချမှတ်ထားတာဖြစ်ပြီး ဧပြီလ ၆ ရက်နေ့မှာ စစ်တွေထောင်ကနေ အင်းစိန်ထောင်ကို ပြောင်းရွှေ့လိုက်တာဖြစ်ပါတယ်။   “ကျွန်တော်တို့က ထောင်ပြောင်းသွားတဲ့အချိန်မှာ အသိမပေးခဲ့တဲ့အတွက် မသိလိုက်ဘူး။ ပြောင်းသွားပြီးမှ သတင်းကြားတာပါ။ ၈ ရက်နေ့မှာတော့ သူတို့နဲ့ မိသားစုတွေကိုတွေ့ခွင့်ပေလို့ တွေ့ခဲ့ရတယ်။ မနေ့က တွေ့ခဲ့ပါတယ်။”လို့ စာရေးဆရာဝေဟင်အောင်ရဲ့အစ်ကို ဦးသိန်းဝင်းကပြောပါတယ်။   မိသားစုတွေအနေနဲ့ ထောင်ပြောင်းရွှေ့လိုက်တဲ့နောက်ပိုင်းမှာ တွေ့ခွင့်ရရှိကြပေမယ့် တခြားဝေးလံတဲ့နေရာတွေကို ထပ်မံပြောင်းရွှေ့ခြင်းခံရမှာကို စိုးရိမ်နေကြတာဖြစ်ပါတယ်။   “မနေ့ကတွေ့တဲ့အချိန်မှာတော့ နေရတာတွေလည်းအဆင်ပြေတယ်လို့ပြောပါတယ်။…

Read More

သင်္ကြန်မတိုင်မီ မိမိနေရပ်ကို လုံလုံခြုံခြုံ ပြန်လာနိုင်ရေး ဘူးသီးတောင်က စစ်ဘေးရှောင်တွေက မြို့နယ်ထွေအုပ်ဆီ အကြောင်းကြားစာပို့

ဘူးသီးတောင်၊ ဧပြီ ၉-၂၀၁၉ ခိုင်လင်းစံ (VOM)   မကြာမီရက်ပိုင်းအတွင်းမှာ သင်္ကြန်ကျတော့မှာဖြစ်တဲ့အတွက် သင်္ကြန်မတိုင်မီ ကိုယ့်ရဲ့နေရပ်ကျေးရွာကို ပြန်လည်သွားရောက်နေထိုင်နိုင်ရေးအတွက် ဘူးသီးတောင်မြို့နယ် စည်တောင်ကျေးရွာသားတွေက မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးဆီကို အကြောင်းကြားစာပေးပို့ခဲ့ကြတာဖြစ်ပါတယ်။   အခုလိုမျိုးအကြောင်းကြားစာ ပေးပို့ခဲ့တာဟာ ကျေးရွာမှာပြန်လည်သွားရောက်နေထိုင်ချိန်မှာ မှားယွင်းပစ်ခတ်မှုတွေမပြုလုပ်ရေးနဲ့ ကျေးရွာသားတွေ လုံလုံခြုံခြုံ နေထိုင်နိုင်ဖို့ အတွက် အကြောင်းခြင်းဖြစ်တယ်လို့ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းကပြောပါတယ်။   “အခုလောလောဆယ်ကတော့ အဲ့ဒီနေရာမှာ တိုက်ပွဲလည်းမရှိဘူး။ ပြီးတော့ သင်္ကြန်ကျတော့မှာဆိုတော့ ကိုယ့်ရွာမှာပဲ နေချင်ကြတယ်။ဒုက္ခသည်စခန်းမှာဆိုတာက မတတ်သာလို့နေနေကြရတာဖြစ်ပါတယ်။ ဒါကြောင့် ရွာပြန်ဖို့အတွက် မြို့နယ်ကိုအကြောင်းကြားတာပါ။ အဲ့ဒီမှာ ရွာကိုသွားနေတဲ့အချိန် AA အဖွဲ့တွေဆိုပြီး လာမပစ်ဖို့အတွက်ပါတာပေါ့။”လို့ ဦးထွန်းအောင်သိန်းကပြောပါတယ်။   လက်ရှိမှာတော့ အဲရွာသားတွေထဲက တချို့ဟာ ကျေးရွာမှာကျန်ရှိခဲ့တဲ့ ကျွဲနွားတွေနဲ့ နေအိမ်တွေကို စောင့်ရှောက်ဖို့ အတွက် ပြန်နေကြပြီဖြစ်ကြောင်းနဲ့ မကြာခင်မှာ ရွာသားအားလုံးနေရပ်ပြန်ဖို့အတွက် ပြင်ဆင်နေကြပြီဖြစ်တယ်လို့ ပြောပါတယ်။…

