စစ်ကိုင်းက ဘုန်းကြီးကျောင်းနဲ့သီလရှင်ချောင်အချို့ ရေအခက်အခဲဖြစ်ပေါ်နေ

စစ်ကိုင်း၊ဧပြီ ၂၃-၂၀၁၉

စစ်ကိုင်းတောင်ရိုးမှာ သီတင်းသုံးနေထိုင်ကြတဲ့ ဘုန်းကြီးကျောင်းတိုက် နဲ့ သီလရှင်ချောင် အချို့ လက်ရှိမှာ သောက်သုံးရေရှားပါးမှုအခက်အခဲကြုံတွေ့နေရပါတယ်။ စစ်ကိုင်းတောင်မြောက်ပိုင်း၊သောတာပန်ရပ်ကွက်အုပ်စု၊ထွဋ်ခေါင်ရပ်ရှိ သီတင်သုံးနေထိုင်ကြတဲ့ ဘုန်းကြီးကျောင်းတိုက်အချို့နဲ့ သီလရှင်ချောင်အချို့မှာ နွေရာသီရောက်တိုင်းသောက်သုံးရေရှားပါးမှုအခက်အခဲတွေကိုရင်ဆိုင်ရနေရပြီး အခုနှစ် လက်ရှိနွေကာလမှာလည်း ရေအခက်အခဲ ဖြစ်နေတဲ့ အတွက် ရေကားတွေဆီကနေ ဝယ်ယူသုံးစွဲနေရပါတယ်။

#voiceofmyanmar #စစ်ကိုင်း #သောက်သုံးရေ #ဘုန်းကြီးကျောင်း

Related posts

Leave a Comment

VOM News

FREE
VIEW