နွေရာသီ အပူဒဏ်သက်သာစေဖို့ နေပူခံအမိုးတွေ မန္တလေးမြို့က မီးပွိုင့်တချို့မှာ ပြုလုပ်ပေးနေ

မန္တလေး၊ ဧပြီ ၂၃-၂၀၁၉ ဟိန်းကို(VOM)   မန္တလေးမြို့မှာ နေ့အပူချိန် မြှင့်တက်နေချိန် ယာဉ်အသုံးပြုသူတွေ ရာသီဥတု အပူဒဏ်သက်သာစေဖို့ ရည်ရွယ်ပြီး မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က နေအပူဒဏ်ကာကွယ်တဲ့ အမိုးတွေ မီးပွိုင့် အချို့မှာ တပ်ဆင်ပေးနေပြီ ဖြစ်ပါတယ်။   မန္တလေးမြို့ရဲ့ ပုံမှန်နေ့အပူချိန်က တစ်နေ့ထက် တစ်နေ့ ပိုများလာခဲ့ပြီး သင်္ကြန်အတက်နေ့က နေ့အပူချိန် ၄၂ ဒဿမ ၅ ဒီဂရီစင်တီဂရိတ်ဝန်းကျင်ထိ ရောက်ရှိလာခဲ့ပါတယ်။   “အခု ရာသီဥတုအပူချိန်က ၄၃ ဒီဂရီထိ ရောက်လာတော့ စပြီး စဉ်းစားရပြီ၊ မနေ့ကမှ အစည်းအဝေးထိုင်ပြီး လုပ်ဖြစ်တာပါ၊ ပထမဆုံး စမ်းသပ်ဆောင်ရွက်တာအလှူရှင်က Propose လုပ်တဲ့အတွက် စမ်းသပ်ဆောင်ရွက်တာပါ ” လို့ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ပြောပါတယ်။   တပ်ဆင်ပေးမယ့် နေအပူဒဏ်ကာကွယ်တဲ့ အမိုးတွေကို နွေရာသီကာလ နေ့အပူချိန်မြှင့်တက်နေချိန်မှာ…

Read More

ရခိုင်ပြည်နယ် စစ်ရေးပဋိပက္ခဖြေရှင်းပေးဖို့ ရခိုင်ပြည်လုံးဆိုင်ရာ လူမှုအဖွဲ့အစည်းများမိတ်ဖက်အဖွဲ့က ကြေညာချက်ထုတ်

စစ်တွေ၊ ဧပြီ ၂၃-၂၀၁၉ ခိုင်လင်းစံ (VOM)   မြန်မာ့တပ်မတော်နဲ့ AA တို့အကြား ရခိုင်ပြည်နယ်အတွင်းမှာဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေနဲ့သတ်သက်လို့ အမြန်ဆုံးဖြေရှင်းပေးဖို့နဲ့ စစ်ဘေးရှောင်တွေကို အစိုးရက အကူအညီတွေပေးဖို့အတွက် ရခိုင်ပြည်လုံးဆိုင်ရာ လူမှုအဖွဲ့အစည်းများမိတ်ဖက်အဖွဲ့က ဒီကနေ့ ဧပြီလ ၂၃ ရက်နေ့မှာ ကြေညာချက်တစ်စောင်ကိုထုတ်ပြန်လိုက်ပါတယ်။   အဲ့ဒီကြေညာချက်ကို ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်းပေါင်း ၂၇၅ ဖွဲ့တို့က တစ်စုတစ်စည်းတည်း ထုတ်ပြန်တာဖြစ်ပြီး အချက်ငါးချက်ကို တောင်းဆိုထားတာဖြစ်ပါတယ်။   “အပစ်ခတ်ရပ်စဲထားတာ ၄ လပြည့်ပြီ။ ရပ်စဲထားတဲ့ကာလအတွင်းမှာလည်းပဲ ရခိုင်ပြည်နယ်ဟာ စစ်ဖြစ်နေတယ်။ ဒါကြောင့် ထိခိုက်နစ်နာမှုတွေရှိခဲ့တယ်။ ဒီပြဿနာဟာ စစ်ရေးအရဖြေရှင်းလို့မရနိုင်တဲ့အတွက် အပစ်ခတ်ရပ်စဲပြီးတော့ ငြိမ်းချမ်းရေးဆွေးနွေးကြဖို့အတွက် တိုက်တွန်းထားတာဖြစ်ပါတယ်။”လို့ ဝံလက် ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်းမှ ဒါရိုက်တာ ဦးခိုင်ကောင်းစံကပြောပါတယ်။   ဒါ့အပြင် လက်ရှိမှာ ရခိုင်ပြည်နယ်အတွင်းက စစ်ဘေးရှောင်တွေကိုလည်း ထောက်ပံ့ကူညီပေးမှုတွေမှာ အစိုးရဘက်က ပိုမိုလုပ်ဆောင်ကြဖို့နဲ့ အဲ့ဒီလူတွေ လူ့ဂုဏ်သိက္ခာရှိစွာနေထိုင်နိုင်ရေးအတွက်…

