စစ်ကိုင်းတိုင်းမှာ လေပြင်းကြောင့် ၁၇၀ ကျော် ပျက်စီး

 

မုံရွာ ဧပြီ ၉-၂၀၁၉

မောင်တာရာ(VOM)

စစ်ကိုင်းတိုင်းမှာ ဧပြီလ ၈ ရက်နေ့ ညနေ့ ပိုင်းအချိန်က စတင် တိုက်ခတ်ခဲ့တဲ့ လေပြင်းကြောင့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၇ မြို့နယ်က အိမ်ခြေ ၁၇၀ ကျော် ထိခိုက်ပျက်စီးခဲ့တယ်လို့ စစ်ကိုင်း တိုင်း ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ သိရပါတယ်။

လေပြင်းတိုက်ခတ်ခဲ့တဲ့ အတွက် ကန့်ဘလူမြို့နယ်မှာ အိမ်ခြေ ၄၅ လုံး၊၊မော်လိုက်မြို့နယ်မှာ အိမ်ခြေ ၃၄ လုံး၊ကနီမြို့နယ်မှာ နေအိမ် ၁၅ လုံး၊ယင်းမာပင် မြို့နယ်မှာ နေအိမ် ၂၂ လုံး။ကျွန်းလှ မြို့နယ်မှာ နေအိမ် ၃၄ လုံး ၊တန့်ဆည်မြို့နယ်မှာ နေအိမ် ၂၂ လုံး နဲ့ မင်းကင်းမြို့နယ်မှာ စာသင်ဆောင် တစ်ဆောင်တို့ အမိုးလန် ပျက်စီးခဲ့တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီးဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစဝီလီဖရန့် ပြောပါတယ်။

ဒါအပြင် ကနီမြို့နယ် မှာ လူတစ်ဦး မိုးကြိုးစက်ကွင်း ထိမှန်မှုတဲ့ အတွက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မင်းကင်းမြို့နယ်မှာတော့ နွားတစ်ကောင် မိုးကြိုး ထိမှန်မှုတဲ့ အတွက် သေဆုံးမှု ဖြစ်ပေါ်ခဲ့ပါတယ်။ လေပြင်းတိုက်ခတ်တဲ့ အတွက် ပြိုကျပျက်စီးသွားတဲ့ နေအိမ်တွေကိုတော့ ကယ်ဆယ်ရေးပစ္စည်း ၁၀ မျိုးအပါအဝင် ကျပ်တစ်သိန်းထောက်ပံ ပေးခဲ့ပြီး ပျက်စီးသွားတဲ့ နေအိမ်တွေကိုတော့ အိမ်အမျိုးအစားကြည့်ပြီး ငွေကြေး နဲ့ ကယ်ဆယ်ရေးပစ္စည်းငါးမျိုးကို ထောက်ပံပေးခဲ့တယ်လို့ စစ်ကိုင်းတိုင်း ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစဝီလီဖရန့် က ပြောပါတယ်။

စစ်ကိုင်းတိုင်းမှာ အခုနှစ် ဖေဖော်ဝါရီလကနေ လက်ရှိအချိန်ထိ လေပြင်းကြောင့် လူနေအိမ် ၇၀၀ ခန့် ထိခိုက်ပျက်စီးမှု ဖြစ်ပေါ်ခဲ့ပြီး ထောက်ပံငွေ အနေနဲ့လည်း ကျပ်သိန်း ၄၀၀ ခန့် ထောက်ပံပေးခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #စစ်ကိုင်းတိုင်း #လေပြင်းတိုက်ခတ် #သဘာဝဘေး

Related posts

Leave a Comment

VOM News

FREE
VIEW