Read More

NLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့် နဲ့ VOM သတင်းဌာန အင်တာဗျူး အပိုင်း (၁)

တနင်္သာရီတိုင်းဝန်ကြီးချုပ်ကို အရေးယူပြီးနောက် ဒီအမှုတွဲမှာ ပတ်သက်နေတယ်လို့ တိုင်ခံရသူတွေကို အရေးယူဖို့ရှိသေးလား ဆိုတာတွေ အပါအ၀င် ပါတီတွင်း စည်းကမ်းထိမ်းသိမ်းရေးအခြေအနေတွေနဲ့ပတ်သက်ပြီး NLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ကို Voice Of Myanmar (VOM) သတင်းဌာနက မသိင်္ဂီထွန်း ကနေ NLD ပါတီရုံးချုပ်မှာ တွေ့ဆုံမေးမြန်းထားပါတယ်။ ရိုက်ကူး နေလင်း တည်းဖြတ် သွေးသစ် #voiceofmyanmar #NLD #ဒေါက်တာမျိုးညွန့်

Read More

လက်နက်အပြည့်နဲ့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ မြန်မာနယ်စပ်အနီး စိန့်မာတင်ကျွန်းမှာတပ်စွဲနေ

  ဒါကာ၊ ဧပြီ-၉ ၊ ၂၀၁၉ မျိုးဆက် (VOM) ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ထိပ်စပ်နေတဲ့ စိန့်မာတင်ကျွန်းမှာ နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် လက်နက်တွေအများအပြားတပ်ဆင်ပေးထားတဲ့ နယ်ခြားစောင့်တပ်ဖွဲ့တွေကို ဧပြီ ၇ ရက်စပြီး တပ်စွဲထားလိုက်တယ်လို့ ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတွေက ပြောပါတယ်။ မြန်မာနိုင်ငံနဲ့ သံတမန်ရေးရာ တင်းမာမှုတွေဖြစ်ပေါ်စေခဲ့တဲ့ ဘင်္ဂလားပင်လယ်အော်ထဲက အငြင်းပွားဖွယ် စိန့်မာတင်ကျွန်းမှာ ခြေမှုန်းရေးရိုင်ဖယ်တွေ ကိုင်ဆောင်ထားတဲ့ ဒါဇင်ပေါင်းများသော တပ်ဖွဲ့ဝင်တွေရဲ့ ပုံရိပ်တွေကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့က ထုတ်ဖော်ပြသခဲ့ပါတယ်။ ဒီလိုလုပ်ဆောင်တာဟာ မူးယစ်ဆေးဝါးရောင်းဝယ်တာတွေတားဆီးဖို့နဲ့ နယ်စပ်ကာကွယ်စောင့်ရှောက်ရေး သေချာစေဖို့ဖြစ်ပြီး ပုံမှန်လုပ်ရိုးလုပ်စဉ်သာဖြစ်တယ်လို့ နယ်ခြားစောင့်တပ်ဖွဲ့က ပြောပါတယ်။ ဒါပေမယ့် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်က ဒုဗိုလ်မှူးကြီး ဆာခါမိုဟာမက်မူစတာဖီဇာရာမန်ကတော့ စိန့်မာတင်ကျွန်းပေါ်မှာ တပ်ဖွဲ့ဝင်တွေ ဖြန့်ကျက်တာဟာ ၁၉၉၇ ခုနှစ်နောက်ပိုင်း ပထမဆုံးဖြစ်တယ်လို့ဆိုပါတယ်။ နှစ်ပေါင်း ၂၀ ကျော်ကြာပြီးနောက် ကျွန်းပေါ်မှာ ဒီလိုတပ်စွဲသင့်တယ်လို့…