Read More

ဒီဇိုင်နာမျိုးမင်းစိုးရယ်လို့ ဘယ်လိုဖြစ်လာသလဲ

နာမည်ကြီးဒီဇိုင်နာ မျိုးမင်းစိုးနဲ့ အင်တာဗျူး ဒီဇိုင်နာမျိုးမင်းစိုးကို Voice Of Myanmar က တွေ့ဆုံမေးမြန်းတဲ့အခါမှာ သူက နာမည်ကြီးတွေရဲ့ ဝတ်စုံတွေကို ဖန်တီးဖူးပေမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ဝတ်စုံကို မလုပ်ဘူးသေးလို့ ဖန်တီးပေးချင်တယ်ဆိုတာအပါအဝင် ခုသီတင်းကျွတ်ရာသီမှာ မျိုးမင်းစိုး ဘာတွေဖန်တီးထားသလဲ ဒီဇိုင်နာမျိုးမင်းစိုးဆိုတဲ့နာမည်တလုံးကို ဘယ်လိုရအောင်ကြိုးစားခဲ့ရသလဲဆိုတာ အပြည့်အစုံ ရှုစားနိုင်ပါပြီ။ ၂၀၁၈ အောက်တိုဘာလဆန်းက ဗီအိုအမ်နဲ့ ကိုမျိုးမင်းစိုး အင်တာဗျူးကို ပြန်လည်တင်ပြခြင်းဖြစ်ပါတယ်။ #voiceofmyanmar #ဒီဇိုင်နာမျိုးမင်းစိုး

Read More

မလှိုင်မြို့နယ်မှာ အပူပိုင်းစိမ်းလန်းစိုပြေရေးဦးစီးဌာနက လုပ်နေတဲ့ စီမံကိန်းဟာ ဒေသခံတွေမြေတွေပေါ် ကျူးကျော်တယ်ဆိုပြီး ဒေသခံမြေပိုင်ရှင်တွေ ကန့်ကွက် တားမြစ်

မလှိုင် ဧပြီ ၂၃-၂၀၁၉ နေလင်း ( VOM) မန္တလေးတိုင်း မိတ္ထိလာခရိုင် မလှိုင်မြို့နယ်မှာ မလှိုင်စိမ်းလန်းစိုပြည်ရေးဦးစီးဌာရဲ့ ယူကလစ်စိုက်ခင်းအတွက် ဧက ၁၀၀ နဲ့ မန္တလေးတိုင်း စိမ်းလန်းစိုပြည်ရေးဦးစီးဌာနက ဧက ၁၇၀ လုပ်ကိုင်နေတာဟာ ဒေသခံတွေရဲ့ မိရိုးဖလာ လုပ်ကိုင်တဲ့မြေတွေဖြစ်နေတာမို့ ဒေသခံမြေပိုင်ရှင် ၂၀ ကျော်က ဒီကနေ့မနက်ပိုင်းမှာ တားမြစ်ပြီး လုပ်ငန်းတွေကို ရပ်ဆိုင်းစေခဲ့ပါတယ်။ မလှိုင်မြို့နယ် ဘဏ္ဍာစိုးရွာနဲ့ ညောင်ပင်သာရွာက ဒေသခံတွေပိုင်တဲ့ မြေဧက ၁၀၀ ကို မနှစ် ၂၀၁၈ ခုနှစ်က မလှိုင်စိမ်းလန်းစိုပြည်ရေးဦးစီးဌာနက ယူကလစ်တွေစိုက်ပျိုးခဲ့သလို ဒီနှစ်ပိုင်းမှာ အာရှဖွံ့ဖြိုးရေးဘဏ်နဲ့ အစိုးရပူးပေါင်းလုပ်တဲ့ စိမ်းလန်းစိုပြေရေးစီမံကိန်းက ဧက ၁၇၀ကို လျော်ကြေး နစ်နာကြေးမပေးပဲ သိမ်းယူလို့ ဆိုပြီး ဒေသခံတွေ့ ကန့်ကွက်ကြတာဖြစ်ပါတယ်။ ဒီကိစ္စ နိုင်ငံတော်အဆင့်နဲ့ သက်ဆိုင်ရာကို တင်ပြပေမယ့် အရေးတယူဆောင်ရွက်ပေးတာမရှိလို့ ဒေသခံတွေကိုယ်တိုင် စီမံကိန်းလုပ်ငန်းခွင်ကိုဝင်ရောက်…

Read More

Dog Bite Center ရန်ကုန်က ဆေးရုံကြီး ၄ခုမှာ ဖွင့်မယ်

ရန်ကုန် ၊ ဧပြီ  ၂၃-၂၀၁၉ TGH(VOM)   မြန်မာတစ်နိုင်ငံလုံး  ခွေးကိုက်ခံရမှုစာရင်းတွေအရ အများဆုံးဖြစ်နေတဲ့  ရန်ကုန်တိုင်းမှာ ခွေးကိုက်ခံရတဲ့လူနာတွေကို ကုသပေးမယ့် Dog Bite Center ကို ဆေးရုံကြီး လေးခုမှာ မေလ အကုန်စတင်ဖွင့်လှစ်သွား မယ်လို့ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာထွန်းတင်က ပြောပါတယ်။   ” တိုင်းနဲ့ပြည်နယ် အားလုံးကနေ တင်ပြလာတဲ့ သတင်းအချက်အလက်တွေအရ ခွေးကိုက်ခံရမှုအများဆုံးက ရန်ကုန်နဲ့ မန္တလေးဖြစ်တယ်။ ဒါကြောင့် ဒီနေရာတွေကို အရင်းဆုံးစတင်မယ်။ လက်ရှိမှာလည်း ပြင်ဆင်မှုတွေလုပ်နေတယ်။ ဒီလို ခွေးကိုက်ခံရတဲ့လူနာတွေအတွက် ကုသရေးဌာန ဖွင့်လှစ်တာက ခုလုပ်နေတဲ့ လုပ်ငန်းတွေကိုပိုပြီး ထိထိရောက်ရောက်လုပ်ဆောင်ဖို့နဲ့ ဆေးအလေအလွင့်တွေမရှိအောင် ထိန်းသိန်းနိုင်ဖို့ဖြစ်ပါတယ်။ ရန်ကုန်မှာ ဖွင့်တာနဲ့ တစ်ပြိုင်တည်းပဲ မန္တလေးမှာလည်း ဖွင့်ဖို့ကိုလုပ်နေတယ်” လိှု့ ညွှန်ကြားရေးမှူး ဒေါက်တာထွန်းတင်ကဆိုပါတယ်။ ရန်ကုန်တိုင်းထဲမှာ လူနာတွေသွားလာရလွယ်ကူမယ့် နေရာတွေကို…