Read More

တရုတ်နဲ့ မြောက်ကိုရီးယား ဆက်သွယ်ထားတဲ့ နယ်စပ်တံတားသစ်တစ်စင်း ဖွင့်လှစ်

  ပေကျင်း၊ ဧပြီ-၉ ၊ ၂၀၁၉ မျိုးဆက် (VOM) တရုတ်နှင့် မြောက်ကိုရီးယားနိုင်ငံတို့အကြား ယာလူမြစ်ကိုဖြတ်သန်းပြီးနယ်စပ်ဖြတ်ကျော်တံတားသစ်တစ်စင်းကို ဖွင့်လှစ်လိုက်ပါတယ်။အဲ့ဒီတံတားဟာ နှစ်နိုင်ငံအကြား လေးခုမြောက် နယ်စပ်ဂိတ်ဖြစ်တယ်လို့ ဘလွန်းဘာ့သတင်းဌာနက ဧပြီ ၈ ရက်မှာ ဖော်ပြပါတယ်။ အဆိုပါတံတားဟာ တရုတ်နိုင်ငံက ဂျင်ယန်မြို့နဲ့ မြောက်ကိုရီးယားက မန်ပိုမြို့တို့ကို ဆက်သွယ်ထားပြီး ၂၀၁၂ ခုနှစ်ကစတင်ပြီးလေးနှစ်ကြာတည်ဆောက်ခဲ့တာဖြစ်ပါတယ်။တံတားတည်ဆောက်တာ ၂၀၁၆ ခုနှစ်မှာပြီးဆုံးခဲ့ပေမယ့်လည်း ကုမသမဂ္ဂလုံခြုံရေးကောင်စီက မြောက်ကိုရီးယားအပေါ် အရေးယူပိတ်ဆို့မှုတွေ ချမှတ်ခဲ့တာကြောင့် ဖွင့်လှစ်နိုင်ခြင်းမရှိခဲ့ပါဘူး။ အခုနှစ်မှာတော့ ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေဟာ မြောက်ကိုရီးယားကို အသွားအပြန်လုပ်နေတဲ့ တရုတ်ခရီးသွားဘတ်စ်ကားတွေကို မတားဆီးနိုင်ဘဲ နယ်စပ်ဖြတ်သန်းသွားလာတာတွေကို ဖွင့်ပေးခဲ့တယ်လို့ ဘလွန်းဘာ့သတင်းဌာနက ဖော်ပြပါတယ်။ ပြီးပြည့်စုံတဲ့ အဆင့်မြင့် အကောက်ခွန်စစ်ဆေးရေးဂိတ်နဲ့အတူ စစ်ဆေးရေးဂိတ်က ခရီးသည်တင်ယာဉ်တွေနဲ့ ကုန်တင်ကားတွေဖြတ်သန်းသွားလာတာကို ခွင့်ပြုပေးလိမ့်မယ်ဆို့ ဆိုပါတယ်။ လွန်ခဲ့တဲ့ ၁၃ လအတွင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ဟာ တရုတ်နိုင်ငံကို လေးကြိမ်သွားရောက်ခဲ့ပြီး…

Read More

အိမ့်ချစ်ရဲ့ နှစ်သစ်ဆုတောင်းစကား

သင်းသဒ္ဒါ “အိမ့်ချစ်ဒီနှစ် သင်္ကြန်အတွက် အဖွဲ့လိုက် သီချင်းလေးတွေတော့ သီဆိုထားတယ်။သင်္ကြန်အတွက်သီးသန့် တစ်ကိုယ်တော်တော့ မထွက်တော့ပါဘူး။သင်္ကြန်သီချင်းတွေ အရမ်းများနေလို့ပါ။ကိုယ့် မြန်မာ့ရိုးရာအတာ သင်္ကြန်အတွက် ၇ ရက်သားသမီးပျော်ရွှင်အောင် သီချင်းတွေဖျော်ဖြေသွားမှာပါ။ငယ်ငယ် က သင်္ကြန်ဆိုရင် လျှောက်လည် ၊မဏ္ဍပ်တွေ လည်းထိုင်ဖူးပါတယ်။လမ်းထဲမှာ ရေတွေပက်ဖူးတယ်။အိမ့်ချစ် အသက် ၁၅ နှစ်အရွယ် ထဲကတောက်လျှောက် သီချင်းတွေ သီဆိုခဲ့ တာပါ။ သူများတွေ သင်္ကြန်လျှောက်လည်တာကို အိမ်ထဲကခေါင်းလေးထွက်ကြည့် ရတယ်။ကိုယ့်က ဖျော်ဖြေဖို့ အတွက်မိတ်ကပ်တွေပြင်ထားတော့ တိုက်ရိုက်ရိုက်ကူးထုတ်လွှင့်တော့ အိမ့်ချစ်ရုပ်က မလှမပပြီး ပါသွားဆိုး လို့လေ။သင်္ကြန်တွင်း ရေစိုခံလို့မရဘူး။ဘယ် သူတွေ့တွေ့ ရေမလောင်းနဲ့နော် ဆံပင်ကို မထိနဲ့နော် မိတ်ကပ်ကို မထိနဲ့နော်လို့ ပြောရတယ်။အဓိက နေပူတယ်ရေစိုရင် အိမ့်ချစ်တို့ အသံမထွက်တော့ဘူး။ရေသိပ်အစိုခံလို့ မရ ဘူးပေါ့။အင်းယား လမ်းလျှောက်သင်္ကြန် အပြင် နေရာစုံပေါ့ အိမ့်ချစ်ဆိုမယ့် မဏ္ဍပ်မှာမောင်လေး ဂျူနီယာချစ်ကောင်းနဲ့ အတူ သီချင်းတွေ ဆို…