Read More

ရိုဟင်ဂျာတွေကို ဆက်လက်ကူညီရေး ကုလထိပ်တန်းတာဝန်ရှိသူသုံးဦး ဘင်္ဂလားဒေ့ရှ်သွားမယ်

  နယူးယောက်၊ ဧပြီ-၂၃-၂၀၁၉ မျိုးဆက်(VOM) မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကိုထွက်ပြေးသွားတဲ့ ရိုဟင်ဂျာတွေကို ကူညီမှုတွေပေးနေတဲ့ ကုလသမဂ္ဂအေဂျင်စီသုံးခုက ထိပ်တန်းတာဝန်ရှိသူသုံးဦးဟာ ကော့ဘဇားဒေသက ရိုဟင်ဂျာတွေနဲ့ တွေ့ဆုံဖို့အတွက် လာမယ့်အပတ်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သွားရောက်မှာဖြစ်တယ်လို့ ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဧပြီ ၂၂ ရက်မှာ ပြောပါတယ်။ သူတို့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့မှာ ၀န်ကြီးချုပ် ရှိတ်ဟာစီနာ၊ နိုင်ငံခြားရေးဝန်ကြီး အေကေအဗ္ဗဒူမိုမန်တို့နဲ့ တွေ့ဆုံပြီး ရိုဟင်ဂျာတွေကို လက်ခံထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို နိုင်ငံတကာ အသိုင်းအ၀ိုင်းက နောက်ထပ်ထောက်ပံ့ကူညီမှုတွေအတွက် နည်းလမ်းတွေရှာဖွေဖို့ ဆွေးနွေးကြမယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတာရက်စ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ စတီဖင်ဒူဂျာရစ်က ပြောပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သွားရောက်မယ့် သူတွေကတော့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဖိလစ်ပိုဂရန်ဒီ၊ နိုင်ငံတကာရွှေ့ပြောင်းအခြေချသူများဆိုင်ရာအဖွဲ့ အကြီးအကဲ အန်တိုနီယိုဗစ်တိုရီနို နဲ့ လူသားချင်းစာနာမှုဆိုင်ရာ ဌာနရဲ့ လက်ထောက်ဖြစ်သူ မာ့ခ်လိုကွတ်တို့ဖြစ်ကြတယ်လို့ ဒူဂျာရစ်က ဆိုပါတယ်။…

Read More

စစ်ကိုင်းက ဘုန်းကြီးကျောင်းနဲ့သီလရှင်ချောင်အချို့ ရေအခက်အခဲဖြစ်ပေါ်နေ

စစ်ကိုင်း၊ဧပြီ ၂၃-၂၀၁၉ စစ်ကိုင်းတောင်ရိုးမှာ သီတင်းသုံးနေထိုင်ကြတဲ့ ဘုန်းကြီးကျောင်းတိုက် နဲ့ သီလရှင်ချောင် အချို့ လက်ရှိမှာ သောက်သုံးရေရှားပါးမှုအခက်အခဲကြုံတွေ့နေရပါတယ်။ စစ်ကိုင်းတောင်မြောက်ပိုင်း၊သောတာပန်ရပ်ကွက်အုပ်စု၊ထွဋ်ခေါင်ရပ်ရှိ သီတင်သုံးနေထိုင်ကြတဲ့ ဘုန်းကြီးကျောင်းတိုက်အချို့နဲ့ သီလရှင်ချောင်အချို့မှာ နွေရာသီရောက်တိုင်းသောက်သုံးရေရှားပါးမှုအခက်အခဲတွေကိုရင်ဆိုင်ရနေရပြီး အခုနှစ် လက်ရှိနွေကာလမှာလည်း ရေအခက်အခဲ ဖြစ်နေတဲ့ အတွက် ရေကားတွေဆီကနေ ဝယ်ယူသုံးစွဲနေရပါတယ်။ #voiceofmyanmar #စစ်ကိုင်း #သောက်သုံးရေ #ဘုန်းကြီးကျောင်း

Read More

တရုတ်နိုင်ငံကို အလုပ်သွားလုပ်ပြီး အဆင်မပြေလို့ ပြန်ရောက်လာတဲ့ ရွှေ့ပြောင်းလုပ်သားတွေကို စစ်ကိုင်းတိုင်းအစိုးရ တွေ့ဆုံထောက်ပံ့

မုံရွာ ဧပြီ ၂၃-၂၀၁၉ ဗျဂ္ဃ (VOM)   စစ်ကိုင်းတိုင်း ကနီမြို့နယ်၊ ဘုတလင်မြို့နယ်၊ ဒီပဲယင်းမြို့နယ်တွေကနေ လူခေါ်ပွဲစားတွေကတဆင့် တရုတ်နိုင်ငံကို တရားမဝင်သွားရောက် အလုပ်လုပ်ကိုင်နေတဲ့ အလုပ်သမား ၂၃ ယောက်ဟာ ဧပြီလ ၂၃ ရက်နေ့ မနက်အစောပိုင်းမှာပဲ မုံရွာမြို့ကို ပြန်လည်ရောက်ရှိခဲ့ပါတယ်။ ရောက်ရှိလာတဲ့ ၂၃ ယောက်ကို စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း၊ နယ်လုံဝန်ကြီး ဗိုလ်မှုးကြီး သန်းထွန်းအောင်နှ၊ စည်ပင်ဝန်ကြီး ဦးမြင့်ကြည်နှင့် တိုင်းအဆင့် ဌာနဆိုင်ရာတွေက မုံရွာမြို့ ပြည်သူ့အားကစားကွင်းမှာ လာရောက်တွေ့ဆုံ အားပေးခဲ့ပါတယ်။   ဒါ့အပြင် တိုင်းအစိုးက ၁ ဦးကို ၁ သိန်းကျပ်စီ၊ လူမှုဝန်ထမ်းက ၂၄၀၀၀ ကျပ်နှင့် စားစရာ၊ အဝတ်အထည်တွေကိုလည်း ထောက်ပံ့ပေးအပ်ခဲ့တဲ့အပြင် ကျန်းမာရေးစောင့်ရှောက်မှုလည်း ပြုလုပ်ပေးခဲ့ပြီး မြို့နယ်ထွေအုပ်ကတဆင့် နေရပ်အသီးသီးကို ပြန်လည် ပို့ဆောင်ပေးခဲ့တာပါ။…

Read More

စစ်ရှောင်စခန်းသုံးခု ရေပြတ်တောက်မှု အဆိုးရွာဆုံးဖြစ်နေ

  စစ်တွေ၊ ဧပြီ ၂၃-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ကျောက်တော်မြို့နယ်မှာရှိတဲ့ စစ်ဘေးရှောင်ကယ်ဆယ်ရေးခစန်းတွေမှာ  သောက်သုံးရေပြတ်လပ်မှု ပြဿနာနဲ့ ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။ အဲ့ဒီကယ်ဆယ်ရေးစခန်းတွေမှာရှိတဲ့ စစ်ဘေးရှောင်တွေမှာ အရင်က ကျေးရွာသားတွအသုံးပြုနေကြတဲ့ ကျေးရွာရေကန်ကရေကို မှီခိုအသုံးပြုနေကြတာဖြစ်ပြီး အခုရေပြတ်လပ်ချိန်မှာ ကျေးရွာသားတွေပါ အခက်အခဲဖြစ်နေကြ တာဖြစ်ပါတယ်။ “ရေပြတ်တဲ့စခန်းတွေကိုတော့ ရေလှူပေးနေပါတယ်။ကျွန်တော်တို့မှာကလည်း အဖွဲ့အစည်းကြီးမဟုတ်တော့ အင်အားနည်းတယ်။ အင်တိုက်အားတိုက်မလုပ်နိုင်ဘူး။ လောလောဆယ်မှာတော့ ပုဏ္ဏားကျွန်းမြို့နယ်က စခန်းတွေကိုလှူနေပါတယ်။ မကြာခင်မှာ ပဲသဒူစခန်းကို သွားလှူဖို့ရှိပါတယ်။”လို့ ရေလှူနေတဲ့အဖွဲ့က ဦးငြိမ်းချမ်းကျော်ကပြောပါတယ်။ လက်ရှိမှာ ရေပြတ်လပ်ပြီးတော့ အခက်အခဲဖြစ်နေတဲ့စခန်းသုံးခုရှိနေပြီး အဲ့ဒီစခန်းတွေကတော့ ပုဏ္ဏားကျွန်းမြို့နယ်ကအထက်မြတ်လေး၊ အောက်မြတ်လေး၊ ရသေ့တောင်မြို့နယ်က ပဲသဒူစခန်းတွေဖြစ်ပြီးတော့ ကျောက်တော်မြို့နယ်က တောင်မင်းကုလားစခန်းမှာလည်း ရေခမ်းခြောက်နေတဲ့အတွက် ဝါးတောင်ကျေးရွာနားမှာရှိတဲ့ ရေကန်က ရေကို အသုံးပြုနေကြရတယ်လို့ ကျေးရွာ ရာအိမ်မှူးက ဆိုပါတယ်။ “ပုဏ္ဏားကျွန်းမြို့နယ်ကစခန်းတွေမှာ တော်တော်လေးဆိုးရွားပါတယ်။ ရေတစ်လုံးရဖို့အတွက် တစ်နာရီလောက် တောထဲကိုလမ်းလျှောက်ပြီးသွားရတယ်။ မြောင်ထဲကရေကိုသောက်သုံးနေရတာ။…