Read More

နေတိုးရဲ့ နှစ်သစ်ဆုတောင်းစကား

သင်းသဒ္ဒါ “ကျွန်တော်ကတော့ ဒီနှစ်သင်္ကြန်မှာ အိမ်မှာဖြစ်ဖြစ် မဟုတ်ရင်တော့ Box .88 က သင်္ကြန်ကို ခွပြီး ကျန်နေတဲ့ ဇာတ်ဝင်ခန်းကို ရိုက်မှာဖြစ်တယ်။ဒါပေမယ့် သင်္ကြန်တွင်းမှာ အနုပညာဖန်းတီးမှုတော့ မလုပ်ပါဘူး။နှစ်သစ်မှာ ပရိသတ်တွေ လိုအင်ဆန္ဒတွေပြည့်စုံ ကျန်းမာပျော်ရွှင်ကြပါစေလို့ ပြောချင်ပါတယ်။” #voiceofmyanmar #နေတိုး #နှစ်သစ်

Read More

မေသန်းနုရဲ့ နှစ်သစ်ဆုတောင်းစကား

သင်းသဒ္ဒါ ” မဆင့်ကတော့ ဖိတ်ကြားတဲ့ ရေစကား မဏ္ဍပ်တွေမှာ သင်္ကြန်တွေ လိုက်ဆိုမယ် ကမယ်ပေါ့နော်။ နှစ်တိုင်းလည်း သင်္ကြန်ဆိုရင် သင်္ကြန်မိုးဇာတ်ကားတွေ ပြန်လွှင့်တယ်။ ဒီသီချင်းတွေပြန်လည် ကြားရတော့ မဆင့်တို့ ငယ်ဘဝကို ပြန်ရောက်သွားသလို ခံစားရတာပေါ့။သင်္ကြန်ရောက်တော့ အရင် ဇာတ်ကားတော်တော်များများ ရိုက်ကူးခဲ့တဲ့ နေ ရာဒေသတွေကို ပြန်ရောက်သလို ခံစားရပါတယ်။ နှစ်သစ်မှာ ပျော်ရွှင်စွာ ဘေးကင်းကင်း ဖြတ်သန်းနိုင်ပါစေ။” #voiceofmyanmar #မေသန်းနု #နှစ်သစ်ဆုတောင်း

Read More

စစ်ကိုင်းတိုင်းမှာ လေပြင်းကြောင့် ၁၇၀ ကျော် ပျက်စီး

  မုံရွာ ဧပြီ ၉-၂၀၁၉ မောင်တာရာ(VOM) စစ်ကိုင်းတိုင်းမှာ ဧပြီလ ၈ ရက်နေ့ ညနေ့ ပိုင်းအချိန်က စတင် တိုက်ခတ်ခဲ့တဲ့ လေပြင်းကြောင့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၇ မြို့နယ်က အိမ်ခြေ ၁၇၀ ကျော် ထိခိုက်ပျက်စီးခဲ့တယ်လို့ စစ်ကိုင်း တိုင်း ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ သိရပါတယ်။ လေပြင်းတိုက်ခတ်ခဲ့တဲ့ အတွက် ကန့်ဘလူမြို့နယ်မှာ အိမ်ခြေ ၄၅ လုံး၊၊မော်လိုက်မြို့နယ်မှာ အိမ်ခြေ ၃၄ လုံး၊ကနီမြို့နယ်မှာ နေအိမ် ၁၅ လုံး၊ယင်းမာပင် မြို့နယ်မှာ နေအိမ် ၂၂ လုံး။ကျွန်းလှ မြို့နယ်မှာ နေအိမ် ၃၄ လုံး ၊တန့်ဆည်မြို့နယ်မှာ နေအိမ် ၂၂ လုံး နဲ့ မင်းကင်းမြို့နယ်မှာ စာသင်ဆောင် တစ်ဆောင်တို့ အမိုးလန် ပျက်စီးခဲ့တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီးဘေးအန္တရာယ်ဆိုင်ရာ…

Read More
VOM News

FREE
VIEW