Read More

ဖားကန့် နွံကန်ပြိုမှုမှာ သေဆုံးသူစုစုပေါင်း ၅၄ ဦးနဲ့ စက်ယန္တရား အစီး ၄၀ ဆုံးရှုံး

ဧပြီ ၂၃-၂၀၁၉ သစ်တော် (VOM) ဖားကန့် မြို့နယ် ဗလခရွာထိပ်အနီး နွံကန်ပြိုကျမှုဖြစ်ပွားခဲ့တာကြောင့် သေဆုံးသူစုစုပေါင်း ၅၄ ဦးနဲ့ စက်ယန္တရား အစီး ၄၀ ဆုံးရှုံးခဲ့တယ်လို့ ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က (VOM) ကိုပြောပါတယ်။ ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင့်စိုးပြောပြတာကတော့ ”ဖြစ်တာက ဒီနေ့မနက် ၁၂ နာရီ မိနစ် ၂၀ချိန်မှာဖြစ်တယ်ဖြစ်စဉ်ကအဲ့ဒီလုပ်နေတဲ့လုပ်ကွက်နားလေးကကျင်းကအစောက်ထဲရောက်နေတာ အပေါ်မှာအနက်ပေ ၁၀၀ အကျယ်က ၅ ဧကလောက် ရှိတဲ့နွံကန်ကြီးရှိနေတာပေါ့ သူတို့ကျင်းကအောက်ဖက်ကိ်ုရောက်နေတဲ့အခါအဲ့ဒီ နွံကန်ကြီးကပေါက်ကျပီး နွံတွေနဲ့လုပ်ငန်းလုပ်နေတဲ့ မြေယန္တရားတွေပေါ် ကျလာတဲ့အခါ လူတွေရော စက်တွေပါဆုံးရှုံးရတဲ့အနေအထားပေါ့ ကန်ပြိုမှုမှာ သေဆုံးသူစုစုပေါင်း ၅၄ ဦးနဲ့ စက်ယန္တရား အစီး ၄၀ ဆုံးရှုံး ခဲ့ပါတယ်လို့” သူကပြောပါတယ်။ ဒီလူသေဆုံးမှုနဲ့ စက်ယန္တရားတွေဆုံးရှုံးမှုတွေဟာ အဲ့ဒီလုပ်ကွက်မှာလုပ်နေတဲ့နဂါးကိုးကောင်ကုမ္ပဏီနဲ့မြန်မာသူရ ကုမ္ပဏီ တို့ဖြစ်ပြီး နှစ်ခုပေါင်းဆုံးရှုံးခဲ့တာဖြစ်ပါတယ် နစ်မြုပ်ဆုံးရှုံးခဲ့တဲ့စက်တွေကတော့…

Read More
VOM News

FREE
VIEW